ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ ဂျာမနီ အခြေစိုက် Mercedesရဲ့စွမ်းဆောင်ရည်မြင့် မော်ဒယ်ထုတ်လုပ်မှုအပိုင်း AMG ကနေ Project ONEအမည်ရှိ Hybrid စနစ်နဲ့ Hyperတန်းဝင် အဆင့်မြင့် ဇိမ်ခံပြိုင်ကားကို မကြာခင်မှာ ထုတ်လုပ်ရောင်းချမယ် လို့ ကြော်ငြာမိတ်ဆက်လာတာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ၃နှစ်တာကာလအတွင်း Formula One လို ကားပြိုင်ပွဲမှာ Mercedes ကားတွေရဲ့အောင်မြင်မှု ရရှိလာခြင်းနဲ့အတူ နည်းပညာပိုင်း ဖန်တီးမှု အားကောင်းလာခြင်းတွေကနေ အခုလို ပုံမှန်လမ်းကြောင်းမှာပါ မောင်းနှင်အသုံးပြုနိုင်မယ့် မော် ဒယ်သစ်ကို မိတ်ဆက်လာတာ ဖြစ်ပါတယ်။
အခု မော်ဒယ်က Mercedes ရဲ့ပုံရိပ်ကိုလည်း တိုးတက်စေမယ်၊ ပုံမှန်အိမ်စီးနဲ့ ဇိမ်ခံမော်ဒယ်တွေတင် မဟုတ်ဘဲ အဆင့် မြင့် ဇိမ်ခံပြိုင်ကားတွေထိအောင် ထုတ်လုပ်နိုင်မှု ရှိတယ်ဆိုတာ နာမည်ကိုပါ ရရှိအောင်မြင်ဖို့ မျှော်မှန်းထားတယ်လို့ Mercedes-AMGရဲ့တာဝန်ရှိသူ Tobias Moer sက ပြောပါတယ်။
ဒါအပြင် အခုမော်ဒယ် အောင်မြင်ခဲ့မယ်ဆိုရင် နောက်ပိုင်းမှာလည်း AMG ကနေ စွမ်းဆောင်ရည်မြင့်မော်ဒယ်တွေ ဆက် လက်ထုတ်လုပ်လာဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။
အခု မော်ဒယ်ကို ဖရန့်ဖတ်ကားပြပွဲ (frankfurt motor show 2017)မှာ ထည့်သွင်းပြသခဲ့တာ ဖြစ်ပြီး Formula One ကားမောင်းသမား လူးဝစ်ဟာမီတန်ကို ခေါ်ယူမိတ်ဆက်သူအဖြစ် အသုံးပြ မိတ်ဆက်လာတာလည်း ဖြစ်ပါတယ်။
Formula One ကားမောင်းပြိုင်ပွဲမှာ ကမ္ဘာ့ချိန်ပီယံဆုရခဲ့တဲ့ AMG ထုတ်မော်ဒယ်တွေက အင်ဂျင်တွေရဲ့နည်းပညာတွေကို သုံးထားတယ်လို့လည်း ဆိုပါတယ်။
ဟာမီတန်ရဲ့မိတ်ဆက်စကားမှာတော့ အခု မော်ဒယ်ရဲ့အင်ဂျင်က ၂၀၁၅ခုနှစ် အတွင်း Grand Prix ပြိုင်ပွဲဝင်ကားက အင် ဂျင်စနစ်ကို အဆင့်မြှင့်ဖန်တီးထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အင်ဂျင်စနစ်က အရွယ်အနေနဲ့ ၁.၆ လီတာသုံးပဲ ဖြစ်ပေမယ့် V6 အမျိုးအစားတန်းဝင်အောင် ဖန်တီးထားမှာ ဖြစ်ပြီး Turbocharged စနစ်လည်း ပါမယ်။ မြင်းကောင်ရေ ၁၀၀၀ အား ထိအောင် ထုတ်လုပ်ပေးနိုင်မှာလည်း ဖြစ်ပါတယ်။
အင်ဂျင်က တမိနစ်လည်ပတ်အား အမြင့်ဆုံး အပတ်ရေ ၁၁၀၀၀ ထိအောင် ရှိမယ်လို့လည်း ဆိုပါတယ်။
နောက်ပြီး Hybrid စနစ်ဖြစ်တာနဲ့အညီ မြင်းကောင်ရေ ၁၂၁ ကောင်အား ထုတ်လုပ်ပေးနိုင်မယ့် လျှပ်စစ်မော်တာ ၂လုံးကို လည်း တွဲဘက်ထိုင်ထားမှာ ဖြစ်သလို ဒီမော်တာနှစ်လုံးကိုလည်း Turbo နဲ့ တွဲဘက်လိုက်ချိန်မှာ မြင်းကောင်ရေ ၁၆၁ ကောင် အားစီ ထွက်ရှိလာမှာ ဖြစ်လို့ အခုလို မြင်းကောင်ရေ ၁၀၀၀ ကျော်ထိအောင် ထွက်ရှိလာတာလည်း ဖြစ်ပါတယ်။ မော်ဒယ်က ဘီးစုံယက်စနစ်နဲ့ လာမှာပါ။
ဒါပေမယ့် ဖန်တီးမှုအပိုင်းမှာ နောက်ထပ် လျှပ်စစ်မော်တာ ၂လုံး ထပ်ထည့်ထားဖို့ ရှိပြီး စုစုပေါင်း အင်ဂျင်အပြင် လျှပ်စစ် မော်တာ ၄ လုံးထိအောင် ထိုင်ထားဖို့ ရှိပြီး တနာရီ ၂၁၇ မိုင်ထိအောင် အမြန်ဆုံး မောင်းနှင်နိုင်လာဖို့ ရှိသလို တနာရီ ၁၂၄ မိုင် ဆိုတဲ့နှုန်းကိုလည်း အချိန် ၆ စက္ကန့်ထက် မကျော်ချိန်အတွင်း ရောက်ရှိအောင် မောင်းနှင်နိုင်လာဖို့ ရှိနေတာပါ။
အတွင်းခန်းကတော့ F1ကားတွေလိုပဲ ခိုင်ခံ့မာကျောသလို ယုံကြည်စိတ်ချရမှု အပြည့်ရှိအောင် ဖန်တီးထားမှာ ဖြစ်ပါတယ်။ ထိုင်ခုံတွေကို ကာဗွန်ဖိုက်ဘာသားတွေနဲ့ ဖန်တီးပြီး ကားရဲ့အလေးချိန်ကို လျော့ချနိုင်အောင် တပ်ဆင်ထားမှာလည်း ဖြစ်ပါ တယ်။
လက်ကိုင်ဘီးက လေးထောင့်ဆန်ဆန် ဒီဇိုင်း ဖြစ်မယ်၊ သတင်းအချက်အလက်ပြစနစ်က Dashboard ထဲမှာ ထိုင်ထားမှာ မ ဟုတ်ဘဲ TVတွေလို အထောင် ဒီဇိုင်းနဲ့ ဖြစ်မယ်။
သိရသလောက်တော့ အခု မော်ဒယ်ကို မိတ်ဆက်ပွဲမှာကတည်းက အစီးရေ ၂၇၅ စီးထိအောင် ရောင်းချထားရပြီး ဖြစ်သလို ယူရို ၂.၂၇၅သန်း၊ ဒေါ်လာ ၂.၇၂ သန်းနဲ့ ရောင်းချထားရတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဈေးကွက်အတွက် ၂၀၁၉ မှာ စတင် ရောင်းချလာဖို့ ရှိပြီး အခု ကြိုတင်မှာယူသူတွေ လက်ထဲကို အရင်ဆုံး ပေးအပ်လာဖို့ ရှိနေ တာလည်း ဖြစ်ပါတယ်။
www.businessinsider.com