စီးပွားရေး

ရန်ကုန်မြစ်ကြောင်းတလျှောက် ကုန်စည်များ သယ်ယူနိုင်ရန် အထူးစီမံကိန်းဆောင်ရွက်မည်

Want create site? Find Free WordPress Themes and plugins.

ကုန်စည်စီးဆင်းမှု သယ်ယူပို့ဆောင်ရာတွင် ငွေကြေးကုန်ကျမှု သက်သာစေရန်အတွက် ကုန်စည်များ ကို ရန်ကုန်မြစ်ကြောင်းတလျှောက်မှ သယ်ယူပို့ဆောင်နိုင်ရန် အထူးစီမံကိန်းဖြင့် ဆောင်ရွက်မည်ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်သည်။

ရေကြောင်းဖြင့် ကုန်စည် သယ်ယူပို့ဆောင်နိုင်မည့် ဆိပ်ကမ်းများကို ရွှေပြည်သာနှင့် လှိုင်သာယာ မြို့နယ်များတွင် တည်ဆောက်နေဆဲဖြစ် ရာ လာမယ့် ၂၀၁၈ ခုနှစ်တွင် စတင်လုပ်ဆောင်နိုင်ဖွယ်ရှိ ကြောင်း၊ လက်ရှိတွင် လေ့လာနေဆဲဖြစ်ကြောင်း သိရသည်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ကုန်စည်တွေကို သီလဝါဆိပ်ကမ်း၊ မြို့အလယ်မှာ ရှိတဲ့ ဆိပ်ကမ်းများ၊ ရေကြောင်းနဲ့ သယ်ယူနိုင်အောင် အထူးစီမံကိန်းတရပ် အနေနဲ့ တိုင်းအစိုးရမှ ဆောင်ရွက်သွားမှာ ဖြစ်တယ်။ ရေရှည်မှာ ရန်ကုန်မြို့ရဲ့ ကုန်စည်စီးဆင်းမှုမှာ စရိတ်စက သက်သာတဲ့ ရေကြောင်း သယ်ယူပို့ဆောင်ရေးကို ဆောင်ရွက်မှာဖြစ်တယ်” ဟု ယမန်နေ့က ဗိုလ်တထောင်ဆိပ်ကမ်းတွင် ပြုလုပ်ခဲ့သည့် Yangon water Bus ဖွင့်ပွဲတွင် ပြောသည်။

ဆက်လက်၍ ၎င်းက “စရိတ်စက သက်သာမှုကလည်း ရေကြောင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်မြစ်ကနေ ရန်ကုန်မြို့မှ အစချီပြီး ဧရာဝတီ မြစ်ကြောင်းတလျှောက၊် ချင်းတွင်းမြစ်ကြောင်းတလျောက်၊ သံလွင်မြစ်ကြောင်းတလျောက် တွေမှာ ဖွံ့ဖြိုးတိုးတက်လာဖို့ အတွက် ကြိုးပမ်းဆောင်ရွက် သွားကြမှာဖြစ်တယ်”ဟု ရှင်းပြသည်။

အဆိုပါ သယ်ယူပို့ဆောင်ရေး စနစ်ကို ဆောင်ရွက်ရာတွင် ကုန်းတွင်း ဆိပ်ကမ်းများကို စနစ်တကျတည်ဆောက်ပြီး ထိုမှတဆင့် ရန်ကုန်မြို့ထဲသို့ ကုန်သေတ္တာတင် ကုန်ကားများ၊ ယာဉ်များ မဝင်ရောက်ဘဲ ရေကြောင်းမှ ဖြတ်သန်းသွားနိုင်သော အခြေအနေ ဖြစ်အောင် လုပ်မည်ဟု သိရသည်။

လက်ရှိတွင်ကုန်သေတ္တာများ သယ်ဆောင်နိုင်ရန်အတွက် မြစ်ကြောင်းကို လေ့လာနေပြီး သင်္ဘောများ ဆိုက်ကပ်ရန် ဆိပ်ကမ်းများ တည်ဆောက်နေပြီး ယင်းလုပ်ဆောင်မှု ပြီးစီးလျှင် ကုန်စည်များကို ရေကြောင်းဖြင့် သယ်ယူနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။

“သင်္ဘော ပေါ်ကနေ ကုန်တွေတင်ပြီးတော့ ဆိပ်ကမ်းကို ပို့မှာဆိုတော့ ကွန်တိန်နာတွေ ဘာတွေ မရှိဘူး။ ယာဉ်ကြောကျပ်တည်းမှုကိုလည်း လျော့ကျဖို့ အထောက်အကူပြုတာပေါ့လေ။ စရိတ်လည်း အများကြီး သက်သာတယ်”ဟု ၎င်းက ပြောသည်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ဒီကမ်းနားလမ်းကြီးပေါ်မှာ ရန်ကုန်မြို့ရဲ့ အဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ်တခုဖြစ်တဲ့ ဗိုလ်တထောင် စေတီတော်လည်း တည်ရှိနေတာ ဖြစ်ပါတယ်။ စေတီတော်မြတ်ကြီးရဲ့ ဘေးက ကွန်ကရစ်လမ်းမှာ အမြဲတမ်း ကားကြီးတွေပြေးဆွဲနေဖို့ ဆိုတာက ကျနော်တို့ရဲ့ သမိုင်းအမွေအနှစ်တွေနဲ့ အထင်ကရ စေတီတော်ကြီးအတွက် စဉ်းစားရမယ့် အခြေနေတခုဖြစ်ပါတယ်”ဟု ရှင်းပြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading