လက်ရှိ ဈေးကွက်ထဲမှာပါ အောင်မြင်နေတဲ့ Continental GTရဲ့ နောက်ဆက်တွဲ နာမည်တူ မော်ဒယ်သစ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက Bentleyကနေ မိတ်ဆက်လာတာ တွေ့ရပါတယ်။
မော်ဒယ်က နှစ်ယောက်စီး တန်းဝင်အဖြစ် ထုတ်လုပ်လာမှာ ဖြစ်သလို ဇိမ်ခံသက်သက်ဆိုတာထက် ပြိုင်ကားတွေရဲ့ စွမ်းဆောင်ရည်ကိုပါ ပြသနိုင်အောင် ရည်ရွယ်ကောင်းမွန်အောင် ထုတ်လုပ်ထားတာ တွေ့ရပါတယ်။
အထူးသဖြင့်တော့ အခုမော်ဒယ်က လက်ကိုင်ပိုင်းမှာ Porsche ရဲ့မော်ဒယ်တွေကို သာလွန်အောင် ဖန်တီးလာမှာ ဖြစ် တယ်လို့ ဆိုထားပါတယ်။
အခု မိတ်ဆက်မှုကိုတော့ ဓာတ်ပုံတွေနဲ့ အခြား အချက်အလက်တွေ ဖော်ပြ မိတ်ဆက်မှုဖြစ်ပြီးတော့ မော်ဒယ်ကိုတော့ အခုလအတွင်းမှာ ကျင်းပမယ့် ဖရန့်ဖတ် ကားပြပွဲမှာ ထည့်သွင်းပြသလာမှာလည်း ဖြစ်ပါတယ်။
အခု နှစ်ဆန်းပိုင်းအတွင်း ကုမ္ပဏီက SUV မော်ဒယ်တွေကိုပါ ထုတ်လုပ်မယ်လို့ ဆိုထားတာကြောင့် အခု ဖရန့်ဖတ် ကားပြပွဲ အမီမှာ SUVမော်ဒယ်သစ် မိတ်ဆက်လာမယ်လို့ ထင်ကြေးပေးခဲ့ကြပေမယ့် အခုတော့ နောက်ထွက်မယ့် Continental GTကိုပဲ ပြသလာတော့မှာလည်း ဖြစ်ပါတယ်။
အင်ဂျင်စနစ်မှာတော့ ရှေ့ထွက်မော်ဒယ်တွေလိုပဲ W12 အင်ဂျင်ကို တပ်ဆင်ထားပြီး Dual-cluthနဲ့ ဖြစ်ကာ ၈ချက် သုံးနဲ့ လာမှာပါ။
အထူးသဖြင့် ဂျာမနီအခြေစိုက် Porscheရဲ့ မော်ဒယ်တွေကို ဈေးကွက် အသာစီးရအောင် အဆိုပါ Porsche မော်ဒယ် တွေရဲ့အားသာချက်တွေအတိုင်း Bentley ရဲ့ပင်ကိုယ်ဟန်နဲ့ ဖန်တီးထားတာ ဖြစ်တယ်လို့ သိရပါတယ်။
မော်ဒယ်သစ်အနေနဲ့ အတွင်းခန်းကို ပိုမို ကျယ်ဝန်းအောင် ဖန်တီးချင်တာကြောင့် ရှေ့ဘီးနဲ့ နောက်ဘီးထောက်ကြား ပမာဏကို ချဲ့လိုက်ပြီး အရင်ကထက် ၁၁၀ မီလီမီတာ ပိုလာပြီး ရှေ့ဘီးနဲ့ နောက်ဘီးထောက် ပမာဏ ၂၈၅၆ မီလီမီတာ ရှိလာမှာလည်း ဖြစ်ပါတယ်။
မျက်နှာစာ အကျယ်မှာလည်း ၂၅ မီလီမီတာ ပိုမို ကျယ်ဝန်းလာမယ်၊ ဒီ့အတွက် ၁၉၅၄ မီလီရှိလာမယ်၊ အမြင့်ပိုင်း ထူးခြားမှု မရှိပဲ ၁၃၉၂မီလီ မြင့်တယ်၊ အရှည်လည်း မထူးခြားပဲ အရင်လို ၄၈၀၅ မီလီမီတာ ရှည်လျားမှာပါ။
အင်ဂျင်ခန်းနေရာကိုတော့ အရင်ထက် နည်းနည်း ချုံ့ထားတယ်လို့ဆိုပေမယ့် အရမ်းတော့ မသိသာပါဘူး။ အလေးချိန် ပိုင်းမှာ အင်ဂျင်က အရင်လို W12 အင်ဂျင်ထိုင်ထားတာ ဖြစ်ပေမယ့် အင်ဂျင်ဖန်တီးမှု အလေးချိန် လျှော့ချနိုင်လိုက်လို့ အရင်က ၂၃၂၀ ကီလိုအလေးချိန် ရှိရာကနေ အခု ၂၂၅၀ ကီလိုပဲ လေးတော့မှာလည်း ဖြစ်ပါတယ်။
Bentley Dynamic Ride စနစ်ကို ထည့်ထားပြီး ဒီစနစ်က လျှပ်စစ်စနစ်နဲ့ လည်ပတ်မှာ ဖြစ်သလို လက်ကိုင်ပိုင်းနဲ့ စွမ်း ဆောင်ရည်ပိုင်းကို ပိုမို အားကောင်းစေမှာ ဖြစ်ကာ အင်ဂျင်စနစ်ကိုလည်း ဆီစား သက်သာအောင် ကူညီပေးမှာပါ။
အင်ဂျင်ကတော့ ၆.ဝလီတာသုံး ဓာတ်ဆီအင်ဂျင်ဖြစ်ပြီး W12 အမျိုးအစားပါ။ ၁၂ လုံးထိုး အင်ဂျင်အရွယ်က ဇိမ်ခံ Coupe တစီးအတွက် အနည်းငယ် ကြီးနေပမယ့် စွမ်းဆောင်ရည် ဦးစားပေး မော်ဒယ် ဖြစ်နေလို့ အင်ဂျင်အရွယ် လျော့ချထုတ်လုပ်ဖို့ မရှိသေးဘူးလို့လည်း သိရပါတယ်။
အင်ဂျင်စနစ်က စွမ်းအင်အနေနဲ့ မြင်းကောင်ရေ ၆၂၆ကောင်အားထိအောင် ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပြီး ရုန်းအား အနေနဲ့ ၆၆၄ပေါင်-ပေ ထွက်ရှိမှာပါ။ မော်ဒယ်က စွမ်းဆောင်ရည် အပိုင်းမှာ တစ်နာရီ မိုင် ၆၀နှုန်းကို အချိန် ၃.၇စက္ကန့်နဲ့ ရောက် အောင် မောင်းနှင်နိုင်ပါမယ်။
ဒါဟာ ရှေ့ထွက် မော်ဒယ်ထက် ဝ.၈ စက္ကန့်ထိအောင် ပိုမို မြန်ဆန်အောင် မောင်းနှင်နိုင်လာတာလည်း ဖြစ်ပါတယ်။ အမြန် ဆုံး မောင်းနှင်နိုင်မှုနှုန်းမှာလည်း တနာရီ ၂၀၇ မိုင် ထိအောင် ရောက်နိုင်လာပြီး အရင်မော်ဒယ်ထက် ၉မိုင်လောက် ပိုမြန် အောင် မောင်းနှင်နိုင်လာပါတယ်။
ကာဗွန်ဒိုင် အောက်ဆိုဒ်ထုတ်လွှတ်မှုနှုန်းကလည်း ၁ကီလိုမီတာအတွက် ၂၇၈ ဂရမ်ပဲ ထုတ်လွှတ်မှာ ဖြစ်သလို အရင် မော်ဒယ် ထက် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု ၁၆ရာခိုင်နှုန်း လျော့ကျလာတာပဲ ဖြစ်ပါတယ်။
ဒါပေမယ့် နောက်ဆက်တွဲအဖြစ်နဲ့ အင်ဂျင်အရွယ်အသေးစားအနေနဲ့ ရွေးချယ်နိုင်အောင် ၄.ဝလီတာသုံး W12 အင်ဂျင်ပဲ တပ်ဆင်ထားတဲ့ မော်ဒယ်ကို ထုတ်လုပ်လာဖို့ ရှိနိုင်ပါတယ်လို့ သိရပါတယ်။
အဆိုပါ မော်ဒယ်ကတော့ စွမ်းဆောင်ရည်နဲ့ ဇိမ်ခံမော်ဒယ်တွေနဲ့စာရင် တန်ကြေးသင့်မော်ဒယ်အဖြစ် ရွေးချယ်နိုင်အောင် ထုတ်လုပ်မှုမျိုး ဖြစ်နိုင်တယ်လို့ ဆိုထားပြီး Audiနဲ့ Porscheရဲ့တန်ကြေးသင့်မော်ဒယ်တွေကို ဈေးကွက် အသာရဖို့ ထုတ် လုပ်လာနိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။
အခု မိတ်ဆက်လာတဲ့ ၆.ဝလီတာသုံး မော်ဒယ်ကိုတော့ ဈေးးကွက်အတွင်း အရောင် ၁၇ရောင်၊ အတွင်းပိုင်း အပြင်အဆင် ၈ မျိုးနဲ့ သားရေသား အရောင် ၁၅ရောင် ရွေးချယ်နိုင်အောင် ထုတ်လုပ်ရောင်းချမှာ ဖြစ်ပြီး ဈေးနှုန်းက ပေါင် ၁၅၀၅၀၀နဲ့ ရောင်းချလာဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။
www.autocar.co.uk