ကမ္ဘာကျော် ဆိုင်ကယ်စမ်းသပ်သူများအဖွဲ့ Cycle World ရဲ့အခုနှစ်အတွက် အကောင်းဆုံးဆိုင်ကယ်စာရင်း ထုတ်ပြန်မှုကို ပြီးခဲ့တဲ့လအတွင်းက ထုတ်ပြန်ခဲ့တာ တွေ့ရပြီး အဓိက လူကြိုက်များ ဆိုင်ကယ်အမျိုးအစား ၁၀ ခုထဲက အကောင်းဆုံးဆိုင် ကယ်တွေကို ပြောခဲ့ပါတယ်။
အဲဒီထဲက Superbike တန်းဝင်ထဲမှာ အကောင်းဆုံးလို့ သတ်မှတ်ခံရတဲ့ Yamahaရဲ့မော်ဒယ် YZF R1 အကြောင်း နည်း နည်း ပြောပြချင်ပါတယ်။ ဒါပေမယ့် အခုမော်ဒယ်ကို အသစ်အတိုင်းတော့ ပြည်တွင်းမှာ အစီးရေ အနည်းငယ်လောက်ပဲရှိ နိုင်သလို Used အနေနဲ့တောင် အစီးရေ အများကြီး ရှိမှာ မဟုတ်လို့ ဈေးနှုန်းကိုတော့ ထည့်မပြောတော့ပါဘူး။
မူလက ပတ်လမ်းမောင်း ပြိုင်ပွဲတွေမှာ သုံးနိုင်ဖို့ ထုတ်လုပ်ထားတာ ဖြစ်ပြီး ၁၉၉၈ ခုနှစ်ကတည်းက ထုတ်လုပ်လာတဲ့မော် ဒယ်တခု ဖြစ်ပါတယ်။
မော်ဒယ်ရဲ့အင်ဂျင်ကို Yamaha က သီးသန့် အမည်ပေးထားတယ်၊ Genesis တဲ့၊ ဂီယာပိုင်းမှာလည်း Stacked Gear စ နစ်၊ ဒီအင်ဂျင်နဲ့ ဒီဂီယာ တွဲဖက်လိုက်မှုက မော်ဒယ်ကို အမြန်ဆုံ စွမ်းဆောင်ရည်နဲ့ ပတ်လမ်းမောင်း ပြိုင်ပွဲပေါင်းများစွာမှာ ဆု တွေ ရစေလာခဲ့ပါတယ်။ အင်ဂျင်ကနေ မြင်းကောင်ရေ ၁၄၀ အားထိအောင် ထွက်ရှိပါတယ်။
ဒါက ဒီနေ့ခေတ် နာမည်ကျော် အသေးစားပြိုင်ကားတစီးရဲ့အင်ဂျင်ကနေ ထွက်ရှိတဲ့ စွမ်းဆောင်ရည်နဲ့ အတူတူပါပဲ။ တမိုင် ရဲ့လေးချိုးတချိုး အကွာအဝေးကို ၁၀.၃၁ စက္ကန့်တည်းနဲ့ ရောက်ပါတယ်။ တနာရီ ၁၃၉.၅၅ မိုင်ထိအောင် မောင်းနှင်နိုင်ပါ တယ်။
ဒါကအထက်မှာ ပြောခဲ့တဲ့ ပြိုင်ကားလေးတွေတောင် ရောက်အောင် မမောင်းနိုင်လောက်တဲ့ အမြန်ဆုံးမောင်းနှင်နိင်မှုနှုန်း ဖြစ်လာပါတယ်။
အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုကလည်း တနာရီ မိုင် ၆၀နှုန်းကို အချိန် ၃စက္ကန့်တည်းနဲ့ ရောက်မှာပါ။ ဒေါ်လာသိန်းဂ ဏန်းလောက်တန်တဲ့ Supercar တွေရဲ့စွမ်းဆောင်ရည်မျိုးပါ။
မော်ဒယ်ရဲ့သမိုင်းတလျှောက် အကြီးစား အဆင့်မြှင့်ထုတ်လုပ်မှုတွေကို ကြည့်မယ်ဆိုရင် ၂၀၀၂ခုနှစ်မှာ ဆီထိုးသွင်းမှုစနစ်ကို အသစ်ပြင်တယ်၊ အရင်က ကာဘရိုက်တာနဲ့ သွင်းတဲ့နေရာမှာ တိုက်ရိုက် ဆီသွင်းစနစ် ဖြစ်လာတယ်၊ ပြီးတော့ အဆိုပါနှစ် မှာပဲ ဘရိတ်စနစ်ကို အဆင့်မြှင့်တယ်၊ Drum တွေနေရာမှာ Disc နဲ့ ဖြစ်လာတယ်၊ Hydraulic နဲ့ ဖြစ်လာတယ်။
၂၀၀၄ ခုနှစ်မှာ အင်ဂျင်လေသွင်းစနစ်ကို အဆင့်မြှင့်လိုက်တယ်၊ ၂၀၀၆ခုနှစ်မှာ ကလပ်စနစ်ကို ပိုမို သွက်လက် မြန်ဆန် အောင် ပြောင်းလဲပေးနိုင်မယ့် Slipper စနစ်နဲ့ ဖြစ်လာတယ်။
၂၀၀၇ ခုနှစ်မှာ အင်ဂျင်ကိုပါ အသစ်လဲပြီး တပ်ဆင်လာခဲ့ရာကနေ အခု အကောင်းဆုံးဆိုင်ကယ်ထိအောင် ဖြစ်လာခဲ့တာပါ။
Cycle Worldကနေ အခု မော်ဒယ်ကို ၂၀၁၇ အတွက် အကောင်းဆုံး မော်ဒယ်အဖြစ် ရွေးတယ်၊ ပြီးတော့ တခြား မော်ဒယ် တွေထက် အရမ်းကောင်းတယ်လို့ ညွှန်းထားတယ်၊ ဒါနဲ့ လေ့လာကြည့်တော့ အခု မော်ဒယ်က Supervbike အနေနဲ့ အခုနှစ် မှာမှ အကောင်းဆုံးမော်ဒယ်အဖြစ် ရွေးချယ်ခံရတာ မဟုတ်ဘဲ ၂၀၁၅နဲ့ ၂၀၁၆ တွေမှာလည်း ရွေးချယ်ခံထားရလို့ ၃နှစ်ဆက် Yamaha ကို ဂုဏ်တက်နေစေတာလည်း ဖြစ်ပါတယ်။
အင်ဂျင်က ၁၀၀၀ စီစီသုံး လေးလုံးထိုးအင်ဂျင်နဲ့၊ ၆ ချက်သုံး Manualနဲ့ သွားတယ်၊ စက်နှိုးဖို့ လျှပ်စစ်နဲ့လာတယ်၊ ရှေ့တာ ယာက 120/70ZT17၊ နောက်တာယာက 190/55 ZR17၊ Suspension ပိုင်းမှာ ရှေ့ဘက်က Inverted Fork နဲ့ ဖြစ်ပြီး နောက်ဘက်က Twin Sided Swing Arm တွေ ဖြစ်ပါတယ်။
ဒီစနစ်နှစ်ခုက မော်ဒယ်ကို ငြိမ့်ညောင်းမှုထက် လမ်းကြောင်းပေါ်မှာ တိမ်းစောင်းမောင်းနှင်သည့်တိုင်အောင် ဟန်ချက်ညီ ထိန်းချုပ်ကူညီပေးမယ့်စနစ်တွေ ဖြစ်ပါတယ်။
တပ်ဆင်ထားတဲ့ဆီတိုင်ကီက ၄.၅ ဂါလံထိအောင် ဆံ့တယ်၊ အလေးချိန် ၄၃၉ ပေါင် လေးတယ်၊ ဂျပန်မှာပဲ ထုတ်လုပ်တယ်။
ဒီလို ကမ္ဘာ့အကောင်းဆုံးမော်ဒယ်အဖြစ် ၃ နှစ်ဆက် ရွေးချယ်ခံထားရတဲ့ အခု မော်ဒယ်က နိုင်ငံတကာမှာ ဒေါ်လာ ၁၇၉၀၀ နဲ့ ရနိုင်နေပါတယ်။ မြန်မာငွေ သိန်း ၂၀၀ကျော်လောက် ရှိပါလိမ့်မယ်။ ပြည်တွင်း ဆိုင်ကယ်ချစ်သူတွေအတွက်လည်း စိတ် ဝင်စားမယ်ဆို စိတ်ဝင်စားစရာပါ။
www.cycleworld..com