စီးပွားရေး

မွေးမြူရေးတိရစ္ဆာန်များ တရားဝင် ပြည်ပတင်ပို့ခွင့် ပြုတော့မည်

Want create site? Find Free WordPress Themes and plugins.

ကျွဲ၊ နွား၊ သိုးနှင့် ဆိတ် အစရှိသည့် မွေးမြူရေး တိရစ္ဆာန်များအား ပြည်ပသို့ တရားဝင်တင်ပို့ခွင့်ကို မကြာမီ သက်ဆိုင်ရာ ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ သိရသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက “ ပို့ကုန်တွေထဲမှာ အထူးကုန်စည် ဥပဒေနဲ့ ငြိစွန်းနေတဲ့အတွက်ကြောင့် ပြည်တွင်းမှာ မွေးမြူထားတဲ့ တိရစ္ဆာန်တွေအားလုံးကို တရားမဝင် ပို့ရတာ ရှိတယ်။ ဒီ ကုန် စည်တွေက အမြဲတမ်း စီးဆင်းနေမှာပဲ။ တဖက်မှာလည်း ဈေးကွက်ရှိတယ်။ ဒါကြောင့် ပြီးခဲ့တဲ့လ အစိုးရ အစည်းအဝေးမှာ မွေးမြူရေး တိရစ္ဆာန်အားလုံး ပြည်ပကို လွတ်လပ်စွာ တင်ပို့ခွင့်ကို အတည်ပြုပြီးပြီ” ဟုပြောသည်။

ယင်းကို သြဂုတ်လ ၂၈ ရက်နေ့ UMFCCI တွင် ပြုလုပ်သည့် ဒုသမ္မတ ၁ နှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ နဝမ အကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိရစ္ဆာန်များကို တရားဝင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီးလျှင် ဈေးကွက်ကြီးမားသည့် အိမ်နီးချင်း နိုင်ငံများ ဖြစ် သော တရုတ်၊ ထိုင်းနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံများသို့ တင်ပို့နိုင်မည် ဖြစ်ပြီး ပြည်တွင်းမွေးမြူရေး လုပ်ငန်းရှင်များ အနေဖြင့် လည်း ကျယ်ကျယ်ပြန့်ပြန့် မွေးမြူမှုများ ပြုလုပ်သင့်ကြောင်း ၎င်းက ပြောသည်။

သို့ဖြစ်၍ မွေးမြူရေးအတွက် လိုအပ်သည့် မျိုးစိတ်များ၊ နည်းပညာများကိုလည်း ပြည်ပမှ ယူသင့်လျှင် ယူဆောင်မည်ဖြစ်ပြီး ဝန်ကြီးဌာနက လိုအပ်သည်များကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း ၊ ပြည်ပသို့ မွေးမြူရေးတိရစ္ဆာန်များ တင်ပို့ရာတွင် မွေးမြူရေး လုပ်ငန်းရှင်များက စတင်ထူထောင်ရမည်ဖြစ်ပြီး တောင်သူလယ်သမားများ လက်ဝယ်မှ လိုက်လံဝယ်ယူ တင်ပို့လျှင် ရေရှည်တွင် ဈေးကွက်မတည်တံ့နိုင်ကြောင်း ၎င်းက ပြောသည်။

ထို့အပြင် တိရစ္ဆာန်များ၏ ကျန်းမာရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းမှု စသည်တို့ကိုလည်း ပြည်ပနည်းပညာနှင့် ပေါင်းစပ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းသိရသည်။
ကျွဲ၊ နွား၊ သိုးနှင့် ဆိတ်များ နယ်စပ်မှတဆင့် ပြည်ပသို့ တင်ပို့ရာတွင် စုစည်းထားရှိရန် နေရာအတွက် လားရှိုး သို့မဟုတ် မူဆယ်တို့၌ ဈေးကွက်လုပ်ငန်းတခု ပေါ်လာမည် ဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က “ခွင့်ပြုဖို့အတွက် ပရောဂျက် ရေးနေပြီ။ မကြာခင်ပဲ ခွင့်ပြုမယ်။ ကျွဲ၊ နွားတင် မကဘူး။ မြန်မာပြည်မှာ မွေးမြူမယ့် တိရစ္ဆာန်အားလုံးကို တင်ပို့နိုင်ဖို့ လုပ် မယ်။ အဲဒီလို လုပ်တဲ့နေရာမှာ ဘာလိုလဲဆိုတော့ ပိုးမွှားကင်းစင်ကြောင်း စနစ်လိုတယ်။ တဖက်က လက်ခံတဲ့ နိုင်ငံနဲ့ မ ကိုက်ညီဘူးဆိုရင် ဘယ်လောက်ပဲ စစ်လိုက်၊ စစ်လိုက် ဟိုဘက်က လက်မခံရင် ပြဿနာရှိတယ်” ဟု ပြောသည်။

သို့ဖြစ်သောကြောင့် မွေးမြူရေးတိရစ္ဆာန်များ တင်ပို့ရာတွင် တဖက်နိုင်ငံမှ လက်ခံနိုင်မည့် ပိုမွှားကင်းစင်ကြောင်း အထောက်အထားများကို အခြားနိုင်ငံများက လက်ခံနိုင်ရန် မြန်မာနိုင်ငံရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန လက်အောက်ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက တင်ပို့မည့်နိုင်ငံ၏ စနစ်နှင့် ညိုနိူင်းဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းကပြောသည်။

နှစ်ဖက် ဆွေးနွေး ညိုနိူင်းသွားရမည်ဖြစ်၍ မကြာမီ တင်ပို့နိုင်မည်ဟုသာ ပြောဆိုနိုင်ပြီး အချိန်အတိအကျကို မ ပြောနိုင်သေးကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

လက်ရှိတွင် နယ်စပ်မှတဆင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယနိုင်ငံများသို့ ကျွဲ၊ နွားနှင့် ဆိတ်များကို မှောင်ခိုတင်ပို့မှုများ ရှိနေသည်။

၁၉၄၇ ခုနှစ်တွင် ကျွဲ၊ နွားများကို သတ်ဖြတ်ခြင်း၊ ပြည်ပသို့ တင်ပို့ ရောင်းဝယ်ခြင်း ပြုလုပ်လျှင် ထောင်ဒဏ် ၆ လမှ ၃နှစ်အထိနှင့် ကျပ် ၅ သိန်းထက် မပိုသော ဒဏ်ငွေ ချမှတ်နိုင်ကြောင်း သတ်မှတ်ပြဋ္ဌာန်းခဲ့သော်လည်း ပြည်ထောင်စုလွှတ် တော်က ၂၀၁၂ ခုနှစ်၌ ပြင်ဆင် ပြဋ္ဌာန်းခြင်းများ ပြုလုပ်ခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading