စီးပွားရေး

မောင်တော နယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်းနေ

Want create site? Find Free WordPress Themes and plugins.

မကြာသေးခင် ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ရခိုင်ပြည်နယ် အနောက်ဘက် ခြမ်း က မောင်တောနယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်းနေကြောင်း သတင်း ရရှိသည်။

အဆိုပါ မောင်တော နယ်စပ်ကုန်သွယ်ရေး စခန်းမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တင်ပို့သော ပို့ကုန်များမှာ ငါးသလောက်၊ ငါးမြစ်ချင်း၊ ရေငန်ပုစွန်၊ ရေချို ပုစွန်၊ ငါးနီတူခြောက် စသည့် ရေထွက် ပစ္စည်းများသည် အများဆုံးဖြစ်ပြီး ဒုတိယ အများ ဆုံးမှာ ဆန် ၊ ဝါး၊ ချင်းစိမ်း တို့ဖြစ်ကြောင်း မောင်တော နယ်စပ် ကုန်သွယ်ရေး၊ ကုန်သည်များ အသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်း က ပြောပြသည်။

“နယ်စပ် ကုန်သွယ်ရေးကတော့ ကျနော်တို့ သြဂုတ် ၂၅ ရက်နေ့ ဖြစ်စဉ်ကတည်းက စပြီးတော့ ဒီနေ့ထိ ရပ်ဆိုင်းနေပါ တယ်။ ပိတ်ထားတာ မဟုတ်ပါဘူး။ အရေးအခင်းကြောင့် ရပ်ဆိုင်းသွားတာပါ။ ဒီတခေါက် ဖြစ်စဉ်ကတော့ အရင် အခေါက် ဖြစ်စဉ် နဲ့ မတူတဲ့အတွက် ပြန်ပြီးတော့ ပွင့်ဖို့ ကြာမယ်လို့ထင်တယ်”ဟု ဦးအောင်မြင့်သိန်းက ဧရာဝတီသို့ ပြောသည်။

မောင်တောမြို့နယ်အတွင်း လက်ရှိအခြအနေသည် မြို့ပေါ်တွင် တည်ငြိမ်မှု ရှိသော်လည်း မြို့နယ်အတွင်းရှိ ကျေးရွာ သား များသည် နေ့စဉ် ထွက်ပြေး တိမ်းရှောင်လျက်ရှိပြီး မောင်တောမြို့မ ဈေးကြီးသည်လည်း လက်ရှိအချိန်အထိ ပြန် လည် ဖွင့်လှစ် နိုင်ခြင်း မရှိသေးကြောင်း မောင်တော မဲဆန္ဒနယ်မှ ပြည်နယ် လွတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်း ကလည်း ပြောပြသည်။

ဦးမောင်အုန်းက “မောင်တောမှာတော့ နေ့တိုင်း လူတွေ ပြေးနေကြတုန်းပဲ။ စီးပွားရေးလည်း မရှိကြတော့ဘူး။ ဆိုင် တွေလည်း ပိတ်ထားတုန်းပဲ။ စားရေး သောက်ရေးတွေလည်း အခက်အခဲ ရှိကြတာပေါ့”ဟု ပြောသည်။

သွင်းကုန်အနေဖြင့် ၂၀၁၆ ခုနှစ် မောင်တော ဒေသအတွင်း ဖြစ်ပွားခဲ့သော အောက်တိုဘာ အရေးအခင်း နောက်ပိုင်း ကတည်းက မရှိသလောက် နည်းပါးသွားခဲ့ကြောင်း မောင်တောနယ်စပ် ကုန်သည်များကလည်း ပြောဆိုကြသည်။

မောင်တော နယ်စပ်ကုန်သွယ်ရေး စခန်း၏ကုန်သွယ်မှု တန်ဖိုးသည် ၂၀၁၆ – ၂၀၁၇ ခုနှစ် ဘဏ္ဍာရေးနှစ်က အမေရိကန် ဒေါ်လာ ၅ ဒသမ ၉၄၈ သန်း ရရှိခဲ့ပြီး ယခုနှစ် ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် မောင်တောနယ်စပ် ကုန်သွယ်ရေး စခန်းနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ကြား ကုန်သွယ်မှုတန်ဖိုးကို ဒေါ်လာ ၆ သန်း ရရှိရန် လျာထားခဲ့ကြောင်းလည်း မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှ သိရသည်။

မောင်တောနယ်စပ် ကုန်သွယ်ရေး စခန်းသည် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် ၂၀၁၆ ခုနှစ် အောက်တို ဘာ လ ၉ ရက်နေ့မှ ဒီဇင်ဘာလ ၂၄ ရက်နေ့အထိ တကြိမ်ရပ်ဆိုင်းခဲ့ပြီး ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ တကျော့ပြန် အကြမ်းဖက် ဖြစ်စဉ်ကြောင့် မောင်တောနယ်စပ် ကုန်သွယ်ရေး စခန်းသည် ယနေ့အထိ ထပ်မံ ရပ်ဆိုင်းသွားရခြင်း ဖြစ် သည်။

၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်က ARSA အကြမ်းဖက်သမားများက ရခိုင်ပြည်နယ်၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့ တောင် မြို့နယ်တို့မှ ရဲကင်း ၃၀ ကိုတပြိုင်တည်း တိုက်ခိုက်ခဲ့ရာမှ ဒေသခံတိုင်းရင်းသားများ အပါအဝင် လုံခြုံရေး တပ်ဖွဲ့ ဝင်များ၊ အစိုးရ ဝန်ထမ်းများ သေဆုံးမှု ဖြစ်ပွားခဲ့ပြီး ဒေသခံ သောင်းချီ၍ အိုးအိမ်စွန့်ခွာ ရှောင်တိမ်းနေကြရ သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading