စီးပွားရေး

စွမ်းဆောင်ရည်ဦးစားပေး ပုံစံနဲ့ ပွဲထွက်လာတဲ့ 2017 ထုတ် Lexus GS F

Want create site? Find Free WordPress Themes and plugins.

မော်ဒယ်က Toyota ရဲ့ ဇိမ်ခံအမှတ်တံဆိပ် Lexus ကနေ ထုတ်လုပ်လာတဲ့ မော်ဒယ်ပါ။ ဈေးနှုန်းချိုချိုနဲ့ ရနိုင်အောင် ဖန် တီးထားတယ်၊ စွမ်းဆောင်ရည် အထူးကောင်းမွန်ပြီး ပြိုင်ဘက်လို့ သတ်မှတ်နိုင်မယ့် Cadillacနဲ့ Audiရဲ့ မော်ဒယ်တွေ ထက် ဈေးချိုပါတယ်။

စွမ်းဆောင်ရည်ပိုင်း အထူးကောင်းမွန်တယ်ဆိုတာကလည်း အင်ဂျင်စနစ်မှာက အကြီးစားကို ထိုင်ထားပြီး မော်ဒယ်မှာ ၅.၀ လီတာသုံး V8 အင်ဂျင်ကို တပ်ဆင်ထားပြီး တခြား Lexus ထုတ် မော်ဒယ်တွေဖြစ်တဲ့ RC Fနဲ့ LC 500 တွေမှာ သုံးတဲ့ အင် ဂျင်စနစ်နဲ့ ဆင်တူတာ တွေ့ရပါတယ်။

မော်ဒယ်က ရုန်းအား ၃၈၉ ပေါင်-ပေပဲ ရှိပေမယ့် စွမ်းအင်ပိုင်းမှာတော့ မြင်းကောင်ရေ ၄၆၇ ကောင်အားထိအောင် ထုတ်လုပ် ပေးနိုင်မှာ ဖြစ်ပါတယ်။

ရုန်းအားယူစနစ်မှာ ရွေးချယ်နိုင်စရာ မရှိဘဲ နောက်ဘီးယက်စနစ် တမျိုးတည်း လာသလို ဂီယာပိုင်းမှာလည်း ၈ချက် Auto တမျိုးတည်း ရနိုင်ပါတယ်။ ဘရိတ်ပိုင်းမှာ ရှေ့ဘက် Rotor ကို ၁၄.၉လက်မ အရွယ် တပ်ဆင်ထားပြီး နောက်ဘီးမှာတော့ ၁၃.၅လက်မ အရွယ် တပ်ဆင်ထားတာ တွေ့ရပါတယ်။

Suspension စနစ်မှာ ထူးခြားချက်အနေနဲ့ လမ်းကြောင်း အနေအထားအပေါ်ကို မူတည်ပြီး အလိုက်သင့် ပြောင်းလဲမယ့် ပုံစံ ဖြစ်လာပါတယ်။

ဆီစားနှုန်းပိုင်းမှာ မြို့တွင်းလမ်းတွေအတွက် တဂါလံကို ၁၆မိုင်၊ အဝေးပြေးလမ်းတွေပေါ်မှာ ၂၄ မိုင်နဲ့ ပျမ်းမျှ ပြန်တွက်ရင် ၁၉ မိုင်လောက် စီးနင်းနိုင်ပါတယ်။

မော်ဒယ်က စွမ်းဆောင်ရည်ပိုင်းမှာ တနာရီ မိုင် ၆၀နှုန်းကို အချိန် ၄.၅စက္ကန့်နဲ့ ရောက်အောင် မောင်းနှင်နိုင်ပြီး အရင်နှစ် မော် ဒယ်ထက်စာရင် စွမ်းဆောင်ရည် တိုးတက်ကောင်းမွန်လာပေမယ့် ပြိုင်ဘက်မော်ဒယ်တွေထက်တော့ မမြန်သေးပါ ဘူး။

ကားရဲ့အလေးချိန်က ပေါင် ၄၀၃၄ ပေါင် ထိအောင် လေးပြီး တာထွက် အားနည်းစေချင်ပေမယ့် လက်ကိုင်ပိုင်းမှာတော့ ကိုယ် ထည်ရဲ့တည်ငြိမ်မှုက လက်ကိုင်စနစ်ကို ကွေ့လမ်းကြောင်းတွေမှာ တည်ငြိမ်မှု အကောင်းဆုံး ထောက်ပံ့ပေးနိုင်လာတာ တွေ့ ရပါတယ်။

မော်ဒယ်က ဈေးနှုန်း အပိုင်းမှာ ဒေါ်လာ ၈၄၉၁၅နဲ့ ရောင်းချနေတာ ဖြစ်လို့ တန်းတူ မော်ဒယ်တွေထက် ဈေးချိုပေမယ့် စွမ်း ဆောင်ရည်မြင့် မော်ဒယ်အနေနဲ့ အကောင်းဆုံး လိုချင်တယ် ဆိုရင်တော့ နောက်ထပ် အဆင့်မြှင့်စရာလေးတွေရှိနေသေး တယ်လို့ ထင်မိပါတယ်။

Lexus GS F အမျိုးအစားကား ရှေ့ခန်းပိုင်း

Mark Levinson အသံစနစ်ကို ထပ်ထည့်လိုက်ရင် ပိုကောင်းမယ်၊ သူ့အတွက် ဒေါ်လာ ၁၃၈၀ လောက် ကုန်မယ်၊ ၁၉ လက် မဘီးတွေနဲ့ဆိုရင် လမ်းကြောင်းစုံ မောင်းနှင်လို့ ပိုကောင်းမယ်၊ Spoke ဆယ်ချောင်းထောက် ပုံစံ Alloy သားတွေနဲ့ဆိုရင် ဒေါ်လာ ၆၀၀လောက် ထပ်ကျမယ်။

ဒါဆိုရင် နောက်ထပ် အဆင့်မြှင့်မှုတွေအတွက်နဲ့ ကုန်ကျစရိတ်က ဒေါ်လာ ၈၆၈၉၅ လောက် သွားပါလိမ့်မယ်။ ဒါပေမယ့် မောင်းနှင်မှု အရသာရော ဇိမ်ခံ မော်ဒယ်အဖြစ်နဲ့ပါ စိတ်ကျေနပ်မှု အပြည့်ပေးပါလိမ့်မယ်။

ဈေးကွက်ထဲမှာတော့ ပြိုင်ဘက်အနေနဲ့ ရှိနေတဲ့ Cadillac CTS-Vက တနာရီ မိုင် ၆၀နှုန်းကို အချိန် ၃.၇စက္ကန့်နဲ့ ရောက်နိုင် လို့ စွမ်းဆောင်ရည် အကောင်းဆုံးမော်ဒယ်အဖြစ် ရှိနေမှာပါ။ ပြီးတော့ ဒီမော်ဒယ်က တနာရီ မိုင် ၂၀၀လောက်ထိအောင် အ မြန်ဆုံး မောင်းနှင်နိုင်မှာပါ။

နောက်ထပ် ပြိုင်ဘက်မော်ဒယ် ဖြစ်တဲ့ Audi S6 ကလည်း GS F နဲ့စာရင် နည်းနည်း ပိုမြန်နေသေးပြီး ၄.၅ စက္ကန့်နဲ့ မိုင် ၆၀ နှုန်းတင်နိုင်မှာပါ။ ဒါပေမယ့် S6 ကတော့ အခု GS F ထက် ဈေးနှုန်း ဒေါ်လာ ၁၃၀၀၀လောက် ပိုနေလို့ ဈေးများလွန်းနေသ လိုပါ။

စွမ်းဆောင်ရည် သိပ်မကွာပေမယ့် အရည်အသွေးလည်း စိတ်ချရမယ်၊ ဈေးလည်း သင့်တင့်နဲ့နှုန်း ရချင်တယ်ဆိုရင်တော့ အခု GS F က အကောင်းဆုံး မော်ဒယ်တခုဖြစ်မယ်လို့ ယူဆမိပြီး စွမ်းဆောင်ရည် ဦးစားပေးအတွက် သီးသန့်ပဲ လိုချင်တယ်ဆို ရင်တော့ CTS-Vနဲ့ အတူ စဉ်းစားရဖို့ ရှိပါတယ်။

Ref: www.cars.com

Did you find apk for android? You can find new Free Android Games and apps.
Loading