အမေရိကန် အခြေစိုက် Cadillacရဲ့ မော်ဒယ် ဖြစ်ပြီး သူ့ရဲ့ထူးခြားချက်ကတော့ ဆီဒင်နဲ့ SUV မော်ဒယ်တွေ အဖြစ်ပဲ အများဆုံး ထုတ်လုပ်ရောင်းချလေ့ရှိတဲ့ ကုမ္ပဏီဖြစ်ပါတယ်။
အခု မော်ဒယ်ကို နှစ်ယောက်စီး Coupe မော်ဒယ် အနေနဲ့ ထုတ်လုပ်ထားခြင်းနဲ့ နောက်တခုက အခြားမော်ဒယ်တွေလို နှစ်စဉ်နှစ်တိုင်း မော်ဒယ်နှစ်အလိုက် ထုတ်လုပ်ရောင်းချခြင်း မဟုတ်ဘဲ နှစ်ကာလ တော်တော်လေး ကြာမှာ ကုမ္ပဏီကနေ စိတ်ကြိုက်နည်းပညာ အဆင့်မြှင့်ပြီး ထုတ်လုပ်ရောင်းချလေ့ရှိတာ တွေ့ရပါ တယ်။
အခု မော်ဒယ် ဆိုရင် ၂၀၁၆ခုနှစ်ထုတ် မော်ဒယ် ဖြစ်ပြီး အခု မော်ဒယ် မထွက်ခင် နောက်ဆုံး အနေနဲ့ဆိုရင် ELRကို ၂၀၁၄ ခုနှစ်ကမှ ရောင်းချထားတာ တွေ့ရတာကြောင့် ၂၀၁၇မော်ဒယ် ထွက်ရှိ မလာခြင်းက အဆန်းတော့ မဟုတ်တော့ ပါဘူး။
မော်ဒယ်ရဲ့အားသာချက်ကို ကြည့်မယ်ဆိုရင် သိသာထင်ရှားတဲ့ ရုပ်ထွက်ကို မြင်ရတယ်၊ ကိုယ်ထည်ပိုင်း မာကျောတယ်၊ ရုပ်ထွက်ပိုင်းမှာ တခြား နှစ်ယောက်စီး မော်ဒယ်တွေနဲ့ လုံး၀ ကွဲပြားတဲ့ ရုပ်ထွက်မျိုးကို တွေ့ရတယ်။
အတွင်းပိုင်း အပြင်အဆင်အားလုံးက ဇိမ်ခံ မော်ဒယ်စစ်စစ်တွေမှာ တွေ့ရတဲ့အပြင်အဆင် ဖြစ်ပြီး တပ်ဆင် ပစ္စည်း အရည် အသွေးလည်း အားကောင်းတယ်။ ကိုုယ်ထည် အရွယ်အစားက အနေတော် ဖြစ်ပြီး လမ်းကြောင်းစုံ သုံးနိုင်လောက်အောင် အဆင်ပြေတယ်။
ဆီစားနှုန်း ချိုသာတယ်၊ လက်ကိုင်စနစ်တွေရော စွမ်းဆောင်ရည်ပိုင်းမှာပါ ပြိုင်ကားတွေရဲ့ပုံစံမျိုး ဖြစ်ပြီး မြန်ဆန်တယ်၊ ထိန်းချုပ်မောင်းနှင်ရမှုလည်း အထူကောင်းမွန်တာ ဖြစ်ပါတယ်။
ဒါပေမယ့် ဈေးနှုန်း မြင့်မားနေတဲ့အချက်ကတော့ လူတိုင်း လက်လှမ်း မမီဖြစ်နေစေပါတယ်။ နောက်ပြီးတော့ ဓာတ်ဆီသုံး အင်ဂျင်ကို တပ်ဆင် ထုတ်လုပ်ထားတဲ့ မော်ဒယ်ခွဲတွေမှာ အခြား ပြိုင်ဘက် မော်ဒယ်တွေရဲ့အင်ဂျင်နဲ့စာရင် ဆူညံမှုများချင် နေပါတယ်။
နောက်ဘက် ထိုင်ခုံတန်း ထည့်သွင်း ဖန်တီးထားပေမယ့် နောက်ဘက်ခန်းလည်း ကျဉ်းသလို ထိုင်ခုံလည်း နေရာ နည်း ချင်နေတာ တွေ့ရပါတယ်။ အလွယ်ဆုံး မှတ်ချက်ပေးရရင်တော့ အတွင်းခန်း ကျဉ်းချင်တယ်လို့ ဆိုချင်ပါတယ်။ အမေ ရိကန် မော်ဒယ်တွေရဲ့အားနည်းချက် အတိုင်းပဲ အချက်အလက်ပြစနစ်မှာ Touchစနစ်နဲ့ သုံးနိုင်မှုက နှေးချင်တယ်၊
Voltမော်ဒယ်မှာ သုံးထားတဲ့ အင်ဂျင်စနစ်ကိုပဲ တပ်ဆင်ထားတာ တွေ့ရပြီး အဆင့်မြှင့်ထားမှု အားနည်းတယ်လို့ ဆိုချင် ပါတယ်။
မော်ဒယ်က ၂၀၁၄မော်ဒယ်ထွက်လာတယ်၊ ဒါပေမယ့် ၂၀၁၅ မော်ဒယ် မထုတ်ဘူး၊ အခု ၂၀၁၆ခုနှစ် မော်ဒယ် ထွက်ရှိ တယ်၊ ၂၀၁၇ မော်ဒယ် မရနိုင်ဘူး ဆိုတော့ ပုံမှန် အနေအထားအရ ၂၀၁၈မော်ဒယ်မှာမှအသစ်အနေနဲ့ ထုတ် လုပ်လာဖို့ ရှိနေသလိုပါ။
အခုနှစ် မော်ဒယ်က ရှေ့ထွက် မော်ဒယ်ထက် ရုန်းအားတော့ သိသိသာသာကောင်းမွန်လာပါတယ်။ ဒီဇိုင်းပိုင်းလည်း ပိုပြီး စိတ်ကြိုက် ဖြစ်လာပါတယ်။ မော်ဒယ်ခွဲ ထုတ်လုပ်မှု အနေနဲ့တော့ တခုတည်း ရပါတယ်။ ELRပဲပေါ့။
လက်မ ၂၀အရွယ် Alloyသားနဲ့ ဘီးတွေကို တပ်ဆင်ထားတယ်၊ Suspensionစနစ်က လမ်းကြောင်း အနေအထားအပေါ် မူတည်ပြီးတော့ အလိုက်သင့် ချိန်ညှိပြောင်းလဲမယ့် စနစ်၊ နောက်ဘက် ပါကင် အာရုံခံ စနစ် ပါရှိတယ်၊။
LED နေ့ဘက်မီးတွေ တပ်ဆင်ထားတယ်၊ ရှေ့မီးကြီးတွေက အလိုအလျောက် အတင်၊ အချ လုပ်ဆောင်ပေးမယ်။ နောက် ကြည့်မှန်တွေက အစ ပြူတင်းမှန်တွေပါ အပူပေးစနစ် ပါရှိတယ်။ Keyless စနစ်နဲ့ သုံးနိုင်တယ်။ Remote နဲ့လည်း ထိန်း ချုပ်နိုင်တယ်။
ရှေ့ဘက် ထိုင်ခုံတွေက အပူပေးစနစ်လည်း ပါရှိသလို အနေအထား ၈ မျိုးထိအောင် Powerနဲ့ ပုံစံပြောင်းလဲ ထိန်းချုပ် စီး နင်းနိုင်မယ်။ သားရေ အပြင်အဆင်တွေနဲ့ပဲ ဖြစ်ပြီး နောက်ဖက် ထိုင်ခုံတန်းကို လိုအပ်ရင် ခေါက်သိမ်းနိုင်အောင်လည်း ဖန်တီးထားတယ်။
လက်ကိုင်ဘီးကလည်း အပူပေးစနစ် သုံးချင်တယ်ဆိုရင် သုံးနိုင်မယ်။ Bluetoothလည်း ချိတ်ဆက်နိုင်မယ်။ ၈လက်မ အရွယ် ဖျော်ဖြေရေးနဲ့ မျက်နှာပြင်စနစ် ထည့်ထားတာ တွေ့ရပါတယ်။ Cadillac User Experienceဆိုတဲ့ စနစ်ကို သုံးနိုင် မှာပါ။ သင့်ပါတယ်။ ဒါပေမယ့် သုံးရတာ နည်းနည်း နှေးပါတယ်။
အသံပိုင်း အတွက်ကတော့ စပီကာ ၁၀လုံးထိအောင် ပတ်လည် စနစ်နဲ့ ထည့်ထားသလို Boseအသံနစ်စကို သုံးထားလို့ နောက်ထပ် အားဖြည့်ပြင်ဆင်မှု လုပ်ဆောင်စရာ မလိုတော့သလို အသံထွက်လည်း အထူးကောင်းမွန် တည်ငြိမ်ပါတယ်။
USB ချိတ်ဆက်နိုင်မယ်။ OnStar အရေးပေါ် ချိတ်ဆက် အကူအညီ စနစ်လည်းပါမယ်။ 4G LTEထိအောင် ချိတ်ဆက်နိုင် မှာပါ။ Wi-Fi လည်း လွှင့်နိုင်မယ်။ နည်းပညာပိုင်းက သင့်ပါတယ်။
မော်ဒယ်က အင်ဂျင်စနစ်မှာ Plug-in Hybridစနစ် ဖြစ်လို့ လျှပ်စစ်မော်တာကိုပါ ပူးတွဲ အထိုင်ချထားတာ တွေ့ရပြီး အဆိုပါ လျှပ်စစ်မော်တာက မြင်းကောင်ရေ ၁၅၇ကောင်အားထိအောင် ထုတ်လုပ်ပေးနိုင်တယ်။
အင်ဂျင်စနစ်က ၁.၄လီတာသုံး အ သေးစား လေးလုံးထိုး အင်ဂျင် စနစ် ဖြစ်ပြီး သူကတော့ မြင်းကောင်ရေ ၈၃ ကောင် အားပဲ ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် မော်တာနဲ့ အင်ဂျင်ရဲ့ ပူးပေါင်း စွမ်းအင် ထုတ်လုပ်မှုနဲ့ မြင်းကောင်ရေကတော့ သဘောကျစရာပါနော်။ မော်ဒယ်မှာ မောင်းနှင်နိုင်မှု အပိုင်းမှာ လမ်းကြောင်း အနေအထားအပေါ် မူတည်ပြီး တော့ Normal, Hold, Sportနဲ့ Mountainဆိုတဲ့ Modeတွေ ရွေးချယ်မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။
Sport ကတော့ စွမ်းဆောင်ရည် အကောင်းဆုံးနဲ့ အပြည့်ဝဆုံး မောင်းနှင်နိုင်အောင် ဖန်တီးထားတာ ဖြစ်ပြီး ဒီModeနဲ့ မောင်းနှင်ချိန်မှာ မော်ဒယ်က စွမ်းအင် စုစုပေါင်း အမြင့်ဆုံး မြင်းကောင်ရေ ၂၃၃ကောင်အားထိအောင် ထုတ်လုပ်မောင်း နှင်နိုင်မှာ ဖြစ်ပြီး အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုမှာ တနာရီ မိုင် ၆၀နှုန်းကို အချိန် ၆.၄စက္ကန့်တည်းနဲ့ ရောက်မှာလည်း ဖြစ်ပါတယ်။
ဘက်ထရီက မောင်းနှင်နေရင်းလည်း အားပြန်ဝင်နေသလို ပင်မ လျှပ်စစ်စနစ်ကနေ အားသွင်းမယ် ဆိုရင်လည်း ရနိုင်ပြီး ပျမ်းမျှ အချိန် ၁၂နာရီ ကြာအောင် ဘက်ထရီကို အားသွင်းရပါလိမ့်မယ်။
လျှပ်စစ်အား သီးသန့်နဲ့ ဆိုရင် မော်ဒယ်က အကွာ အဝေး ၃၉ထိအောင် ရောက်နိုင်ပါတယ်။ အင်ဂျင်စနစ် သီးသန့်နဲ့ ဆိုရင် တော့ ဆီတဂါလံကို ၃၃မိုင်လောက် စီးနင်းနိုင်မှာ ဖြစ်ပြီး နှစ်မျိုးပေါင်း အနေအထားမှာတော့ ဆီတဂါလံ အားအပြည့်နဲ့ ဆိုရင် ပျမ်းမျှ ၈၂မိုင်လောက်ထိအောင် ရောက်နိုင်တာ တွေ့ရပါတယ်။
နိုင်ငံတကာ ဈေးကွက်မှာတော့ Cadillac ELR Coupe မော်ဒယ်ကို ဇိမ်ခံ နှစ်ယောက်စီး မော်ဒယ်အဖြစ် လူကြိုက်များတာ တွေ့ရပြီး ဈေးနှုန်းက ဒေါ်လာ ၆၅၆၀၀ ရှိပါတယ်။
Ref: www.edmunds.com