စီးပွားရေး

၂၀၁၇ နောက်ပိုင်းမှာ မိတ်ဆက်မယ့် အလန်းစား နည်းပညာမြင့် Concept ကားများ

Want create site? Find Free WordPress Themes and plugins.

အရင်ဆုံး Concept ကားဆိုတဲ့ အခေါ်အဝေါ်ကို မသိမှာစိုးလို့ ပြောပြချင်ပါတယ်။ ဈေးကွက်မှာ ရောင်းချဖို့ အဆင့်ထိအောင် မဖြစ်သေးတဲ့၊ ဒီဇိုင်း အတည်ပြု သတ်မှတ်ချက် မရှိသေးတဲ့၊ ရှေ့ပြေး ဒီဇိုင်းအဖြစ် ဖန်တီးထုတ်လုပ်ထားတဲ့ မော်ဒယ်တွေကို Concept မော်ဒယ်တွေအဖြစ် ဆိုလိုတာ ဖြစ်ပါတယ်။

အများစုကတော့ ကားပြပွဲတွေမှာ ထည့်သွင်းပြသလေ့ရှိပြီး လူကြိုက်များတယ်၊ ဝေဖန်သုံးသပ်သူတွေရဲ့မှတ်ချက်ကောင်း တွေ ရရှိတယ်ဆိုရင် အချောသပ် ဒီဇိုင်းထုတ်ပြီး ဈေးကွက်မှာ ရောင်းချလာလေ့ ရှိပါတယ်။

အခု ပြောမှာကတော့ အခုနှစ် ဒါမှမဟုတ် လာမယ့် ၂၀၁၈အတွင်းမှာ မိတ်ဆက်လာဖို့ ရှိနေတဲ့ Concept မော်ဒယ်တွေအ ကြောင်းပဲ ဖြစ်ပါတယ်။

(၁) Airbus Pop.Up

မော်ဒယ်က Airbus ကုမ္ပဏီရဲ့ ကားပျံလို့ သတ်မှတ်နိုင်မယ့် မော်ဒယ်ပါ။ ကားက ခရီးမိုင် ကီလိုမီတာ ၁၀၀ (၆၂မိုင်) လောက် ထိအောင် မောင်းနှင်သွားလာနိုင်ပါတယ်။ လေထဲကို ပျံသန်းနိုင်အောင် Drone လို လေပန်ကာ အကူတွေနဲ့ မတင် ပျံသန်းမှာ လည်း ဖြစ်ပါတယ်။

လျှပ်စစ်အင်ဂျင်နဲ့ သွားပြီး နှစ်ယောက်စီး မော်ဒယ် ဖြစ်ပါတယ်။ ပန်ကာ ၈လုံးထိအောင် ထည့်ထားပါတယ်။ လက်ကိုင်ပိုင်း ထိန်းချုပ်မောင်းနှင်စရာ မလိုဘဲ အလိုအလျောက် မိမိသွားလိုတဲ့ နေရာကို မောင်းနှင်သွားလာမှာ ဖြစ်ပါတယ်။ အထက်၊ အောက် ချက်ချင်း ဆင်းနိုင်ဖို့နဲ့ အလျားလိုက် တတန်းတည်း သွားလာနိုင်အောင် အချောသပ် ဖန်တီးမှုတွေ လုပ်ဆောင်နေ တယ်လို့ သိရပါတယ်။

ဒီဇိုင်း-(ကျော်မျိုးထိုက်/ ဧရာဝတီ)

(၂) Volkswagen Sedric

အခုနှစ် ဂျနီဗာကားပြပွဲမှာ VWကနေ ထည့်သွင်း မိတ်ဆက်ထားတာတဲ့ မော်ဒယ်ပါ။ Sedric လို့ အမည်ပေးထားတဲ့ အခု မော်ဒယ်က ခရီးသည်တင် ဘတ်စ်ကား သဘောမျိုး သုံးနိုင်အောင် ဖန်တီးထားမှာပါ။ AIလို့ ခေါ်တဲ့ မှတ်ဉာဏ်တုစနစ်ပါ တယ်၊ အလိုအလျောက် ပါကင်ထိုးခြင်းတွေ၊ ကျောင်းကားအဖြစ် သုံးမယ် ဆိုရင်လည်း ကလေး အတင်အချ စနစ်တွေကို အလိုအလျောက် လုပ်ဆောင်ပေးမယ်။

ပစ္စည်းတင်ဆောင်မှုတွေနဲ့ တံခါး အဖွင့်အပိတ်တွေကိုလည်း အလိုအလျောက် လည်ပတ် လုပ်ဆောင်မှာ ဖြစ်ပါတယ်။ OLED စနစ်နဲ့ ပတ်လည် အာရုံခံ စနစ်ပါတယ်။ မောင်းသူမဲ့ ကားဖြစ်ပြီး မှန်အနက်တွေ တပ်ဆင်ထားမယ်၊ ပိုင်ရှင်က ခလုတ်နှိပ်ပြီး ထိန်းချုပ်ရုံပဲ ဖြစ်ပါတယ်။

(၃) Toyota i-TRIL

အခု မော်ဒယ်ကလည်း ဂျနီဗာ ကားပြပွဲမှာ တွေ့ခဲ့ဖူးတဲ့ မော်ဒယ်ပါပဲ။ နှစ်ယောက်စီး မော်ဒယ် ဖြစ်ပါတယ်။ ဆိုင်ကယ်ပုံစံ အခြေပြု ဖန်တီးထားမှု ဖြစ်ပါတယ်။

ကိုယ်ထည် အသေးစားနဲ့ မြို့တွင်းသယ်ယူပို့ဆောင်ရေးအပိုင်းအတွက် အကောင်းဆုံး အဆင်ပြေမယ့်မော်ဒယ်ပါ။ Active Lean ဆိုတဲ့ စနစ်ကို ထည့်ထားတာ တွေ့ရပြီး ဒီစနစ်က ဘီးတွေရဲ့ အမြန်နှုန်းကို ထိန်းချုပ်ပေးမှာ ဖြစ်ပြီး အလိုအလျောက် မောင်းနှင်သွားလာစနစ်နဲ့ သွားမှာ ဖြစ်ပြီး ခရီးမိုင် ၁၂၄မိုင်ထိအောင် မောင်းနှင်နိုင်မယ် လို့ သိရပါတယ်။

ဒီဇိုင်း-(ကျော်မျိုးထိုက်/ ဧရာဝတီ)

(၄) Rinspeed Oasis

ထူးဆန်းတဲ့ ကားမော်ဒယ်တွေကို ထုတ်လုပ်လေ့ရှိတဲ့ Rinspeed ရဲ့Oasis မော်ဒယ်ကလည်း စိတ်ဝင်စားစရာပါ။ ကား အ တွင်းခန်းမှာ အမှန်တကယ် သစ်ပင် စိုက်ပျိုးထားတဲ့ ဥယျာဉ်ငယ် ပါရှိပါတယ်။ ဘွန်ဆိုင်းလို သက်ကြီးပု အပင်တွေ ထည့် သွင်းထားမှာပါ။

အထူးသဖြင့်တော့ နောက်ဘက်ခန်းဝန်းကျင်မှာ သစ်ပင်တွေ အမြဲ တွေ့ရအောင် ဖန်တီးထားပါတယ်။ အတွင်းခန်း ရှေ့ ဘက် ခြမ်းမှာ Topuchစနစ်နဲ့ သုံးနိုင်မယ့် အချက်အလက်ပြစနစ် ထည့်ထားမယ်။ ဒီစနစ်က Touch စနစ်နဲ့လည်း ရနိုင်သလို အ သံနဲ့ ထိန်းချုပ် မောင်းနှင်သွားလာနိုင်အောင်လည်း ရပါလိမ့်မယ်။

မော်ဒယ်မှာ နောက်ထပ် ထူးခြားချက်တခုကတော့ အချောသပ် ထုတ်လုပ်နိုင်မှု ဖြစ်လာခဲ့ရင် အချက်အလက်ပြစနစ်က LED တွေလို အမာခံ စနစ်နဲ့ မဟုတ်တော့ဘဲ လေထဲမှာတင် ရုပ်သံအချက်အလက်တွေကို ပြသပေးနိုင်မှာ ဖြစ်သလို လေထဲက အ ဆိုပါစနစ်ကိုပဲ ထိတွေ့ သုံးစွဲနိုင်လာဖို့လည်း ရှိနေတာပါ။

(၅) Honda NeuV

မော်ဒယ်ရဲ့ ပုံရိပ်တွေကို ဒီဇင်ဘာလအတွင်းက ထုတ်ပြထားတာ တွေ့ရပါတယ်။ လက်တွေ့ ကိုယ်ထည်ကြီးကိုတော့ ထုတ် ဖော်တင်ဆက်တာ မတွေ့ရသေးပါဘူး။ လျှပ်စစ်စနစ်နဲ့ သွားမယ့် လျှပ်စစ်ကားလို့ ဆိုပါတယ်။ မှတ်ဉာဏ်တုစနစ် ပါပါလိမ့် မယ်။ လူတွေရဲ့အခြေအနေနဲ့ လှုပ်ရှားမှုတွေကို အာရုံခံပြီး ကိုယ်တိုင် မောင်းနှင်မှု စနစ်ကို အသက်သွင်းသွားလာမှာဖြစ်ပါ တယ်။ နှစ်ယောက်စီး မော်ဒယ် ဖြစ်ပြီး မြို့တွင်းသုံး အနေနဲ့ပဲ အကောင်းဆုံး အသုံးဝင်မှာ ဖြစ်ပါတယ်။

ဒီဇိုင်း-(ကျော်မျိုးထိုက်/ ဧရာဝတီ)

(၆) Toyota Yui

မော်ဒယ်က Honda NeuVနဲ့ ပြိုင်ဘက်အဖြစ် ထွက်လာဖို့ ရှိနေပါတယ်။ မော်ဒယ်မှာလည်း မှတ်ဉာဏ်တု စနစ် ပါမှာပါ။ ထူးခြားချက်ကတော့ မော်ဒယ်ရဲ့မှတ်ဉာဏ်တု စနစ်ကို အသံနဲ့ အမိန်းပေး ထိန်းချုပ်မောင်းနှင်နိုင်မှု လုပ်ဆောင်နိုင်မယ့် အ ပြင် ကားစနစ်နဲ့ ယာဉ်ပိုင်ရှင်တွေက အပြန်အလှန် စကားပြောနိုင်ပြီး ကားအတွင်းပိုင်း အခြေအနေတွေကို အလွယ်တကူ စစ်ဆေးသိရှိနိုင်မှာ ဖြစ်သလို လိုအပ်တာတွေကိုလည်း အသံနဲ့ အမိန့်ပေး အလွယ်တကူ ပြင်ဆင်စေနိုင်မှာလည်း ဖြစ်ပါ တယ်။

လေထဲမှာပဲ ပြသစနစ်နဲ့ ထိန်းချုပ်စနစ် ပါလာဖို့ ရှိနေပြီး Touch စနစ်နဲ့ သုံးနိုင်မယ့် အချက်အလက်ပြစနစ် ပါလာမှာ မဟုတ် တော့ပါဘူး။ စင်ယော်တောင်ပံ တံခါးတွေနဲ့ ရှေ့မီးကြီးတွေကို အသိမ်းအထုတ် လုပ်နိုင်မှာလည်း ဖြစ်ပါတယ်။

(၇) Nissan VMotion

ဒက်ထရွိုက် ကားပြပွဲမှာ မြင်ရဖို့ရှိနေပါတယ်။ အခုခေတ် Sport ဇိမ်ခံ ကားတွေရဲ့ ဒီဇိုင်းနဲ့ပဲ ဖန်တီးထားတာ တွေ့ရပါတယ်။ တံခါးတွေကလည်း ရင်ကွဲတံခါးစနစ် ဖြစ်ပါတယ်။

Nissan ကနေ ဖန်တီးထားတဲ့ ProPilot စနစ်ကို သုံးနိုင်မှာ ဖြစ်ပြီး ဒီစနစ်က မော်ဒယ်ကို မောင်းသူမဲ့ပုံစံ အလိုအလျောက် မောင်းနှင်စေနိုင်သလို အမြန်လမ်းတွေမှာပါ ခရီးဝေး သွားနိုင်အောင် ဖန်တီးထားတာ ဖြစ်ပြီး အမြန်ဆုံးနှုန်း အနေနဲ့ တနာရီ ကီလိုမီတာ ၁၀၀နှုန်းနဲ့ပဲ သွားအောင် ထိန်းချုပ် ဖန်တီးထားမှာလည်း ဖြစ်ပါတယ်။

အတွင်းခန်းမှာ ကျယ်ဝန်းမှု ဦးစားပေး ပုံစံ ဖန်တီးထားပြီး ပြသမျက်နှာပြင်စနစ်က အလျားလိုက် အရှည်ဦးစားပေး ပုံစံ ထည့်ထားပါတယ်။ လက်ကိုင်ဘီး ပါရှိပြီး မောင်းနှင်သူက ကိုုယ်တိုင် မောင်းနှင်ချင်ရင်လည်း မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

Ref: www.businessinsider.com

Did you find apk for android? You can find new Free Android Games and apps.
Loading