အင်္ဂလန်အခြေစိုက် နာမည်ကျော် ကားကုမ္ပဏီတွေ အများအပြားရှိတဲ့ အထဲက Aston Martin ကတော့ သူ့ရဲ့မော်ဒယ်နဲ့ ပတ် သက်ပြီး ဂုဏ်ယူနိုင်လောက်အောင် စံချိန်သစ်တခု တင်လာနိုင်တာတွေ့ရပါတယ်။
လူသိများကြတာကတော့ ၁၉၁၄ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ DB5 Sedanဆိုရင် ဂျမ်းစဘွန်းဇာတ်ကားတခု ဖြစ်တဲ့ Goldfinger မှာ အသုံးပြုသွားခဲ့တယ်။ ပြီးတော့ ၂၀၁၀ကနေ ၂၀၁၂ခုနှစ်အတွင်း အရေအတွက် အကန့်အသတ်နဲ့ပဲ ထုတ်လုပ်ခဲ့တဲ့ One- 77 တွေလည်း ဖြစ်ချင်ဖြစ်မယ်။
ဒါပေမယ့် အဲဒီလို လူသိများတဲ့မော်ဒယ်တွေကို ကျော်တက်ပြီး အခုတော့ ၁၉၅၆ခုနှစ်ထုတ် DBR1 မော်ဒယ်က Aston Martin ထုတ် မော်ဒယ်တွေ အားလုံးထဲမှာရော အင်္ဂလန်အခြေစိုက် ကားကုမ္ပဏီတွေကနေ ထုတ်လုပ်သမျှ မော်ဒယ်တွေထဲ မှာပါ တန်ဖိုးအမြင့်ဆုံး မော်ဒယ်အဖြစ် ရပ်တည်လာနိုင်တာတွေ့ရပါတယ်။
အခုမော်ဒယ် DBR1ကို ပြီးခဲ့တဲ့ သတင်းပတ်ထဲက နှစ်စဉ်ကျင်းပလေ့ရှိတဲ့ Monterey Car Week လေလံပွဲမှာ အမေရိကန် ဒေါ်လာ ၂၂.၅သန်းနဲ့ လေလံအောင် ရောင်းချနိုင်ခဲ့တာကြောင့် ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးကားတွေထဲက တစီးအဖြစ် ရပ်တည် လာနိုင်ခဲ့သလို အင်္ဂလန်ထုတ်ကားတွေထဲမှာ တန်ဖိုးအမြင့်ဆုံးမော်ဒယ်အဖြစ် စံချိန်တင်နိုင်လိုက်တာ ဖြစ်ပါတယ်။
Aston Martin ထုတ် မော်ဒယ်တွေထဲမှာ ပထမဆုံးနာမည်ကျော် ကားမောင်းပြိုင်ပွဲ 24 Hours LeMans မှာ ပါဝင်နိုင်ခဲ့တဲ့ မော်ဒယ်လည်း ဖြစ်သလို အဆိုပါ ပြိုင်ပွဲမှာ ၁၉၅၉ခုနှစ်အတွက် အခုမော်ဒယ်နဲ့ ဗိုလ်စွဲခဲ့တာလည်း ဖြစ်ပါတယ်။
ဒါအပြင် အဆိုပါ နှစ်မှာပဲ နာမည်ကျော် အခြားကားပြိုင်ပွဲတခု ဖြစ်တဲ့ Nurburgring ကီလိုမီတာ ၁၀၀၀ ပြိုင်ပွဲမှာလည်း တ နှစ်တည်း နှစ်နေရာဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။
ရှေ့ပိုင်းမှာ ကားမောင်းပြိုင်ပွဲတွေအတွက်ပဲ ထုတ်လုပ်ခဲ့ပေမယ့် ပြိုင်ပွဲတွေမှာ အောင်မြင်မှုနဲ့အတူ ဈေးကွက်မှာ လူကြိုက် များလာတာကြောင့် ၁၉၆၂ ခုနှစ်မှာ အိမ်စီးဇိမ်ခံ ပြိုင်ကားမော်ဒယ်အဖြစ် စတင် ထုတ်လုပ်ရောင်းချခဲ့တာလည်း တွေ့ရပါ တယ်။
မူလက အခုမော်ဒယ်မှာ ခြောက်လုံးထိုးအင်ဂျင်ကို တပ်ဆင်ထားတာ ဖြစ်ပြီး ၁၉၅၆ခုနှစ်မှာ ထုတ်လုပ်ခဲ့ပြီး ကားပြိုင်ပွဲတွေ မှာ ဝင်ရောက် ယှဉ်ပြိုင်ထားခဲ့ပြီး ၁၉၅၉ခုနှစ်မှာ ပြိုင်ပွဲဝင်မှာ မသုံးတော့ဘဲ အနားပေးထားတာပါ။
မူလအင်ဂျင်က မြင်းကောင်ရေ ၂၆၉ ကောင်အား ထုတ်လုပ်ပေးနိုင်တဲ့ အင်ဂျင်ပါ။ အခုမော်ဒယ်မှာ တပ်ဆင်ထားတဲ့ အင် ဂျင်ကတော့ အခုနောက်မှ ပြန်ထည့်ထားတဲ့ အင်ဂျင် ဖြစ်ပြီး မြင်းကောင်ရေ ၃၀၁ကောင်အား ထုတ်လုပ်ပေးနိုင်တယ်လို့သိ ရပါတယ်။ မော်ဒယ်မှာ အင်ဂျင်ကလွဲရင် ကျန် အခြားအပိုင်းတွေ အားလုံးက ၁၉၅၆ ခုနှစ်ထုတ် ဖြစ်တယ်လို့ သိရပါတယ်။
အခု Monterey လေလံပွဲဟာ ရှေးဟောင်းကားချစ်သူတွေ အများဆုံးတက်ရောက် ဝယ်ယူလေ့ရှိတဲ့ လေလံပွဲတခု ဖြစ်ပြီး အ ရင်ကလည်း ၁၉၉၅ ခုနှစ်ထုတ် McLaren F1ကို ကုမ္ပဏီထုတ် မော်ဒယ်တွေထဲမှာ တန်ဖိုးအမြင့်ဆုံးမော်ဒယ်အဖြစ် အမြင့် ဆုံးဈေးနဲ့ ရောင်းချနိုင်ခဲ့သလို ၁၉၇၀ ခုနှစ်ထုတ် Porsche 917Kကို စံချိန်တင် ဈေးနှုန်းနဲ့ ရောင်းချထားနိုင်ခဲ့တာ တွေ့ရ ပါတယ်။
အခုအင်္ဂလန်ထုတ် မော်ဒယ်တွေထဲမှာ တန်ဖိုးအမြင့်ဆုံးမော်ဒယ် ဖြစ်လာတဲ့ ၁၉၅၆ခုနှစ်ထုတ် DBR1အကြောင်း နည်းနည်း ပြောရမယ် ဆိုရင် မော်ဒယ်က ၁၉၅၀ပြည့်နှစ်တွေမှာ World Sports Car Championshpမှာရော 24 Hours LeMans မှာရော တနှစ်တည်း ဗိုလ်စွဲဖူးတဲ့ ကား ၃စီးပဲ ရှိတဲ့ အထဲက တစီးအဖြစ် မှတ်တမ်းတင်ထားနိုင်တဲ့ မော်ဒယ်ဖြစ်ပါတယ်။
ကျန်မော်ဒယ်နှစ်ခုကတော့ Ferrari ထုတ် 375 Plus နဲ့ 250TR တွေ ဖြစ်ပါတယ်။ World Sports Car Championship ကို ၆ ကြိမ်ထိအောင် ဗိုလ်စွဲထားပါတယ်။
ဒီဇိုင်းနာ Ted Cuttingရဲ့လက်ရာဖြစ်ပြီး အလျား ၁၃ပေနဲ့ ၂လက်မခွဲ၊ မျက်နှာစာ အကျယ် ၅ပေနဲ့ ၄လက်မ၊ အမြင့် ၃ ပေနဲ့ ၂လက်မခွဲ ရှိမှာ ဖြစ်ပါတယ်။ ဂီယာပိုင်းမှာက ၅ချက် Manualနဲ့ ဖြစ်ပြီး အလေးချိန် ပေါင် ၁၇၆၅ ရှိပါတယ်။
Ref: www.maxim.com