တချို့ကလည်း MPVလို့ ခေါ်ကြပါတယ်၊ Multiple Purpose Vehicles ပေါ့၊ ဝက်ဂွန်လို့လည်း ခေါ်ပါတယ်။ မိသားစုသုံး မော်ဒယ်အဖြစ် အတွင်းခန်းကျယ်ကျယ်နဲ့ ခရီးဝေးရော မြို့တွင်းသုံးပါ အဆင်ပြေပါတယ်။
SUV တွေနဲ့ဆင်ပါတယ်၊ ဒါပေမယ့် လမ်းကြမ်းပိုင်းစွမ်းဆောင်ရည်နဲ့ ဝန်တင်ဆောင်နိုင်မှုတွေမှာတော့ SUVတွေက ပိုပါ တယ်။ အခု ပြောမှာက လက်ရှိဈေးကွက်ထဲမှာ ရှိနေတဲ့ ဝက်ဂွန်တွေထဲက စွမ်းဆောင်ရည်အကောင်းဆုံးမော်ဒယ်တွေ အကြောင်းပဲ ဖြစ်ပါတယ်။
Porsche Panamera Turo S E-Hybrid Sport Turismo
မြင်းကောင်ရေ ၆၈၀ အားထိအောင် ထွက်ရှိတဲ့ မော်ဒယ်ပါ။ V8 အင်ဂျင်ကို တပ်ဆင်ထားတယ်၊လျှပ်စစ်မော်တာကိုလည်း အကူအနေနဲ့ ထည့်ထားသေးတယ်။
တနာရီ မိုင် ၆၀နှုန်းကို အချိန် ၃.၂ စက္ကန့်တည်းနဲ့ရောက်အောင် မောင်းနှင်နိုင်ပြီး Sport တွေထက်အောင် မြန်ဆန်တဲ့စွမ်း ဆောင်ရည်ကို ပြသနိုင်တာ တွေ့ရပါတယ်။
ဈေးနှုန်း ဒေါ်လာ ၈၀၀၀၀ ဝန်းကျင်ကနေ မော်ဒယ်ခွဲအပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားချက်ရှိတာ တွေ့ရပါတယ်။
Audi RS6 Avant Performance
မြင်းကောင်ရေ ၆၀၅ကောင်အား ထုတ်လုပ်အသုံးပြုနိုင်မယ့် မော်ဒယ်ပါ။ အမေရိကန်ဈေးကွက်မှာ အထူးလူကြိုက်များတဲ့ မော်ဒယ်အဖြစ် ရှိနေပါတယ်။ ၄.၀ လီတာသုံး Twin-turbo စနစ်ပါရှိတဲ့အင်ဂျင်ကို တပ်ဆင်ထားတာ ဖြစ်ပြီး မော်ဒယ်က RS7ရဲ့ စွမ်းဆောင်ရည်လောက်ထိအောင် ကောင်းမွန်တယ်လို့ ဆိုတာကြောင့် မိုင် ၆၀နှုန်းကို အချိန် ၄စက္ကန့် ဝန်းကျင် လောက်နဲ့ရောက်ဖို့ ရှိပါတယ်။
ဈေးနှုန်း ဒေါ်လာ ၆၀၀၀၀ ဝန်းကျင်ကနေ မော်ဒယ်ခွဲအပေါ် မူတည်ပြီး ဈေးကွာခြားနိုင်ပါတယ်။
Mercedes-AMG CLS63 S Shooting Brake
မြင်းကောင်ရေ ၅၇၇ကောင်အားထိအောင် ထွက်ရှိပါတယ်။ E-Class Estate နေရာမှာ အစားထိုးပြီး ဈေးကွက်အောင်မြင်မှု ရှာလာတဲ့ မော်ဒယ်ပါ။
အမေရိကန်မှာ လူကြိုက်များနေပါတယ်။ ၅.၅ လီတာသုံး V8 စနစ် Twin-turboနဲ့အင်ဂျင်ကို တပ်ဆင်ထားတာ တွေ့ရပါ တယ်။ နောက်ဘီးယက်စနစ်နဲ့ ဖြစ်ပြီး ခရီးဝေးမောင်းနှင်မှုရော လမ်းကြမ်းပိုင်း စွမ်းဆောင်ရည်ပါ သင့်တင့်အောင် ထုတ် လုပ်ထားတာ တွေ့ရပါတယ်။
Porsche Panamera Turbo Sport Turismo
အလေးချိန် ပေါင် ၄၄၀၀ ထိအောင် ရှိတဲ့မော်ဒယ်အတွက် တပ်ဆင်အင်ဂျင်က မြင်းကောင်ရေ ၅၅၀အားထိအောင် ထုတ် လုပ်ပေးနိုင်တာ တွေ့ရပါတယ်။ Sport ဆန်တဲ့ ရုပ်ထွက်ရော ကိုယ်ထည်အချိုးအဆစ်နဲ့ပါ ဖြစ်လာပြီး ဈေးနှုန်းဒေါ်လာ ၇၀၀၀၀နဲ့ အထက်ရှိသည့်တိုင်အောင် လူကြိုက်များတာ တွေ့ရပါတယ်။
လျှပ်စစ်မော်တာအကူစနစ်တွေ မပါတော့ပေမယ့် စွမ်းဆောင်ရည်ပိုင်းမှာ မိုင် ၆၀နှုန်းကို အချိန် ၄ စက္ကန့်ဝန်းကျင်နဲ့ ရောက် အောင် မောင်းနှင်နိုင်တာ တွေ့ရပါတယ်။
Audi S6 Avant
မော်ဒယ်က မြင်းကောင်ရေ ၄၅၀အား ထွက်ရှိတဲ့ အင်ဂျင်စနစ်ကို တပ်ဆင်ထားပြီး သူက အခု ဝက်ဂွန်အနေနဲ့ရော ဆီဒင် ကိုယ်ထည်အဖြစ်ပါ ရနိုင်အောင် ထုတ်လုပ်ထားတာ တွေ့ရပါတယ်။
RS4 မော်ဒယ်က အင်ဂျင် စွမ်းဆောင်ရည်အတိုင်းပဲ အတူတူ ဖြစ်ပြီး အမြန်နှုန်း မြှင့်တင်နိုင်မှုမှာတော့ နည်းနည်း အားနည်း ချင်ပြီး တနာရီ မိုင် ၆၀နှုန်းကို အချိန် ၅စက္ကန့်ဝန်း ကျင်နဲ့မှ ရောက်ပါတယ်။ ဥရောပမှာ အထူးလူကြိုက်များပြီး ဈေးနှုန်း ဒေါ်လာ ၄၀၀၀၀ ဝန်းကျင်ပဲ ရှိပါတယ်။
Jaguar XF S Sportbrake
မြင်းကောင်ရေ ၃၈၀အားထိအောင်ထုတ်လုပ်ပေးနိုင်တဲ့ အင်ဂျင်ကို တပ်ဆင်ထားတာ ဖြစ်ပြီး အမေရိကန်မှာတော့ အောင် မြင်မှုရနေတာ တွေ့ရပါတယ်။
ဥရောပမှာတော့ Jaguarက လူကြိုက်များပြီးသား ဖြစ်သလို မော်ဒယ်ကလည်း အောင်မြင်မှုရနေပါတယ်။ F-Type S မော် ဒယ်ကနေ ဖန်တီးမှုရယူ အဆင့်မြှင့်ထုတ်လုပ်လာခြင်း ဖြစ်ပါတယ်။
ဆီဒင်ကိုယ်ထည်အနေနဲ့ပါ ရနိုင်လာမယ်ဆိုရင်တော့ အခုထက်ပိုပြီး လူကြိုက်များလာနိုင်တာလည်း ဖြစ်ပါတယ်။
အခြား စွမ်းဆောင်ရည်မြင့် ဝက်ဂွန်တွေအနေနဲ့ဆိုရင် Mercedes-AMG CLA45 Shooting Brakeက မြင်းကောင်ရေ ၃၇၅ ကောင်အား ထုတ်လုပ်ပေးနိုင်တယ်၊ Mercedes-AMG C43 Estateဆိုရင် မြင်းကောင်ရေ ၃၆၂ကောင်အား ထွက် ရှိတယ်။
Volvo V60 Polestar ဆိုရင် မြင်းကောင်ရေ ၃၆၂ကောင်အား၊ Audi S4 Avantဆိုရင် မြင်းကောင်ရေ ၃၅၄ ကောင်အား ထိအောင် ထုတ်လုပ်ပေးနိုင်တာလည်း ဖြစ်ပါတယ်။