စီးပွားရေး

အစိုးရဝန်ထမ်း ၅ သောင်းကျော်ကို ချေးငွေထုတ်ပေးထားဟု SMIDB ဘဏ်ပြော

Want create site? Find Free WordPress Themes and plugins.

အသေးစား၊ အလတ်စားနှင့် စက်မှု ဖွံ့ဖြိုးရေးဘဏ် SMIDB က ၂၀၁၇ ခုနှစ်၊ ဇွန်လမှစတင်ပြီး အစိုးရဝန်ထမ်း ၅၄၀၀၀ ကျော်ကို အတိုး ၁ ရာခိုင်နှုန်းဖြင့် ချေးငွေ ၃၂ ဘီလီယံ ထုတ်ချေးခဲ့ကြောင်း သိရသည်။

SMIDB ဘဏ်၏အမှုဆောင် အရာရှိချူပ် ဦးဇေယျာညွှန့် က “ချေးငွေထုတ်ချေးတဲ့အခါ ဘယ်လောက် ချေးမယ်ဆိုတာ မသတ်မှတ်ထားဘူး၊ လာချေးသလောက် ချေးပေးတယ်။ အများဆုံး ချေးတာကတော့ နေပြည်တော်က ဝန်ထမ်းတွေ ချေးတာများတယ်။ လစာရဲ့ သုံးဆကိုချေးပေးပြီး အတိုး ၁ ရာခိုင်နှုန်းနဲ့ တနှစ်အတွင်း ပြန်ဆပ်ရမှာ ဖြစ်ပါတယ်။” ဟု ဧရာဝတီသို့ ပြောသည်။

ဦးဇေယျာညွှန့် က “လိုသလောက်ချေးပေးသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လစဉ် လတိုင်းတော့ ပထမအပတ်နဲ့ နောက်ဆုံး အပတ်ကိုတော့ အတိုးနှုန်းတွက်တဲ့ လုပ်ငန်းများဆောင်ရွက်ရတာကြောင့် ကြားထဲက နှစ်ပတ်မှာ ထုတ်ချေးပေးသွားမှာ ဖြစ်ပါတယ်။ “ ဟုပြောသည်။

လတ်တလောတွင် အစိုးရရုံးပိတ်ရက်များကြောင့် ငွေထုတ်ချေးမှု ခေတ္တရပ်နားခဲ့ရာမှ အောက်တိုဘာ ၁၆ ရက်နေ့တွင် ပြန်လည်ထုတ်ချေးမည်ဖြစ်ရာ စာရွက်စာတမ်း စုံလင်သူကို ဦးစားပေးမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ တာဝန်ထမ်းဆောင်နေဆဲအစိုးရဝန်ထမ်းများအားလုံး ချေးယူနိုင်ပြီး လျောက်လွှာပုံစံမှာ SMIDB ဘဏ်တွင် ရယူနိုင်မည် ဖြစ်ပြီး၊ လျှောက်ထားလိုသူ၏ ညွှန်ကြားရေးမှူး (သို့မဟုတ်) ဒုတိယ ညွှန်ကြားရေးမှူး ထောက်ခံချက်၊ လျှောက်လွှာလျှောက်ထားသူကို အာမခံပေးမည့် အခြားဝန်ထမ်း ၂ ဦး၏ မှတ်ပုံတင်နှင့် ဝန်ထမ်းကတ်မိတ္တူ ပူးတွဲပြီး လျှောက်ထားရမည်ဖြစ်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းတဦးဖြစ်သူ မဟန်မေက “ သူ့ အတိုးနှုန်းက တသိန်းမှ ၁ ထောင်တောင် မကျတော့ ချေးတဲ့သူတွေအတွက် အဆင်ပြေတယ်။ ၁၂ လခွဲဆပ်ရတော့ ပေးလို့ ပေးရမှန်းမသိဘူးလေ။” ဟု ရှင်းပြသည်။

အသေးစား၊ အလတ်စားနှင့် စက်မှု ဖွံ့ဖြိုးရေးဘဏ် SMIDB သည် မြန်မာ တနိုင်ငံလုံး၌ ဘဏ်ပေါင်း ၁၉ ဘဏ် မှ ထုတ်ချေးပေးလျှက်ရှိသည်ဟု သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading