စီးပွားရေး

အာဂျီနိုမိုတို မြန်မာပြည်တွင် ထုတ်လုပ်တော့မည်

Want create site? Find Free WordPress Themes and plugins.

အာဂျီနိုမိုတိုသည် အရှေ့တောင်အာရှ၏ အလားအလာ ကောင်းသော စားသုံးသူဈေးကွက် ချဲ့ထွင်သည့် အနေဖြင့် မြန်မာနိုင်ငံတွင် ထုတ်လုပ်တော့မည် ဖြစ်သည်။

ဂျပန်သတင်းဌာန Nikkei Asian Review ၏ သတင်းတပုဒ်တွင် တိုကျိုအခြေစိုက် ယင်း ဟင်းခပ်မှုန့် ကုမ္ပဏီသည် နှစ်အနည်းငယ် အတွင်း မြန်မာနိုင်ငံ၏ အရောင်းပမာဏကို တနှစ် ဒေါ်လာ သန်း ၉၀ ( ယန်း ၁၀ ဘီလီယံ) သို့ ရောက်ရှိရန် ရည်မှန်းထားသည်ဟု ရေးထားသည်။

အာဂျီနိုမိုတို လက်အောက်တွင် Ros Dee အမှတ်တံဆိပ် အသားမှုန့် ထုတ်လုပ်ခြင်းကို သီလဝါ အထူးစီးပွားရေးဇုန်ရှိ ယန်း ၁ ဒသမ ၁ ဘီလီယံ တန်ကြေးရှိ စက်ရုံသစ်တွင် လာမည့်နှစ်အတွင်း စတင် လည်ပတ်မည် ဖြစ်သည်။ ထိုစက်ရုံသည် ကျော်ကြားလှသည့် အနီရောင်ဗူးနှင့် ဟင်းချိုမှုန့်များကို မြန်မာနိုင်ငံတွင် ရောင်းချရန် ထုတ်ပိုးပေးမည်။

မြန်မာနိုင်ငံတွင် လူလတ်တန်းစား ကြီးထွားလာသည်နှင့် အမျှ အာဂျီနိုမိုတိုသည် အခြား ဟင်းခပ်မှုန့်များ ထပ်မံ ထုတ်လုပ်ရန် စဉ်းစားမည် ဖြစ်ပြီး ကော်ဖီမစ်နှင့် အခြား အဖျော်ယမကာမှုန့်များကိုလည်း မြန်မာဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်ရန် စီစဉ်ထားသည်ဟု သတင်းက ဆိုသည်။

အာဂျီနိုမိုတိုသည် ထုတ်ကုန်များ အတုလုပ် ခံရခြင်း တားဆီးရန်၎င်း၏ ဝန်ထမ်းများကိုယ်တိုင် ထုတ်ကုန်များ ဖြန့်ဖြူးစေမည် ဖြစ်သည်။ ထိုသို့ စီးပွားရေးလုပ်ငန်း ပုံစံကို အရှေ့တောင်အာရှ ဒေသတွင်းတွင် ၁၉၆၀ ခုနှစ်များမှ စတင်ခဲ့သည်။

မြန်မာနိုင်ငံတွင် ရောင်းချနေသည့် အာဂျီနိုမိုတို ထုတ်ကုန်များ၏ ၅ ပုံ ၁ ပုံသာ အစစ်များဖြစ်သည် ဟုလည်း အာဂျီနိုမိုတို၏ အဆိုအရ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading