စီးပွားရေး

ကမ္ဘာ့အကောင်းဆုံး မော်တော်ဆိုင်ကယ် အမှတ်တံဆိပ်များ

Want create site? Find Free WordPress Themes and plugins.

လက်ရှိ ကမ္ဘာ့ဆိုင်ကယ်ဈေးကွက်ကို လေ့လာမှုတွေနဲ့ ဆိုင်ကယ်နှစ်သက်သူတွေဆီကနေ ပြန်လည်ရရှိတဲ့ စစ်တမ်းကောက်ခံချက်တွေအရ ဘယ်ဆိုင်ကယ် အမှတ်တံဆိပ်က အကောင်းဆုံး ဖြစ်နေသလဲ ဆိုတာ ကြည့်ရအောင်ပါ။

(၁) Honda

လက်ရှိ ဂျပန်အခြေစိုက်ကုမ္ပဏီက ကမ္ဘာ့ဆိုင်ကယ်ဈေးကွက်မှာ ပြိုင်ဘက် မရှိလောက်အောင် ကိုယ်ထည် အမျိုးမျိုးသော ဆိုင်ကယ်တွေကို ထုတ်လုပ်ရောင်းချနေသလို လူကြိုက်အများဆုံးအဖြစ် ရပ်တည်နေပါတယ်။

စီးနင်းသူတွေရဲ့အကြိုက်ဆုံးအဖြစ် သတ်မှတ်ခံရမှု ရရှိထားတာပါ။ အထူးသဖြင့်တော့ အိမ်စီး ဆိုင်ကယ်တွေတင်မဟုတ်ဘဲ SportBike, Cruiserနဲ့ Touringမော်ဒယ်တွေကို ကောင်းကောင်း ထုတ်လုပ်လာနိုင်လို့ အမေရိကန်အခြေစိုက် အမှတ်တံ ဆိပ်တွေကို ကျော်တက်အောင်မြင်မှု ရသွားတာ ဖြစ်ပါတယ်။

(၂) Harley Davidson

အမေရိကန်မှာတော့ သက်တမ်းအရင့်ဆုံး ဆိုင်ကယ်ကုမ္ပဏီပါ။ သူက အိမ်စီးဆိုင်ကယ် ထုတ်လုပ်မှု မရှိတာကြောင့် အ စီးရေ အများအပြား ထုတ်လုပ်ရောင်းချနိုင်မှု မရှိဘဲ ရွေးချယ်ဝယ်ယူနိုင်စရာ နည်းလို့ Hondaရဲ့ကျော်တက်ခြင်းကို ခံ လိုက်ရတာပါ။ ဘီးကြီးလို့ ြ့ပည်တွင်းမှာ ခေါ်တဲ့ အနေအထားမှာတော့ Cruiserနဲ့ Customလို မော်ဒယ်တွေ ထုတ်လုပ်မှု မှာတော့ အကောင်းဆုံး ဖန်တီးနိုင်သူအဖြစ် ရပ်တည်နေပါတယ်။

(ဒီဇိုင်း- ကျော်မျိုးထိုက်/ ဧရာဝတီ)

(၃) Kawasaki

ကမ္ဘာပေါ်မှာ Sportbike အကောင်းဆုံး ထုတ်လုပ်နိုင်သူအဖြစ် Hondaနဲ့အတူ တွဲဖက် သတ်မှတ်ခံထားရပါတယ်။ သူ လည်း ပုံမှန် အိမ်စီးမော်ဒယ်ထုတ်လုပ်မှု တော်တော်ကို နည်းပါတယ်။

Do လို့ ပြည်တွင်းမှာ အခေါ်များတဲ့ Dual Purpose ကိုယ်ထည်နဲ့ Sportbike တွေ အများဆုံး ထုတ်လုပ်အောင်မြင်မှု ရနေတာပါ။ ဆိုင်ကယ်အစီးရေ အများအပြား ရောင်းချနိုင်မှု မရှိပေမယ့် အကောင်းဆုံး မော်ဒယ်ကို ထုတ်လုပ်နိုင်သူ အဖြစ် နာမည်ကြီးပါတယ်။

(၄) Yamaha

တန်ဖိုးသင့်နဲ့ တန်ဖိုးနည်းပြိုင်ဆိုင်ကယ်လို့ လူသိများတဲ့ Standardတွေကို ဈေးနှုန်း အစုံ၊ ရွေးချယ်နိုင်စရာအစုံ ရ နိုင်အောင် ထုတ်လုပ်ရောင်းချပြီး နာမည်ကြီးပါတယ်။

၁၉၇၇ ခုနှစ်က ထုတ်လုပ်မိတ်ဆက်ခဲ့တဲ့ XT500 ကနေ စပြီး အောင်မြင်မှု စတင် ရရှိခဲ့တာဖြစ်ပြီး ကမ္ဘာ့အနှံ့အပြားမှာ Yamaha ဆိုတဲ့ အမည်တလုံး ရခဲ့ပါတယ်။ ပတ်လမ်းမောင်း ဆိုင်ကယ်ပြိုင်ပွဲတွေမှာလည်း Honda, Kawasaki လို တံဆိပ်တွေနဲ့အတူ လူကြိုက်များ နာမည်ကြီးပါတယ်။

(၅) Suzuki

Hondaလိုပဲ အိမ်စီးရော ကိုယ်ထည် အမျိုးစုံသော ဆိုင်ကယ်တွေကို ရွေးချယ်နိုင်စရာ များများရအောင် ထုတ်လုပ်နိုင်မှုနဲ့ အတူ နာမည်ကြီးပါတယ်။

အခုခေတ်ထဲမှာ 2 Strokeတွေ လူကြိုက် နည်းသွားပေမယ့် 2 Strokeအင်ဂျင်ပုံစံနဲ့ စွမ်းဆောင်ရည်မြင့် မော်ဒယ်တွေ ထုတ်လုပ်နိုင်မှုနဲ့ အတူ နာမည်ကြီးပါတယ်။ GSXR 750 ဆိုရင်လည်း ဈေးကွက်မှာရော ပြိုင်ပွဲတွေမှာပါ အောင်မြင်မှုတွေ အများကြီး ရရှိထားတဲ့ မော်ဒယ်ဖြစ်ပြီး ကုမ္ပဏီထုတ် မော်ဒယ်ပေါင်း များစွာနဲ့ ပြိုင်ပွဲ အများအပြားမှာ စံချိန်မျိုးစုံ တင်ထားနိုင်တာလည်း ဖြစ်ပါတယ်။

(၆) KTM

လက်ရှိ ပြည်တွင်းမှာပါ ဈေးကွက်ဝင်လာနေပြီ ဖြစ်တဲ့ သြစတီးယား အခြေစိုက် နာမည်ကျော် အမှတ်တံဆိပ် တစ်ခုပါ။ ဆိုင်ကယ်ထုတ်လုပ်မှုတွေကို ပတ်လမ်းမှာ စမ်းသပ်မောင်းနှင်မှုအပြင် စမ်းသပ်ခန်းတွေထဲမှာပါ ကွန်ပျူတာတွေနဲ့ ချိတ်ဆက်ပြီး စွမ်းအင် ထုတ်လုပ်နိုင်မှု၊ အမြန်ဆုံး မောင်းနှင်နိုင်မှုနဲ့ ဖန်တီးမှုဆိုင်ရာ နည်းပညာ အားဖြည့်မှုတွေ လုပ်ဆောင်ထုတ်လုပ်လို့ အရည်အသွေး ကောင်းမွန် စိတ်ချရပြီး လူကြိုက်များပါတယ်။ Dual Purpose ဆိုင်ကယ်တွေကို အကောင်းဆုံးထုတ်လုပ်နိုင်သူအဖြစ် လူသိများပါတယ်။

(ဒီဇိုင်း- ကျော်မျိုးထိုက်/ ဧရာဝတီ)

(၇) Triumph

ပြည်တွင်းမှာ လူသိနည်းတဲ့ အမှတ်တံဆိပ်ပါ။ အင်္ဂလန် အခြေစိုက် ကုမ္ပဏီက ၁၉၈၀ပြည့်လွန်နှစ်တွေမှာ ဆိုင်ကယ် ထုတ်လုပ်မှု ခဏတာ ရပ်နားသွားပေမယ့် အခုတော့ အရည်အသွေးကောင်းတဲ့မော်ဒယ်တွေ ပြန်လည် ထွက်ရှိလာ တာ တွေ့ရပါတယ်။

မြန်နှုန်းမြှင့်တင်နိုင်မှု အားကောင်းတယ်၊ ကိုယ်ထည်က ဘယ်လို ကိုယ်ထည်အနေနဲ့ပဲ ထုတ်လုပ်ထားသည် ဖြစ်စေ အထူး တည်ငြိမ် ကောင်းမွန်တယ်၊ Daytona 675 မော်ဒယ်ကတော့ ဈေးကွက်မှာ လူကြိုက်အများဆုံး ကုမ္ပဏီထုတ် မော်ဒယ် အဖြစ် လူကြိုက်များနေတပါတယ်။

(၈) Victory

၁၉၉၀ပြည့်နှစ်တွေမှာ စပြီး Cruiser မော်ဒယ်တွေကို အကောင်းဆုံး ထုတ်လုပ်အောင်မြင်လာတဲ့ အမေရိကန်အခြေစိုက် ကုမ္ပဏီတစ်ခုပဲ ဖြစ်ပါတယ်။ Harleyရဲ့ မော်ဒယ်တွေကို အကောင်းဆုံး ပြိုင်ဆိုင်နိုင်လောက်သည်ထိအောင် အ ရည်အသွေးရော စွမ်းဆောင်ရည်ပါ ကောင်းမွန်ပါတယ်။

အထူးသဖြင့်တော့ စွမ်းဆောင်ရည်မြင့် V-Twin အင်ဂျင်စနစ်တွေကို အောင်မြင်အောင် ဖန်တီးနိုင်မှု စွမ်းဆောင် ရည်မြင့်မော်ဒယ်တွေ ထွက်ရှိလာပြီး လူကြိုက်များလာတာပဲ ဖြစ်ပါတယ်။

(၉) Ducati

အီတလီ အခြေစိုက် ကုမ္ပဏီကတော့ လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံး Sport Bike ထုတ်လုပ်နိုင်သူအဖြစ် သတ်မှတ်ကြ တာလည်း တွေ့ရပါတယ်။ ဥရောပတဝန်းမှာ အောင်မြင်မှု အများဆုံး အမှတ်တံဆိပ်ပါ။ ဈေးကွက် ချဲ့ထွင်ရောင်းချမှုအား နည်းချင်တာကြောင့် ဂျပန် အခြေစိုက် အမှတ်တံဆိပ်တွေလောက် နေရာတိုင်းမှာ မတွေ့ရတာ ဖြစ်ပါတယ်။

ဈေးနှုန်း မြင့်သလောက် စွမ်းဆောင်ရည် မြင့်မားအောင် ဦးစားပေး ထုတ်လုပ်လေ့ရှိတာ တွေ့ရပါတယ်။ အိမ်စီးနဲ့ Cruiser လို မော်ဒယ်တွေ ထုတ်လုပ်မှု နည်းချင်ပါတယ်။

(၁၀) BMW

အားလုံး သိကြတဲ့ ဇိမ်ခံ ကားကုမ္ပဏီက ကနဦးပိုင်းမှာ မော်တော်ဆိုင်ကယ် ထုတ်လုပ်မှုမှာ ပိုပြီး လူသိများပါတယ်။ ဒုတိယ ကမ္ဘာစစ် မတိုင်ခင်ကတည်းက ကုမ္ပဏီထုတ် မော်ဒယ်တွေက စွမ်းဆောင်ရည် အထူးကောင်းမွန်လို့ လူကြိုက်များကြပါ တယ်။

K1600 မော်ဒယ်က ပေါ့ပါးတယ်၊ သွက်လက်တယ်၊ လူကြိုက် အများဆုံး မော်ဒယ် တခုပါ။ S 1000 RR လို Sport မော် ဒယ်ကလည်း လူငယ်တိုင်း နှစ်သက်လက်ခံနိုင်လောက်အောင် တကမ္ဘာလုံးမှာ အောင်မြင်မှုရပြီး ဈေးနှုန်း မြင့်မားမှုနဲ့အတူ Ducatiနဲ့ အနီးဆုံး ပြိုင်ဖက်အဖြစ် ရှိနေတာပါ။

Did you find apk for android? You can find new Free Android Games and apps.
Loading