၁၉၇၆ ခုနှစ်ကနေ စတင်ပြီး နှစ်စဉ် ထုတ်ပြန်လာတဲ့ Cycle World ကနေ နောက်ဆုံးဖော်ပြထားတဲ့ကိုယ်ထည်အမျိုးအစား အလိုက် အကောင်းဆုံး မော်တော်ဆိုင်ကယ်တွေကို နည်းနည်း မိတ်ဆက်ပေးချင်ပါတယ်။
အဓိကအနေနဲ့တော့ ကိုယ်ထည်အမျိုးအစား ၁၀ခု ခွဲခြားပြီး အကောင်းဆုံးမော်ဒယ်ကို ပြောထားတာ တွေ့ရပါတယ်။
(၁) Cruiser – Harley-Davidson Low Rider S
ဈေးနှုန်းဒေါ်လာ ၁၇၀၀၀ ရှိပါတယ်။ ရိုးရှင်းတယ်၊ တည်ငြိမ်တယ်၊ စွမ်းဆောင်ရည်သင့်တယ်၊ ဆီစားရော ဓာတ်ငွေ့ထုတ် လွှတ်မှုပါ ချိုသာတာကြောင့် ရွေးချယ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ Harley ထုတ် မော်ဒယ်တွေထဲမှာလည်း အခု Low Rider Sက Cruiser ထဲမှာ အကောင်းဆုံးအဖြစ် သတ်မှတ်ခံထားရပါတယ်။ ကုမ္ပဏီကိုပါ ဈေးကွက်မှာရော လူကြိုက် ပါ ပိုလာစေတဲ့ မော်ဒယ်ပါ။
(၂) Adventure Bike – Honda Africa Twin
ဈေးနှုန်းက ဒေါ်လာ ၁၃၀၀၀ ထိအောင် ရှိပါတယ်။ စွမ်းဆောင်ရည် ကောင်းမွန်မှုနဲ့ ကိုယ်ထည် ပေါ့ပါးထိန်းချုပ်မောင်းနှင် နိုင်မှုတွေက ဟန်ချက်ညီလွန်းနေတာကြောင့် အခုမော်ဒယ်ကို ရွေးချယ်ထားတာ ဖြစ်ပါတယ်။
လမ်းကြမ်းပိုင်းမှာ အကောင်းဆုံးတည်ငြိမ်အောင် မောင်းနှင်သွားလာနိုင်တာလည်း တွေ့ရပါတယ်။ စိတ်ကြိုက်မောင်းနှင် နိုင်မှုထက် မောင်းနှင်သူရော လိုက်ပါသူကိုပါ စိတ်ချရမှုအပြည့်နဲ့ သွားလာစေနိုင်မယ့်မော်ဒယ်ပါ။
(၃) Motocrosser – Kawasaki KX450F
တန်ဖိုးနည်းမော်ဒယ် ဖြစ်ပြီး ဒေါ်လာ ၈၈၀၀နဲ့ ရနိုင်ပါတယ်။ ပြိုင်ပွဲဝင် မော်ဒယ်အနေအထားလောက်ထိအောင်သုံးနိုင်ပြီး စွမ်းဆောင်ရည် အထူးကောင်းမွန်တယ်၊ ကိုယ်ထည်က ပေါ့ပါးတယ်၊ လက်ကိုင်ပိုင်းက မောင်းနှင်သူကို ယုံကြည်မှုအပြည့် ရှိနေစေတယ်၊ တည်ဆောက်မှု ရိုးရှင်းပြီး လွယ်လွယ်ကူကူ ပြင်ဆင်နိုင်လောက်တာမို့ အခုလို အကောင်းဆုံးအဖြစ် ရွေး ချယ်ခံရတာ ဖြစ်ပါတယ်။
(၄) Dual-sport – Yamaha YZ450FZ
သူလည်း တန်ဖိုးနည်းမော်ဒယ်ပဲ ဖြစ်ပါတယ်။ ဒေါ်လာ ၈၉၀၀ နဲ့ ရနိုင်ပါတယ်။ အထက်က Kawasaki KX450Fနဲ့ ကိုယ် ထည်ချင်း ဆင်ပေမယ့် အခု မော်ဒယ်က လမ်းကြမ်းသုံးအတွက်ပါ အဆင်ပြေအောင် ဖန်တီးထားပြီး ခရီးသည် ၂ယောက် လိုက်စီးနိုင်လာပါတယ်။
ဥရောပဈေးကွက်မှာ အထူးလူကြိုက်များပါတယ်။ ၄၅၀ စီစီသုံး စွမ်းဆောင်ရည်မြင့်အင်ဂျင်ကို အကြိုက်ဆုံး ဖြစ်ပြီး လက် ကိုင်ပိုင်းက တည်ငြိမ်မှုထက် စိတ်ကြိုက်ကွေ့လမ်းကို ချိုးကွေ့နိုင်မှုက ကမ္ဘာ့အကောင်းဆုံးအနေအထားပါ။
(၅) Lightweight Streetbike – KTM 390 Duke
လက်ရှိ ပြည်တွင်းမှာပါ ဈေးကွက်ဝင်နေတဲ့ အမှတ်တံဆိပ်နဲ့ မော်ဒယ်ပါ။ ဈေးနှုန်း ဒေါ်လာ ၅၀၀၀ ရှိပါတယ်။ ကိုယ်ထည် က ပေါ့ပါးအောင် ဖန်တီးထားတယ်၊ ကိုယ်ထည် အရွယ်အစားက သေးငယ်ပြီး မောင်းနှင်သူ စိတ်ကြိုက်ထိန်းချုပ်နိုင်လောက် အောင် ကောင်းတယ်။
စွမ်းအင်ထုတ်လုပ်မှုလည်း ကောင်းတယ်၊ လမ်းကြောင်းပေါ်မှာ တည်ငြိမ်မှု အကောင်းဆုံး ပေးနိုင်တာ တွေ့ရပါတယ်။ အ ပျော်စီးသမားတွေအတွက် အကောင်းဆုံးမော်ဒယ်အဖြစ် ဆိုချင်ပါတယ်။

(၆) Touring Bike – KTM 1290 Super Duke GT
တန်ဖိုးမြင့် မော်ဒယ်ပါ၊ ဇိမ်ခံအဖြစ် သုံးနိုင်ပါတယ်။ ဈေးနှုန်း ဒေါ်လာ ၂၀၀၀၀ထိအောင် ရှိပါတယ်။ အင်ဂျင်နဲ့ ကိုယ်ထည် ကို ဟန်ချက်အညီဆုံး ဖြစ်အောင် ဖန်တီးထားနိုင်မှုက အကောင်းဆုံးအားသာချက် ဖြစ်နေပါတယ်။
လမ်းကြမ်း စွမ်းဆောင် ရည် ဒီလောက် မကောင်းပေမယ့် လမ်းကောင်းမှာ တည်ငြိမ်မှု အရှိဆုံးနဲ့ မြန်နှုန်းမြင့် မောင်းနှင်နိုင် ပါလိမ့်မယ်။ သက်တောင့်သက်သာရှိတယ်၊ သွက်လက်တယ်၊ စိတ်ကြိုက်ပါပဲ။
(၇) Standard Bike – Triumph Bonneville Street Twin
ဈေးနှုန်း ဒေါ်လာ ၈၇၀၀ ရှိပါတယ်။ အရင်နှစ်ကမှ ဈေးကွက်အောင်မြင်မှု ရအောင် ပြန်လည် ကြိုးစားလာတဲ့ အင်္ဂလန် အ ခြေစိုက် Triumphရဲ့အကောင်းဆုံးမော်ဒယ်ကောင်းတခုပါ။
၁၉၅၉ ခုနှစ်ထုတ် မော်ဒယ်ကို ခေတ်မီအောင် အကောင်းဆုံး ဖန်တီးလာနိုင်ခြင်း ဖြစ်သလို အင်ဂျင်က စွမ်းဆောင်ရည်သင့် တယ်၊ လမ်းကြမ်းပိုင်းရော မြို့တွင်းလမ်းပါ အစုံသုံးနိုင်တယ်၊ ဈေးလည်း ချိုတယ်၊ အပျော်စီးသမားတွေအတွက် စိတ်ကြိုက် ပါပဲ။
(၈) Middleweight Streetbike
Yamaha XSR900 သုံးလုံးထိုး အင်ဂျင်ကို တပ်ဆင်ထားတယ်၊ ခရီးဝေးမောင်းနှင်နိုင် မှုရော လမ်းကြမ်းပိုင်း စွမ်းဆောင် ရည်ပါ တော်တော်လေး ကောင်းလာပါတယ်။ ကမ္ဘာ့အဆင့်ရှိတဲ့ မော်ဒယ်လို့တောင် သတ်မှတ်ချင်ပါတယ်။ ဈေးနှုန်းက ဒေါ် လာ ၉၅၀၀ ပါ။
အထူးသဖြင့်တော့ အင်ဂျင်ရဲ့စွမ်းအင်ထုတ်လုပ်နိုင်မှုရော အင်ဂျင်သံကပါ စိတ်ကြိုက်အနေအထားပါပဲ။ စတန့်စီးနင်းလို သူတွေ ရွေးချယ်နိုင်ပါတယ်။
(၉) Opne-Class Streetbike – Aprilia Tuono V4 1100RR
ဈေးနှုန်းက ဒေါ်လာ ၁၇၀၀၀ပါ။ပြည်တွင်းမှာတော့ အခု အမှတ်တံဆိပ်ကို လူသိနည်းကြပါလိမ့်မယ်။ လေးလုံးထိုး အင် ဂျင်ကို တပ်ဆင်ထားပြီး အင်ဂျင်သံကတင် ဆွဲဆောင်မှု ရှိနေစေပါတယ်။ အခု အင်ဂျင်သံလောက် နားထောင်ကောင်းတဲ့ ဆိုင်ကယ်အင်ဂျင်သံ မရှိဘူးလို့တောင် Cycle World က ဆိုထားပါတယ်။
ကိုယ်ထည်အထိုင်က ဟန်ချက်ညီတယ်၊ မောင်းနှင်ရမှု အထိုင်တွေချထားတာ ကောင်းတယ်၊ Superbike တွေရဲ့အရသာ မျိုးတောင် ပေးနိုင်တာ တွေ့ရပါတယ်။
(၁၀) Superbike – Yamaha YZF-R1
ပတ်လမ်းမောင်းပြိုင်ပွဲတွေထိအောင်ပါ ဝင်နိုင်မယ့်မော်ဒယ်ပါ။ ဈေးနှုန်းကလည်း ဒေါ်လာ ၁၆၅၀၀ ရှိပါတယ်။ အမြန်ဆုံး မောင်းနှင်နိုင်မှု အပိုင်းမှာ ဈေးကွက်ဝင်မော်ဒယ်တွေထဲမှာ အမြန်ဆုံးလို့ ဆိုနိုင်လောက်အောင် ကောင်းပြီး မြန်ပါတယ်။
ကိုယ်ထည်အထိုင်က ပတ်လမ်းတွေမှာ ၄၅ ဒီဂရီလောက်ထိအောင် စောင်းသွားအောင် မောင်းနှင်ဖို့က လွယ်လွယ်ကူကူ မောင်းနှင်နိုင်အောင် ဖန်တီးထားနိုင်တာ တွေ့ရပါတယ်။
ကမ္ဘာ့အဆင့် အကောင်းဆုံးအနေအထား လုံခြုံရေးစနစ်လောက်ထိအောင် ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။