မော်ဒယ်က လက်ကိုင်ပိုင်း အထူး တည်ငြိမ်ကောင်းမွန်တယ်၊ GT မော်ဒယ်တွေ ထိအောင် အကောင်းဆုံး ထုတ်လုပ်နိုင်နေ တဲ့ ကုမ္ပဏီကနေ ထွက်ရှိလာတဲ့မော်ဒယ် ဖြစ်လို့ လက်ကိုင်ပိုင်းက ပြောစရာ မလိုအောင် တည်ငြိမ်လွန်းတာ တွေ့ရပါ တယ်။
အထူးသဖြင့်တော့ မြန်နှုန်းမြင့်မောင်းနှင်နေချိန်နဲ့ ကွေ့လမ်းကြောင်းမောင်းနှင်ချိန်မှာ မြန်ဆန်သွက်လက်တိကျတဲ့ လက် ကိုင်စနစ်ကို တွေ့ရတာပဲ ဖြစ်ပါတယ်။
နောက်ထပ်ထူးခြားချက်ကတော့ အိတ်ဇောပိုင်း ဖြစ်ပြီး Ferrari ကနေ ထုတ်လုပ်ပေးထားတဲ့ V8 အင်ဂျင်စနစ်က စွမ်း ဆောင်ရည် ကောင်းရုံတင် မဟုတ်ဘဲ အသံထွက်လည်း ဆွဲဆောင်မှု ရှိတယ်၊ တိုးဖွတယ်၊ နောက်ပြီး ဓာတ်ငွေ့ထုတ်လွှတ် မှုလည်း နည်းပါးတာပဲ ဖြစ်ပါတယ်။
ဒါပေမယ့် မော်ဒယ်မှာ နောက်ဆုံးထွက်ရှိ ဖန်တီးအောင်မြင်ထားတဲ့အချက်ပြစနစ်၊ အကူစနစ်နဲ့ နည်းပညာ အဆင့်မြှင့် နိုင်မှုတွေ အားနည်းချင်တာ တွေ့ရပါတယ်။
မော်ဒယ်ကို တန်ဖိုးမြင့်မော်ဒယ်အဖြစ် ထုတ်လုပ်ထားပေမယ့် သူက အထူးသဖြင့်တော့ ယာဉ်မောင်းကို အကူအညီပေးစ နစ်တွေအပိုင်းမှာ ထည့်သွင်း ဖန်တီးထားမှု အားနည်းတာ တွေ့ရတာပဲ ဖြစ်ပါတယ်။ ပြီးတော့ အရွယ်အစားကြီးမားတဲ့ ၂၀ လက်မနဲ့ ၂၁ လက်မအရွယ် ဘီးတွေ တပ်ဆင်လိုက်ရင် မော်ဒယ်က မောင်းနှင်စီးနင်းရတာ နည်းနည်း လေးချင်သလို ဖြစ် သွားပါတယ်။ ဘီးသေးတွေနဲ့မှ ပိုမြန်တာ တွေ့ရပါတယ်။
အခုနှစ်မော်ဒယ်မှာ အရင်နှစ်မော်ဒယ်ထက် လေခွင်းစနစ်ကို ကောင်းမွန်အောင် ပြင်ဆင်ထားမှုကြောင့် ရှေ့ဘက်နဲ့ နောက် ဘက်ရုပ်ထွက် နည်းနည်း ထူးခြားသွားပါတယ်။ ဆွဲဆောင်မှုကတော့ ကောင်းနေဆဲပါပဲ။
ဆီစားနှုန်း ချွေတာနိုင်အောင် ရည်ရွယ်ပြီး အင်ဂျင်ခန်း လေဝင်စနစ်ကို လေဝင်ပေါက်တွေကနေ ပိုမို ရယူထားတာလည်း တွေ့ရပါတယ်။ အတွင်းခန်း သတင်းအချက်ပြစနစ်မှာ ၈.၄ လက်မ အရွယ် Touch စနစ်နဲ့ သုံးနိုင်မယ့်စနစ်ကို ထည့်သွင်း လာပြီး ထိတွေ့ အသုံးပြုရမှု ပိုမို ကောင်းမွန်လာပါတယ်။
Apple CarPlay ရော Android Auto စနစ်တွေပါ ချိတ်ဆက် သုံးနိုင်အောင် ထည့်သွင်းလာတာလည်း တွေ့ရပါတယ်။ Adaptive Cruise Control ရော လမ်းကျဉ်းအချက်ပြစနစ်ရော ရှေ့ဘက်လမ်းကြောင်းပိုင်းဆိုင်ရာ အချက်ပြစနစ်နဲ့ ပတ် လည် ရိုက်ကူးကင်မရာစနစ်ကိုပါ အဆင့်မြှင့် ထည့်သွင်းဖန်တီးလာတာ တွေ့ရပါတယ်။
မော်ဒယ်ခွဲထုတ်လုပ်မှုအနေနဲ့ဆိုရင် အခုနှစ်မော်ဒယ်ကို ရွေးချယ်နိုင်စရာ ၃မျိုး ထုတ်လုပ်တာ တွေ့ရပြီး S, S Q4နဲ့ GTS တွေ ဖြစ်ပါတယ်။
S မော်ဒယ်ခွဲမှာက အင်ဂျင်စနစ်အနေနဲ့ ၃.၀ လီတာသုံး V6 အင်ဂျင်ကို တပ်ဆင်ထားပြီး သူက ရုန်းအား ၄၀၆ ပေါင်-ပေမှာ မြင်းကောင်ရေ ၄၀၄ ကောင်အားထိအောင် ထုတ်လုပ်ပေးမှာပါ။ ၈ချက်သုံး Auto နဲ့ သွားပါတယ်။ နောက်ဘီးယက်စနစ်နဲ့ ဖြစ်ပြီး ၁၉လက်မ ဘီးတွေနဲ့ ဖြစ်ပါတယ်။
S Q4 ဆိုရင် ဘီးစုံယက်စနစ်နဲ့လည်း ရနိုင်လာသလို ဘီးအရွယ်စားမှာလည်း ၂၀ လက်မနဲ့ ရနိုင်လာပါတယ်။
နောက်ဘက်ထိုင်ခုံတန်းမှာပါ အပူပေးစနစ် ပါရှိလာပြီး လက်ကိုင်ဘီးက သစ်သားနဲ့ ဖြစ်လာသလို သားရေသားအစွပ်ထိုင် ခုံတွေနဲ့ ဖြစ်လာပါတယ်။ GTS ကတော့ အမြင့်ဆုံးမော်ဒယ်အဖြစ် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
သူ့မှာတော့ အင်ဂျင်က ၃.၈ လီတာသုံး V8 နဲ့ ဖြစ်လာပြီး ရုန်းအား ၅၂၄ ပေါင်-ပေမှာ မြင်းကောင်ရေ ၅၂၃ ကောင်အားထိ အောင် ထွက်ရှိလာပါတယ်။
နောက်ဘီးယက်စနစ်နဲ့ လာပါတယ်။ ၂၁လက်မ ဘီးတွေနဲ့ ဖြစ်လာပါတယ်။ စွမ်းဆောင်ရည်ရော အရည်အသွေးနဲ့ အပြင် အဆင်အားလုံး အဆင့်မြင့်ဆုံး ဖြစ်အောင် ဖန်တီးထားသလို ဈေးနှုန်းအပိုင်းမှာလည်း ရှေ့က မော်ဒယ် ၂ခုထက် သိသိသာ သာ များသွားပါတယ်။
နောက်ဘက်ထိုင်ခုံတန်းတွေက ခေါက်သိမ်းနိုင်လာတယ်။ နောက်ဘက်ခန်းအတွက် ဖျော်ဖြေရေးစနစ်လည်း သီးသန့် ပါရှိ သလို ထိန်းချုပ်ခလုတ်ခုံလည်း ထည့်သွင်းထားပါတယ်။
မော်ဒယ်က အင်ဂျင် အရွယ်အပေါ် မူတည်ပြီးတော့ ဆီတဂါလံကို ၁၈ မိုင်ကနေ ၁၆ မိုင်အတွင်း စီးနင်းနိုင်မှာ ဖြစ်သလို ဈေး နှုန်းအပိုင်းမှာလည်း နိုင်ငံတကာ ဈေးကွက်မှာ အနိမ့်ဆုံး မော်ဒယ်ခွဲကို ဒေါ်လာ ၁၀၆၂၀၀ ကနေ အမြင့်ဆုံး ၁၃၂၈၀၀ နဲ့ ရောင်းချနေတာ တွေ့ရပါတယ်။
Ref: www.edmunds.com