ဂျာမနီ အခြေစိုက် Brabus ကတော့ အရင်ကတည်းက သူ့ရဲ့ထုတ်လုပ်နေကျပုံစံအတိုင်း ထူးခြားမှုရှိတဲ့ မော်ဒယ်တွေကို ဖန်တီးနေရာကနေ အခုလည်း ကမ္ဘာ့အမြန်ဆုံးမော်ဒယ် ဖြစ်လာမယ့် အမိုးဖွင့်ကားသစ်ကို မိတ်ဆက်လာတာ တွေ့ရပါ တယ်။
ဈေးကွက်ပိုင်းမှာ အောင်မြင်မှုထက် ကုမ္ပဏီအနေနဲ့ မှတ်တမ်းဝင် မော်ဒယ်တွေကိုပဲ ဦးစားပေး ထုတ်လုပ်နေကျပုံစံ အ တိုင်း အခုလည်း မော်ဒယ်ကို အမိုးဖွင့်မော်ဒယ်တွေထဲမှာ အမြန်ဆုံး မောင်းနှင်နိုင်တဲ့ ဈေးကွက်ဝင် မော်ဒယ်ဖြစ်ဖို့ ထုတ် လုပ်မိတ်ဆက်လာတာ ဖြစ်ပါတယ်။
ကုမ္ပဏီ တာဝန်ရှိသူတွေကတော့ အခုလို စံချိန်တင်နိုင်တဲ့မော်ဒယ်တခုခုကို ထုတ်လုပ်နိုင်မှုနဲ့အတူ ဈေးကွက်မှာလည်း လိုချင် သူတွေ များလာပြီး အောင်မြင်မှု ရနိုင်တယ်လို့ ဆိုပါတယ်။
အခု မော်ဒယ်က Mercedes-Benz S65 မော်ဒယ်ကိုပဲ Brabusရဲ့အမှတ်တံဆိပ်အောက်မှာ ကုမ္ပဏီရဲ့နည်းပညာထည့်သွင်း ဖန်တီးပြီး ထုတ်လုပ်လာတာလည်း ဖြစ်ပါတယ်။
Brabus အကြောင်း နည်းနည်း ပြောပြရရင်တော့ သူက ဂျာမနီ အခြေစိုက်စွမ်းဆောင်ရည်မြင့် မော်ဒယ်တွေကို ထုတ်လုပ် နေတဲ့ ကုမ္ပဏီတခု ဖြစ်ပြီး ထူးခြားချက်ကတော့ အခြား မော်တော်ကားထုတ်ကုမ္ပဏီတွေလို မော်ဒယ်တွေကို အစကနေ အဆုံးထိအောင် ကုမ္ပဏီမှာ အပြီးထုတ်လုပ်တာ မဟုတ်ဘဲ သ့ူ စိတ်ကြိုက်အမှတ်တံဆိပ်နဲ့ မော်ဒယ်တွေကို ကုမ္ပဏီက နည်းပညာနဲ့ ပေါင်းစပ်ပြီး စွမ်းဆောင်ရည်မြင့်မော်ဒယ်တွေအဖြစ် ပြောင်းလဲ ထုတ်လုပ်တာ ဖြစ်ပါတယ်။
Brabus ကနေ အများဆုံး အသုံးပြုထုတ်လုပ်တဲ့ အမှတ်တံဆိပ်တွေကတော့ Mercedes-Benz, Smart, Tesla နဲ့ Maybach တွေ ဖြစ်ပါတယ်။
အခုလည်း Mercedesရဲ့ အမိုးဖွင့်မော်ဒယ် S65ကို စွမ်းဆောင်ရည်မြင့် မော်ဒယ်အဖြစ် ဖန်တီးလာခြင်း ဖြစ်ပါတယ်။
ကုမ္ပဏီကတော့ အခု မော်ဒယ်ကို Rocket 900 Cabrio အဖြစ် အမည်ပေးထားပြီး အင်ဂျင်အပိုင်းမှာ မူလက ၆.၀ လီတာ သုံး အရွယ်ရှိ V12 အင်ဂျင်ကနေ ၆.၃လီတာသုံး အင်ဂျင်အရွယ်အဖြစ် ပြောင်းလဲတပ်ဆင်ထားတာ တွေ့ရပါတယ်။ နောက် ပြီး အင်ဂျင်စနစ်မှာ Turbo ကိုလည်း ပိုမို အရွယ်ကြီးမားအောင် ထည့်လိုက်တယ်၊ အိတ်ဇောပိုက်လည်း အရွယ်ပိုကြီးလာ တာ တွေ့ရပါတယ်။
ဒီအင်ဂျင်စနစ်က ရုန်းအား ၁၁၀၆ ပေါင်-ပေမှာ စွမ်းအင် မြင်းကောင်ရေ ၈၈၈ ကောင်အားထိအောင် ထုတ်လုပ်ပေးနိုင် လာပါတယ်။
ဒါကြောင့်လည်း မော်ဒယ်က အမြန်နှုန်း မြှင့်တင်မောင်းနှင်နိင်မှု အပိုင်းမှာ တနာရီ မိုင် ၆၀နှုန်းကို အချိန် ၃.၉စက္ကန့်နဲ့ ရောက် အောင် မောင်းနှင်နိုင်လာတာ တွေ့ရပြီး အမြန်ဆုံး မောင်းနှင်နိုင်မှုအနေနဲ့လည်း တနာရီ ၂၁၇ မိုင်ထိအောင် ရောက်လာမှာ ဖြစ်ပြီး လက်ရှိဈေးကွက်ဝင် အမိုးဖွင့်မော်ဒယ်တွေထဲမှာတော့ အမြန်ဆုံး မောင်းနှင်နိုင်လာတဲ့ မော်ဒယ်အဖြစ် ရပ်တည်လာ နိုင်တာလည်း ဖြစ်ပါတယ်။
ထူးခြားချက်တချက်အနေနဲ့ မော်ဒယ်က အိတ်ဇောအပိုင်းမှာ အင်ဂျင်သံ ထွက်ရှိမှုကို စိတ်ကြိုက် ရွေးချယ်နိုင်မှာ ဖြစ်ပြီး အိတ်ဇောဖန်တီးမှုအပိုင်းမှာ အားကောင်းနေတာကြောင့် အင်ဂျင်အသံထွက်ပုံစံကို ဝယ်ယူသူက စိတ်ကြိုက်ဖြစ်မယ့် အ သံထွက် အနေအထားနဲ့ ဝယ်နိုင်မှာလည်း ဖြစ်ပါတယ်။
ပြိုင်ကားတွေရဲ့အိတ်ဇောသံ ဖြစ်ဖြစ်၊ ဇိမ်ခံမော်ဒယ်တွေရဲ့အင်ဂျင်သံ တိုးဖွတဲ့ပုံစံ ဖြစ်ဖြစ် ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါ တယ်။
အင်ဂျင်စက်နှိုးစနစ်မှာ Mercedesရဲ့ Start/ Stop စနစ်နေရာမှာ Brabus ကနေ On/ Off ပုံစံပြောင်းလဲ ဖန်တီးထားပြီး ကားရဲ့တံခါးပိတ်စနစ်ကိုပါ တပါတည်း ပြီးစီးအောင် ပေါင်းစပ်ဖန်တီးထားတာ တွေ့ရပါတယ်။
ဒီစနစ်က ပုံမှန် Start နှိပ်လိုက်မှ စက်နိုးမယ့်အနေအထားကနေ ယာဉ်ပိုင်ရှင်အနေနဲ့ ကားထဲ ရောက်တာနဲ့ စက်နိုးထားပြီး ဖြစ်နေမှာ ဖြစ်သလို ပုံမှန် Stop ဆိုရင် အင်ဂျင်စက်သတ်လိုက်မှာ ဖြစ်ပေမယ့် အခု Off ကတော့ ကားလည်း စက်သတ်ပြီး ဖြစ်မှာ ဖြစ်သလို ယာဉ်ပိုင်ရှင် ကားပေါ်က ဆင်းလိုက်တာနဲ့ ကားတံခါးလည်း သော့ပိတ်ပြီး ဖြစ်စေမယ်လို့ သိရပါတယ်။
အခုချိန်ထိတော့ မော်ဒယ်ကို ဘယ်လောက်နဲ့ ရောင်းချမယ်ဆိုတာ မသိရေသေးပေမယ့် အခု သတင်းပတ်ထဲမှာ ကျင်းပမယ့် ဖရန့်ဖတ်ကားပြပွဲမှာ အသေးစိတ် ပြသ မိတ်ဆက်လာဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။
Ref: www.maxim.com