• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

အစိုးရစီမံကိန်း ဘတ်ဂျက်ကာလ ပြောင်းလဲ သတ်မှတ်မည်

by ထက်နိုင်ဇော်
22 September 2017
in စီးပွားရေး
A A
ယနေ့ နေပြည်တော်တွင် ကျင်းပခဲ့သည့် ၂၀၁၈-၁၉ အမျိုးသား စီမံကိန်း ဥပဒေ ပြုစု ရေးဆွဲရေး ညှိနှိုင်း အစည်းအဝေး / ထက်နိုင်ဇော် / ဧရာဝတီ

ယနေ့ နေပြည်တော်တွင် ကျင်းပခဲ့သည့် ၂၀၁၈-၁၉ အမျိုးသား စီမံကိန်း ဥပဒေ ပြုစု ရေးဆွဲရေး ညှိနှိုင်း အစည်းအဝေး / ထက်နိုင်ဇော် / ဧရာဝတီ

9k
VIEWS
Share on FacebookShare on Twitter

အစိုးရ၏ စီမံကိန်းများကို အဆင်ပြေစွာ အကောင်အထည်ဖော်နိုင်ရန် ဘတ်ဂျက်ကာလကို ၁၈ လအထိ တိုးမြင့် သတ်မှတ်နိုင်ရေး နိုင်ငံတော် အကြီးအကဲများထံသို့ တင်ပြထားပြီး ပြည်ထောင်စု လွှတ်တော်ထံသို့လည်း ခွင့်ပြုချက် တောင်းခံမည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောသည်။

ယနေ့ နေပြည်တော်တွင် ကျင်းပသည့် ၂၀၁၈-၁၉ အမျိုးသား စီမံကိန်း ဥပဒေ ပြုစု ရေးဆွဲရေး ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်လာသည့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းက “အကြီးအကဲကိုလည်း မနေ့က ကျနော် တင်ပြခဲ့ပြီးပါပြီ။ ဘတ်ဂျက် အနေအထားကတော့ ဒီလို ရှိပါတယ်။ ဒါကြောင့် စီမံကိန်း ရည်မှန်းချက်တွေ ရေးဆွဲတဲ့အခါကျရင် ၆ လနဲ့ ဘယ်လိုမှ သဟာဇာတ မဖြစ်တဲ့အတွက်ကြောင့် ၁၈ လစာ သွားပါမယ် ဆိုပြီးတော့ ပြောခြင်းပဲ ဖြစ်ပါတယ်”ဟု ပြောသည်။

RelatedPosts

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

11 May 2025
1.2k
မြေရှား သဘောတူညီမှုတွင် ထရမ့်ထက် ဇယ်လန်စကီး ပိုအသာရ

မြေရှား သဘောတူညီမှုတွင် ထရမ့်ထက် ဇယ်လန်စကီး ပိုအသာရ

10 May 2025
2.4k
ပြည်တွင်း ဆန်ဈေး စစ်ကောင်စီ သတိပေး

ပြည်တွင်း ဆန်ဈေး စစ်ကောင်စီ သတိပေး

9 May 2025
791

ယခု အစီအစဉ်သည် ပြည်ထောင်စု လွှတ်တော်သို့ မရောက်မီ စီမံကိန်း ကော်မရှင်၊ ဘဏ္ဍာရေး ကော်မရှင်၊ နိုင်ငံတော် သမ္မတရုံးမှ တဆင့် အစိုးရအဖွဲ့၏ အတည်ပြုချက် ရယူပြီးနောက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် စီမံကိန်း လုပ်ငန်းများကို အကောင်အထည်ဖော်မည့် ဌာနများ အနေဖြင့် ၁၈ လစာ ကြိုတင် စဉ်းစားထားရန် ၎င်းက ပြောဆိုထားသည်။

အစိုးရအဖွဲ့က လွှတ်တော်သို့ တင်ပြရသည့် အမျိုးသား စီမံကိန်း ဥပဒေ၊ နှစ်စဉ် ရသုံးမှန်းခြေ ဥပဒေ၊ အခွန်အကောက် ဥပဒေ တို့ကို တပြိုင်တည်း တင်ပြလေ့ ရှိသော်လည်း ယခုနောက်ပိုင်းတွင် နိုင်ငံတော်၏ တည်ဆောက်ရေး လုပ်ငန်းများ၊ စီးပွားရေး ပုံသဏ္ဍာန်များ ပြောင်းလဲလာသည့်အပေါ် မူတည်ပြီးရန် ဘတ်ဂျက်နှစ်ကို အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်သို့ ပြောင်းရန် စီစဉ်နေခြင်း ဖြစ်ကြောင်း စီမံကိန်း ရေးဆွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်တင့်က ပြောသည်။

“တိုင်းပြည်ရဲ့ တည်ဆောက်ရေးလုပ်ငန်းတွေလုပ်တဲ့အခါ လမ်းဖောက်တာတို့ အဆောက်အဦတွေ ဆောက်တာတို့ တံတား ဆောက်တာတို့က ပွင့်လင်းရာသီမှာ ပိုပြီးလုပ်ဆောင်ရတာတွေရှိလာတယ်။ ပွင့်လင်းရာသီမှာ လုပ်ဆောင်ရတဲ့အခါကျတော့ ကျနော်တို့ က ဧပြီ ၁ မှာ လုပ်ရတဲ့ အခါကျတော့ မိုးရာသီကာလက ၆ လလောက် ဖြစ်နေတော့ အကောင်အထည်ဖော်တဲ့ ကာလနဲ့ ဘတ်ဂျက်နှစ်က လိုက်လျောညီထွေ မရှိဘူး”ဟု ဦးမောင်မောင်တင့်က ရှင်းပြသည်။

ထို့ကြောင့် အများပြည်သူ၏ စိတ်ထဲတွင် သတ်မှတ်ကာလအတွင်း မလုပ်နိုင်ဘူးဆိုသည့် အထင်အမြင်များ ရှိနေကြောင်း၊ အချိန် ကာလနှင့် လိုက်လျောညီထွေဖြစ်သည့် အစီရင်ခံစာ ပြုစုခြင်း၊ စာရင်းစစ်ဆေးခြင်း၊ စာရင်းပြုစုခြင်း စသည့် အခက်အခဲများကို ပြေလည်နိုင်ရန် ဖြစ်သည်။

“အကောင်အထည်ဖော်တဲ့ အချိန်အတိုင်းအတာ ကန့်သတ်ချက်တွေက တချို့လုပ်ငန်းတွေက သတ်မှတ်တဲ့အချိန်အတွင်းမှာ ပြီးအောင် မဆောင်ရွက်နိုင်ဘူးဆိုတဲ့ အနေအထားလေးတွေ ရှိတယ်။ နောက်ပြီး အကောင်အထည်ဖော်ရတဲ့ ဌာနတွေမှာလည်း ရာသီဥတုရဲ့ ကန့်သတ်ချက်တွေကြောင့် လုပ်ဆောင်ရတာ အခက်အခဲတွေ့နေရတယ်”ဟု ၎င်းက ပြောသည်။

ပထမ ရည်ရွယ်ချက်မှာ ဘဏ္ဍာရေးငွေအရ အသုံးစာရင်းများကို မူလလျာထားချက်နဲ့ အမှန်နီးစပ်မှု ရှိစေရန်၊ နီးစပ်စွာ ခန့်မှှန်းခြင်းအားဖြင့် နှစ်ကုန်သည့်အခါ ပိုလျှံငွေပြန်အမ်းမှုများ၊ ရန်ပုံငွေ လွှဲပြောင်းသုံးစွဲရခြင်းများ၊ တောင်းခံမှု လျော့နည်းသွားစေရန်နှင့် နှစ် လတ် ဘဏ္ဍာရေးမူဘောင် ရေးဆွဲပါက ရငွေတွေကို ကြိုတင်ခန့်မှန်းနိုင်ရန် ဖြစ်ကြောင်း သိရသည်။

လာမယ့် ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ ၁ နှစ်နှင့် ၆ လ ဘတ်ဂျက် ရေးဆွဲရန် စီစဉ်နေကြောင်း၊ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ်မှ စတင်ကာ ဘဏ္ဍာနှစ်ကို အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ပြောင်းလဲသတ်မှတ်ရန် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၁၇/ ၂၀၁၇ တွင် သဘောတူညီခဲ့ပြီး ဖြစ်ကြောင်း ရသုံးမှန်းခြေ ငွေစာရင်း ဦးစီးဌာနမှ သိရသည်။

“ဒီရငွေပေါ်မှာ မူတည်ပြီး ဌာနအဖွဲ့အစည်းတွေကို အသုံးစားရိတ်တွေကို ထိရောက်စွာ ခွဲဝေပေးနိုင်ဖို့ ဖြစ်ပါတယ်။ ဒီရငွေတွေကို ခန့်မှန်းပြီး ခွဲဝေပေးတဲ့အခါမှာ ငွေလုံး အသုံးစားရိတ်ဘောင်နဲ့ သာမန်အသုံးစားရိတ်ဘောင်ဆိုပြီး ဘောင်တွေနဲ့ ဝန်ကြီးဌာနတွေကို ခွဲဝေပေးတာ ဖြစ်ပါတယ်”ဟု ဒေါ်နွဲ့နွဲ့ဝင်းများက ပြောသည်။

ကာကွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ခံ တက်ရောက်လာသူက ၎င်းတို့ ဝန်ကြီးဌာန အနေဖြင့် အမျိုးသား စီမံကိန်း ဥပဒေကြမ်း ရေး ဆွဲသည့် အခါ စီမံကိန်း ရေးဆွဲရေး ဦးစီးဌာနမှ ချမှတ်ပေးထားသည့် မူဝါဒ၊ လုပ်ထုံးလုပ်နည်း ဥပဒေများနှင့်အညီ အောင်မြင်စွာ ဆောင်ရွက်လျက် ရှိကြောင်း၊ ရသုံးမှန်းခြေဌာနမှ ဘတ်ဂျက်ခွဲဝေပေးထားသည့် သတ်မှတ်မူဘောင်အတိုင်း လိုက်နာနေကြောင်း ပြောသည်။

ယင်းဆွေးနွေးပွဲသို့ တက်ရောက်လာသည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများတွင် တာဝန် အရှိဆုံး ဖြစ်သော ဒုဝန်ကြီးများ၊ အမြဲတန်း အတွင်းဝန်များနှင့် ညွှန်ချုပ်များက ယင်းသို့ ဘတ်ဂျက်ကာလ ပြောင်းလဲသတ်မှတ်ခြင်းကို ထောက်ခံသူများ ရှိသလို ပြန်လည် စဉ်းစား သုံးသပ်ရန် အကြံပြုသူများလည်း ရှိခဲ့သည်။

Your Thoughts …
Tags: ဘတ်ဂျက်ကာလအစိုးရ
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

ဖယောင်းတိုင်ထွန်းပြီး တိုင်းပြည်အုပ်ချုပ်လို့မရဘူး (ရုပ်/သံ)

ဖယောင်းတိုင်ထွန်းပြီး တိုင်းပြည်အုပ်ချုပ်လို့မရဘူး (ရုပ်/သံ)

by ဧရာဝတီ
16 January 2025
898

အာဏာသိမ်း စစ်ကောင်စီဟာ လှည့်ကျစနစ်နဲ့ပေးနေတဲ့ လျှပ်စစ်မီးကိုတောင် မှန်အောင်မပေးနိုင်တော့ပါဘူး။ ရန်ကုန်မြို့မှာ အရင်က အလှည့်ကျ မီးရရှိမှုဟာ တရက်ကို ၁၂ နာရီ ရှိခဲ့ပေမယ့် အခု ၂၀၂၅ ခုနှစ်ရဲ့ မီးပေးဝေမှု ဇယားမှာတော့ တရက်ကို ၈...

ကရင်ပြည်နယ်နယ်ခြားစောင့်တပ် (BGF) ၏ ဗဟိုအကြံပေးနှင့် ကွပ်ကဲ ရေးအဖွဲ့၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူ  / ထက်ဝေ  / ဧရာဝတီ

ကရင် BGF ခေါင်းဆောင်တွေ ဘယ်လမ်းရွေးမလဲ

by ထွန်းထွန်း
20 January 2021
26k

အငြင်းပွားမှုတွေနဲ့ ဝေဖန်ခံနေရတဲ့ ရွှေကုက္ကို မြို့သစ်စီမံကိန်း ဂယက်ဟာ တပ်မတော်နဲ့ နယ်ခြားစောင့်တပ် (BGF) တို့အကြား အစုလိုက်အပြုံလိုက် နှုတ်ထွက်တဲ့အထိ သဘောထား တင်းမာမှုတွေဖြစ်ခဲ့ပြီး မရေရာတဲ့ အခြေအနေ ဖြစ်လာခဲ့ပါတယ်။

CDM တွေကို ဘာကြောင့် ပြန်ခေါ်နေတာလဲ (ရုပ်/သံ)

CDM တွေကို ဘာကြောင့် ပြန်ခေါ်နေတာလဲ (ရုပ်/သံ)

by ဇော်မြတ်ခန့်
17 July 2024
716

အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ပြုလုပ်သွားတဲ့ဝန်ထမ်းတွေကို အမည်မည်းစာရင်း (Black Lists) စာရင်းကနေ ပယ်ဖျက်ပေးမယ်ဆိုပြီး စစ်ကောင်စီက မက်လုံးပေး ဖိတ်ခေါ်နေပါတယ်။

တော်လှန်ရေးမြန်မြန်ပြီးအောင် ပြန်ခေါ်တာဖြစ်တယ် (ရုပ်/သံ)

တော်လှန်ရေးမြန်မြန်ပြီးအောင် ပြန်ခေါ်တာဖြစ်တယ် (ရုပ်/သံ)

by ဧရာဝတီ
28 November 2024
687

နိုင်ငံပြင်ပကို ရောက်ရှိနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ခေါင်းဆောင်တွေအနေနဲ့ ပြည်တွင်းကို ပြန်လာဖို့ ယာယီသမ္မတ ဒူဝါလရှီးလက နိုဝင်ဘာ ၂၆ ရက်က ကျင်းပခဲ့တဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ဖိတ်ခေါ်လိုက်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ဖိအားမပေးသင့်ဘူး (ရုပ်/သံ)

တရုတ်နိုင်ငံအနေနဲ့ ဖိအားမပေးသင့်ဘူး (ရုပ်/သံ)

by ယဉ်မွန်
24 July 2024
572

စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ တရုတ်နိုင်ငံအတွက် ကောင်းကျိုးရှိလာမှာ မဟုတ်တဲ့အတွက် မြန်မာနိုင်ငံအပေါ် ဖိအားပေးတာတွေ ရပ်တန့်ဖို့ လူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက ဝေဖန်ထောက်ပြပါတယ်။

ကမ္ဘောဒီးယားက သဘာဝ ပတ်ဝန်းကျင်သမား ၁၀ ဦး အစိုးရနဲ့ ဘုရင်ကို ဆန့်ကျင်စော်ကားမှုနဲ့ နှစ်ရှည် ပြစ်ဒဏ်ချခံရ

ကမ္ဘောဒီးယားက သဘာဝ ပတ်ဝန်းကျင်သမား ၁၀ ဦး အစိုးရနဲ့ ဘုရင်ကို ဆန့်ကျင်စော်ကားမှုနဲ့ နှစ်ရှည် ပြစ်ဒဏ်ချခံရ

by ဧရာဝတီ
6 July 2024
567

Mother Nature အဖွဲ့ဝင် ၃ ဦးမှာ အစိုးရနဲ့ ဘုရင်စနစ်ကို စော်ကားတဲ့ ပြစ်မှု နှစ်ခုစလုံး အတွက် ၈ နှစ်စီ ပြစ်ဒဏ် ကျခံဖို့ အမိန့်ချ ခံခဲ့ရတယ်လို့ ဆိုပါတယ်။

Next Post
အနောက်ဘက် နယ်စပ်ဒေသ ရခိုင်အမျိုးသားနယ်မြေ ပြန်လည် တည်ဆောက်ရေး အထောက်အကူပြု ယာယီကော်မတီ၏ အကြံပေး အဖွဲ့ဝင်၊  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ဦးဦးလှစော / မင်းအောင်ခိုင် / ဧရာဝတီ

“ရခိုင်ပြည်နယ်အစိုးရမှာ တိကျတဲ့ မူဝါဒ မရှိသေးဘူး”

JMC-U သတင်းစာ ရှင်းလင်းပွဲ / ချမ်းစွန်း / ဧရာဝတီ

ပဋိပက္ခများ မဖြစ်ပွားရေး မြေပြင်တပ်မှူးချင်း တွေ့ဆုံနိုင်ရန် ဆောင်ရွက်မည်ဟု ဆို

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

1 week ago
7.3k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0
  • တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate