နှစ်စဉ် နှစ်တိုင်း Interbrand ကနေ ကမ္ဘာမှာ ကဏ္ဍအလိုက်တန်ဖိုး အရှိဆုံး အမှတ်တံဆိပ်တွေကို ထုတ်ပြန်လေ့ရှိပြီး အခု နှစ်အတွက် ကားထုတ်လုပ်သူတွေအပိုင်းမှာ တန်ဖိုးအရှိဆုံးကား အမှတ်တံဆိပ်တွေကို ထုတ်ပြန်လာလို့ ပြည်တွင်းက ပရိတ် သတ်တွေ သိထားရအောင် ပြောပြချင်ပါတယ်။
ဒီလို တန်ဖိုးအရှိဆုံး အမှတ်တံဆိပ် တွက်ချက်မှုမှာ မော်တော်ကား ထုတ်လုပ်ရောင်းချနိုင်မှုရော ဖန်တီးနိုင်မှု နည်းပညာ အား ကောင်းမှုတွေကိုပါ ထည့်သွင်းတွက်ချက်တာ ဖြစ်ပါတယ်။
အခု ပြောမယ့် တန်ဖိုးအရှိဆုံး ကားအမှတ်တံဆိပ် ၁၅ခုပေါင်းရဲ့ တန်ဖိုးက ဒေါ်လာ ဘီလီယံ ၂၆၀ လောက်ထိအောင် ရှိနေ တာလည်း ဖြစ်ပါတယ်။
(၁) Toyota
ကမ္ဘာ့မော်တော်ကား ရောင်းချရမှု အများဆုံး အမှတ်တံဆိပ်က ဒေါ်လာ ၅၀.၂၉ ဘီလီယံလောက်ထိအောင် တန်ပါတယ်။ ဒါ တောင် ရောင်းအား ၆ ရာခိုင်နှုန်းလောက် ကျသွားလို့ပါ။ Corolla မော်ဒယ်က ရောင်းအား အကောင်းဆုံး ဖြစ်ပါတယ်။
(၂) Mercedes-Benz
ဂျာမနီအခြေစိုက် အမှတ်တံဆိပ် ဖြစ်ပြီး သူလည်း ဒေါ်လာ ဘီလီယံ ၄၇.၈၃လောက်ထိအောင် တန်နေပါပြီ။ အရင်နှစ်က ထက် ရောင်းအား ၁၀ရာခိုင်နှုန်း တက်လာတယ်လို့ သိရပါတယ်။ ရောင်းအား အကောင်းဆုံး မော်ဒယ်က C-Class ဖြစ်ပါ တယ်။
(၃) BMW
ဂျာမနီ အခြေစိုက် ဇိမ်ခံကားထုတ် ကုမ္ပဏီက တန်ဖိုး ၄၁.၆၂ ဘီလီယံ ဒေါ်လာလောက်ထိအောင် ရှိနေပါတယ်။ အရင်နှစ် ကလည်း အဆင့် ၃ပါပဲ။ ရောင်းအား အကောင်းဆုံး မော်ဒယ်က 3 Series ဖြစ်ပါတယ်။
(၄) Honda
ဂျပန်ရဲ့ နာမည်ကျော် Hondaက တန်ဖိုး ၂၂.၇၀ ဘီလီယံဒေါ်လာလောက်ထိအောင် တန်ပါတယ်။ ရောင်းအား ၃ ရာခိုင် နှုန်း တက်လာပါတယ်။ ရောင်းအား အကောင်းဆုံး မော်ဒယ်ကတော့ Civic ဖြစ်ပါတယ်။
(၅) Ford
အမေရိကန် အခြေစိုက် Fordကတော့ တန်ဖိုး ၁၃.၆၄ ဒေါ်လာ ဘီလီယံနဲ့ Hyundaiနဲ့ သိပ်မကွာပါဘူး။ ရောင်းအား ၅ ရာ ခိုင် နှုန်းထိအောင် တက်လာပါတယ်။ ရောင်းအား အကောင်းဆုံးက အကြမ်းခံ F Series မော်ဒယ်တွေ ဖြစ်ပါတယ်။
(၆) Hyundai
တောင်ကိုရီးယား အခြေစိုက် ကုမ္ပဏီက တန်ဖိုး ဒေါ်လာ ၁၃.၉ ဘီလီယံလောက်ထိအောင် ရှိနေပါတယ်။ ရောင်းအား ၅ရာ ခိုင်နှုန်း တက်လာပါတယ်။ ရောင်းအား အကောင်းဆုံး မော်ဒယ်အဖြစ် Elantra ရှိပါတယ်။
(၇) Audi
ဂျာမနီ အခြေစိုက် ဇိမ်ခံနဲ့ စွမ်းဆောင်ရည်မြင့် မော်ဒယ်တွေကြောင့် လူကြိုက်များပြီး အမှတ်တံဆိပ်က ၁၂.၀၂ ဒေါ်လာ ဘီ လီယံလောက်ထိအောင် တန်ပါတယ်။ ရောင်အား ၂ ရာခိုင်နှုန်း တက်လာပြီး A4က ရောင်းအား အကောင်းဆုံး မော်ဒယ် အဖြစ် ရှိနေတာပါ။
(၈) Nissan
VW ကို နှာတဖျားအသာနဲ့ အဆင့် ၉မှာ ရှိနေပြီး အမှတ်တံဆိပ်က ဒေါ်လာ ၁၁.၅၃ ဘီလီယံ တန်ပါတယ်။ ရောင်းအား ၄ ရာခိုင်နှုန်းလောက်ထိအောင် တက်လာပြီး Sentra မော်ဒယ်က ရောင်းအား အကောင်းဆုံးပါ။
(၉) Volkswagen
အထက်က Porsche ကိုပါ ပိုင်ဆိုင်ထားတဲ့ VWကတော့ အိမ်စီးကားတွေနဲ့ နာမည်ရနေပါတယ်။ အမှတ်တံဆိပ် တန်ဖိုး ဒေါ်လာ ၁၁.၅၂ ဘီလီယံ ရှိပါတယ်။ ရောင်းအား ၁ရာခိုင်နှုန်း တက်လာပြီးလူကြိုက် အများဆုံး မော်ဒယ်အဖြစ် Beetle ရှိပါတယ်။
(၁၀) Porsche
ဂျာမနီ အခြေစိုက် စွမ်းဆောင်ရည်မြင့် မော်ဒယ်တွေ ထုတ်လုပ်သူက အမှတ်တံဆိပ် တန်ဖိုး ဒေါ်လာ ၁၀.၁၃ ဘီလီယံ ထိ အောင် ရှိနေပါပြီ။ ရောင်းအား ၆ရာခိုင်နှုန်း တက်လာသလို ရောင်းအား အကောင်းဆုံး မော်ဒယ် အဖြစ် 911 ရှိနေပါ တယ်။
(၁၁) Land Rover
အင်္ဂလန် အခြေစိုက် ကုမဏီက အမှတ်တံဆိပ် တန်ဖိုးတင် ၆.၁၀ ဘီလီယံဒေါ်လာ ရှိပါတယ်။ အရင်နှစ်ကထက် ရောင်းအား ၇ ရာခိုင်နှုန်းထိအောင် တက်လာသလို ရောင်းအား အကောင်းဆုံး မော်ဒယ် အဖြစ် Defender ရှိနေပါတယ်။
(၁၂) Harley Davidson
ဆိုင်ကယ် ကုမ္ပဏီတွေထဲကနေ အမြင့်ဆုံး အောင်မြင်မှု ရနေတဲ့ ကုမ္ပဏီဖြစ်သလို ဆိုင်ကယ်ကိုလည်း သယ်ယူပို့ဆောင်ရေး သုံးအဖြစ် သတ်မှတ်လိုက်လို့ အခုစာရင်းမှာ ပါလာတာ ဖြစ်ပါတယ်။
အမှတ်တံဆိပ် တန်ဖိုး ၅.၆၇ ဘီလီယံ ရှိပါတယ်။ ရောင်းအား ၃ ရာခိုင်နှုန်း တက်လာပါတယ်။ ရောင်းအား အကောင်းဆုံး မော်ဒယ်က Street Glide ဖြစ်ပါတယ်။
(၁၃) Mini
အမှတ်တံဆိပ် တန်ဖိုး ဒေါ်လာ ၅.၁၁ ဘီလီယံ ရှိပါတယ်။ အရင်နှစ်ကထက် ရောင်းအား ၃ ရာခိုင်နှုန်းလောက်ထိအောင် တက်လာတယ်လို့ သိရပြီး ရောင်းအား အကောင်းဆုံး မော်ဒယ်က 4-door ဖြစ်ပါတယ်၊
(၁၄) Ferrari
အမှတ်တံဆိပ် တန်ုးဖိုးတင် ဒေါ်လာ ၄.၇၉ ဘီလီယံ ရှိပါတယ်။ အခုနှစ်မှာမှ အဆင့် ၁၅အတွင်းကို ဝင်လာနိုင်ခဲ့တာ ဖြစ်ပြီး ရောင်းအား အကောင်းဆုံး မော်ဒယ်က Ferrari 360 ဖြစ်ပါတယ်။
(၁၅) Tesla
အမှတ်တံဆိပ် တန်ဖိုး ဒေါ်လာ ၄.၀၁ ဘီလီယံရှိပါတယ်။ အရင်နှစ်ကတည်း အဆင့် ၁၅မှာပဲ ရပ်တည်နိုင်ခဲ့သူပါ။ ရောင်း အား အကောင်းဆုံး ကုမ္ပဏီထုတ် မော်ဒယ်ကတော့ Model S ဖြစ်ပါတယ်။
www.businessinsider.com