SUVရဲ့အရှည်ကောက်က Sport Utility Vehicle၊ Pick-up မော်ဒယ်တွေနဲ့ ဆင်တယ်၊ ထူးခြားချက်က နောက်ဘက်ဝန် တင်ခန်းအမိုးကို အသေတပ်ဆင်ထားတယ်၊ လမ်းကြမ်းပိုင်း မောင်းနှင်နိုင်မှုလည်းရှိတယ်။ ဒါပေမယ့် အင်ဂျင် တပ်ဆင်မှု တွေအရ SUV တွေဟာ Pick-Up တွေလောက် ဝန်တင်ဆောင်နိုင်မှုတော့ အားမကောင်းကြပါဘူး။
အခု နောက်ပိုင်းမှာတော့ SUV တွေကိုလည်း အင်ဂျင်ပိုင်း စွမ်းဆောင်ရည် အထူးမြင့်မားအောင် ထုတ်လုပ်လာကြပြီး လမ်း ကြောင်းစုံ မောင်းနှင်နိုင်မှုရော ဝန်တင်ဆောင်နိုင်မှု ပါအားကောင်းအောင် ပြင်ဆင်လာကြပါတယ်။
ဒီတော့ ဘယ်မော်ဒယ်တွေကို အင်ဂျင်ပိုင်း စွမ်းဆောင်ရည် အမြင့်ဆုံး ဖြစ်အောင် ဖန်တီး ရောင်းချနေကြပါသလဲ။ စွမ်း ဆောင်ရည်မြင့် SUV လိုချင်သူတွေ လေ့လာထားရမယ့်မော်ဒယ်ကောင်းတွေကို ဖော်ပြလိုက်ပါတယ်။
(၁) Jeep Grand Cherokee Trackhawk
မထင်မှတ်လောက်အောင် အမေရိကန် အခြေစိုက် Jeep ရဲ့မော်ဒယ်က မြင်းကောင်ရေ ၇၀၇ ကောင်အား ထိအောင် ထွက်ရှိ နေပါတယ်။
စွမ်းဆောင်ရည်မြင့် မော်ဒယ်ကောင်းတွေကို ဂျာမနီအခြေစိုက် Audi, Porsche, Mercedesနဲ့ BMW တွေကပဲ ထုတ်လုပ် နေကျ ဖြစ်ပေမယ့် အခုတော့ အဆိုပါ အမှတ်တံဆိပ်တွေကို Jeep က အကောင်းဆုံး နောက်ကောက်ချထားနိုင်တာ တွေ့ရ ပါတယ်။
နောက်ထပ် ထူးခြားချက်တချက်က အခု ပြောနေတဲ့စွမ်းဆောင်ရည်မြင့် SUV အားလုံးထဲမှာ Jeepရဲ့မော်ဒယ်က စွမ်းဆောင် ရည်အမြင့်ဆုံး ဖြစ်ပေမယ့် ဈေးအချိုဆုံးမော်ဒယ် ဖြစ်နေတာပါပဲ။
(၂) Bentley Bentayga
SUV ကိုယ်ထည်နဲ့ ထူးထူးခြားခြား ထုတ်လုပ်ထားတဲ့ Bentleyရဲ့မော်ဒယ်က မြင်းကောင်ရေ ၆၀၀ အားထိအောင် ထုတ် လုပ်ပေးနိုင်မယ့် အင်ဂျင်နဲ့ ဖြစ်ပါတယ်။
ထူးခြားချက်က အခြားမော်ဒယ်တွေအားလုံးမှာ V Series တန်းဝင် အင်ဂျင်တွေကိုပဲ တပ်ဆင်ထားပေမယ့် အခု မော်ဒယ်မှာ တော့ ၆.၀ လီတာသုံး W12 အင်ဂျင်ကို တပ်ဆင်ထားတာပဲ ဖြစ်ပါတယ်။
အဆင့်မြင့် ဇိမ်ခံမော်ဒယ် စီးချင်းသူတွေအတွက်ကတော့ အကောင်းဆုံး ရွေးချယ်နိုင်စရာ မော်ဒယ် ဖြစ်ပြီး တနာရီ ၁၈၇ မိုင် ထိအောင် အမြန်ဆုံး မောင်းနှင်နိုင်တာ တွေ့ရပါတယ်။
(၃) Mercedes-AMG GLE63 S
မော်ဒယ်က SUV ကိုယ်ထည် ဆိုပေမယ့် ဆီဒင်ကိုယ်ထည်နဲ့ ဆင်လောက်အောင် ကိုယ်ထည်နိမ့်နိမ့်၊ ရုပ်ထွက်လှလှ၊ ဆွဲ ဆောင်မှု ကောင်းကောင်းနဲ့ ဖန်တီးထားပြီး BMWရဲ့မော်ဒယ်တွေကို ဈေးကွက်ကောင်းကောင်း ယှဉ်နိုင်လာတာ တွေ့ရပါ တယ်။
လမ်းကြမ်းပိုင်းထက် ဇိမ်ခံပုံစံ ဦးစားပေး ဖန်တီးထားပြီး မြင်းကောင်ရေ ၅၇၇ ကောင်အား ထုတ်လုပ်ပေးနိုင်တဲ့အင်ဂျင်ကို တပ်ဆင်ထားပါတယ်။
(၄) Porsche Cayenne Turbo S
လာမယ့်နှစ်မှာ Hybrid စနစ်နဲ့ ဖြစ်လာမယ့် အခု မော်ဒယ်က မြင်းကောင်ရေ ၅၇၀ အားထိအောင် ထုတ်လုပ်နိုင်နေပါ တယ်။ Hybrid စနစ်နဲ့ဆိုရင်တော့ မြင်းကောင်ရေ ၆၈၀ အား ထိအောင် ထွက်ရှိမှာ ဖြစ်ပြီး ဈေးကွက်ဝင်မော်ဒယ်တွေထဲမှာ စွမ်း ဆောင်ရည် အမြင့်ဆုံး မော်ဒယ် ဖြစ်လာနိုင်ပါတယ်။
အခု မော်ဒယ်က တနာရီ မိုင် ၆၀ နှုန်းကို အချိန် ၃.၈ စက္ကန့်တည်းနဲ့ ရောက်ရှိအောင် မောင်းနှင်နိုင်ပြီး SUV တွေထဲမှာ အမြန် ဆုံး မော်ဒယ်တခုအဖြစ် ရှိနေသလို တနာရီ အမြန်ဆုံးအနေနဲ့ ၁၇၆ မိုင်ထိအောင် မောင်းနှင်နိုင်တာလည်း ဖြစ်ပါတယ်။
(၅) BMW X5 M, X6 M
မြင်းကောင်ရေ ၅၆၇ ကောင်အား ထိအောင် ထွက်ရှိတဲ့ ဂျာမနီ အခြေစိုက် BMWရဲ့စွမ်းဆောင်ရည်မြင့် မော်ဒယ်တွေ ဖြစ်ပါ တယ်။
မော်ဒယ်နှစ်ခုလုံးမှာ ၄.၄လီတာသုံး Twin-Turbo စနစ်ပါရှိတဲ့ V8 အင်ဂျင်ကို တပ်ဆင်ထားတာ တွေ့ရပါတယ်။ စွမ်းဆောင် ရည်ကောင်းမွန်မှုနဲ့အတူ အခု မော်ဒယ်နှစ်ခုက အောက်ဘက်ကိုယ်ထည် Chassis ကောင်းမွန်မှု၊ Dual-clutch စနစ်နဲ့ပါရ နိုင်မှုတွေကြောင့် အထူးပဲ လူကြိုက်များတာ တွေ့ရပါတယ်။
(၆) Mercedes-AMG G63
အခု မော်ဒယ်လောက် စွမ်းအင်ထုတ်လုပ်နိုင်မှု ကောင်းတဲ့ မော်ဒယ်မျိုး ကားကုမ္ပဏီတိုင်းက ထုတ်လုပ်နိုင်မှု သိပ်မရှိပါ ဘူး။ မြင်းကောင်ရေ ၅၆၃ ကောင်အား ထွက်ရှိပါတယ်။ ၅.၅ လီတာသုံး Twin-Turbo စနစ်နဲ့ V8 အင်ဂျင်ကို တပ်ဆင်ထားပြီး မြို့တွင်းသုံးထက် လမ်းကြမ်းပိုင်း ဦးစားပေးမော်ဒယ်ပုံစံ ဖန်တီးထားတာ တွေ့ရပါတယ်။
ကိုယ်ထည်ကြီးတယ်၊ လေးတယ်၊ ဒါပေမယ့် မထင်မှတ်ဘဲ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု အထူးမြန်ဆန် ကောင်းမွန်တာ တွေ့ရပါတယ်။
(၇) Range Rover SVAutobiography Dynamic
သူက မြင်းကောင်ရေ ၅၅၀ အား ထိအာင် ထွက်ရှိတဲ့မော်ဒယ်ပါ။ Land Rover လည်း မိတ်ဖက်ကုမ္ပဏီ Jaguar ရဲ့ F-Type မော်ဒယ်က စွမ်းအင်ထုတ်လုပ်မှု ကောင်းတဲ့အင်ဂျင်စနစ်ကို ရယူဖန်တီးမှုနဲ့အတူ အခုလို စွမ်းအင်ထုတ်လုပ်မှု ကောင်မွန်လာ တာပါ။
လမ်းကြမ်းလမ်း သုံးမယ်၊ ဇိမ်ခံလည်း ဖြစ်ရမယ်၊ စွမ်းဆောင်ရည်လည်း မြင့်ရမယ် ဆိုတဲ့ SUV လိုချင်သူတွေအတွက် အ ကောင်းဆုံး မော်ဒယ်ပါ။
(၈) Range Rover Sport SVR
မြင်းကောင်ရေ ၅၅၀ အားပဲ ထုတ်လုပ်နိုင်ပါတယ်။ SVAutobiography Dynamic က အင်ဂျင်ရော ဂီယာစနစ်ကို အတူ တူပဲ ဖြစ်ပါတယ်။ ဒါနဲ့ ဘာကြောင့်များ နာမည် နှစ်ခု ပေးပြီး မော်ဒယ်နှစ်ခု ထုတ်လုပ်လာရပါသလဲ၊ SVR မော်ဒယ်က ကိုယ်ထည်ပိုင်း ပိုမို ပေါ့ပါးပါတယ်၊ အောက်ဘက် ကိုယ်ထည်အထိုင်က မြန်ဆန်မှု ဦးစားပေး မော်ဒယ် ဖြစ်ပါတယ်။
ဝန်တင်ဆောင်နိုင်မှုနဲ့ လမ်းကြမ်းစွမ်းဆောင်ရည်မှာ SVAutobiography Dynamic လောက် မကောင်းပေမယ့် အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု ပိုကောင်းပါတယ်။
www.roadandtrack.com