အခုနှစ်မော်ဒယ်က လက်ဟောင်း ထုတ်လုပ်နေကျပုံစံအတိုင်း အရည်အသွေး၊ စွမ်းဆောင်ရည်နဲ့ ဆီစားနှုန်းတွေကို အ ကောင်းဆုံး ဖြစ်အောင် ထုတ်လုပ်ထားတာဖြစ်ပြီး ကိုယ်ထည်အမျိုးအစားမှာလည်း ရွေးချယ်နိုင်စရာတွေ ရှိနေဆဲပါ။
လမ်းကြမ်းပိုင်းစွမ်းဆောင်ရည်က တန်းတူမော်ဒယ်တွေထဲမှာ အကောင်းဆုံးလို့ သတ်မှတ်နိုင်ပါတယ်၊ အထူးသဖြင့်တော့ ဆီစားနှုန်းနည်းနည်းနဲ့ ဝန်တင်ဆောင်နိင်မှုရော လမ်းကြမ်းပိုင်းစွမ်းဆောင်ရည်ကောင်းပါ ပြသနိုင်တာပဲ ဖြစ်ပါတယ်။ ပြီး တော့ မြို့တွင်းသုံးအနေနဲ့ ဆိုရင်လည်း ဇိမ်ခံအပြင်အဆင်နဲ့ဖန်တီးမှု တချို့တွေ့ရလို့ မိမိလက်ထဲမှာ စိတ်ကြိုက်ပြင်ဆင် အဆင့်မြင့်စီးနင်းနိုင်မှာပါ။
ဘရိတ်စနစ်မှာလည်း Anti-Lock စနစ်ထဲမှာ အကောင်းဆုံးလို့ ဆိုနိုင်လောက်အောင် ထိန်းချုပ်ရမှု ကောင်းမွန်တာ တွေ့ရပါ တယ်။ Hill Assistစနစ် ပါရှိလာခြင်းက မော်ဒယ်ကို ပိုမို ပြည့်စုံ ကောင်းမွန်လာစေပါတယ်။ Downhill Assist လည်း ပါ တယ်၊ Stability Controlလည်း ထည့်ထားတယ်။
လျှပ်စစ်စနစ်နဲ့ အလိုအလျောက် အကူဘရိတ်စနစ်လည်း ပါရှိတယ်။ Traction Control ထည့်ထားတာက သိပ်မဆန်းပေ မယ့် Trailer Sway Control ပါရှိလာခြင်းက နောက်တွဲချိတ်ဆက်မှုအတွက်ပါ အဆင်ပြေလာစေပါတယ်။
မော်ဒယ်မှာ အင်ဂျင်စနစ်အနေနဲ့ ၃မျိုး ရွေးချယ်နိုင်စရာ ထုတ်လုပ်လာတာ တွေ့ရပါတယ်။ မြင်းကောင်ရေ ၁၃၇ကောင် အား ထွက်မယ့် ၂.ဝ-လီတာသုံး ဓာတ်ဆီအင်ဂျင်ရယ်၊ မြင်းကောင်ရေ ၁၄၇ ကောင်အား ထွက်ရှိမယ့် ၂.၄ လီတာသုံး Turbo ဒီဇယ်အင်ဂျင်စနစ်ရယ်၊ မြင်းကောင်ရေ ၁၆၄ကောင်အားထွက်ရှိမယ့် ၂.၇လီတာသုံး ဓာတ်ဆီအင်ဂျင်တွေ ဖြစ်ပါ တယ်။
အင်ဂျင်စနစ်ကို စိတ်ကြိုက် ရွေးချယ်နိုင်မှုနဲ့အတူ ဆီစားနှုန်း နည်းပါးခြင်းတွေက Vigo ကို အာရှဈေးကွက်မှာ လူကြိုက်များ နေစေတဲ့အချက်ဖြစ်သလို ရုပ်ထွက်ပိုင်းမှာလည်း ဆွဲဆောင်မှု ကောင်းတာကြောင့် Pick-up မော်ဒယ် ဖြစ်ပေမယ့် နယ်တွေ မှာ ပွဲတက် မဟုတ်ရင်တောင် သက်ကြီးပိုင်း စီးနင်းမှုအတွက်ရော ခရီးဝေးနဲ့ နယ်ဝေးအတွက်ပါ အသုံးများတာတွေ့ရပါ တယ်။
အင်ဂျင်စနစ်တွေက ခရီးဝေး မောင်းနှင်နိုင်မှု အပိုင်းမှာလည်း စိတ်ကြိုက်ဖြစ်လို့ မြို့ပြထက် နယ်သမား တွေရဲ့ပိုမိုနှစ်သက်မှု ကို ရနေတာလည်း ဖြစ်ပါတယ်။
ကိုယ်ထည်ပိုင်းမှာတော့ အခုနှစ်မော်ဒယ်မှာ Ext Cab မတွေ့ရဘဲ Double Cap နဲ့ Single Cab တွေပဲ လာပါတယ်။
အင်ဂျင်စနစ်က Push စနစ်နဲ့ စက်နှိုးနိုင်တယ်၊ Auto စနစ်နဲ့ ထိန်းချုပ်ခလုတ်တွေကို ဖန်တီးထားတယ်၊ 22V ထိအောင် အားထုတ်စနစ်ပါတယ်၊ Fog Lightနဲ့ Tail Light တွေပါတယ်၊ ဘေးမှန်တွေက Powerနဲ့ သုံးနိုင်တယ်။
တံခါးတွေ အားလုံးလည်း Powerနဲ့ ဖြစ်ပြီး မှန် အတင်အချတွေကို သက်သက်သာသာ လုပ်နိုင်လာပါတယ်။ အခုနှစ် မော် ဒယ်ကို အရောင် ၈ ရောင် ထိအောင် ရွေးချယ်နိုင်အောင်လည်း ထုတ်လုပ်ထားတာ တွေ့ရပါတယ်။
လက်ကိုင်ဘီးကလည်း Powerနဲ့၊ ဆီတိုင်ကီက ၇၆ လီတာ ဆံ့တယ်၊ Suspension စနစ်က Dynamics နဲ့၊ Manual နဲ့ လို ချင်ရင်လည်း ၆ ချက်သုံး ရနိုင်တယ်၊ GPS စနစ်လည်း သုံးနိုင်မယ်၊ ပတ်လည် လေအေးပေးစနစ်လည်း ပါရှိလာပါ တယ်။
လုံခြုံရေးပိုင်းမှာတော့ အသက်ကယ်လေအိတ်စနစ်က ရှေ့ဘက် ထိုင်ခုံတန်းအတွက်ပဲ ပါရှိတာ တွေ့ရပါတယ်။
ပြည်တွင်းမှာ အခု မော်ဒယ်ကို ၂၀၁၀ နဲ့ ရှေ့ပိုင်းထုတ်မော်ဒယ်နိမ့်အနေနဲ့ရော ၂၀၁၀ ခုနှစ်နဲ့ နောက်ပိုင်းထုတ် မော် ဒယ်မြင့် ပုံစံအဖြစ်နဲ့ပါ စီးနင်းကြတာ တွေ့ရပြီး နိုင်ငံတကာဈေးကွက်မှာတော့ Vigo ကို ဒေါ်လာ ၂၀၉၉၀ နဲ့မော်ဒယ်ခွဲအပေါ် မူ တည်ပြီး ဈေးနှုန်းကွာခြားချက် အနည်းငယ်နဲ့ ရောင်းချနေတာ တွေ့ရပါတယ်။