စီးပွားရေး

ဘဏ္ဍာရေးနှစ်ပြောင်းလဲမှု ပြန်လည်သုံးသပ်ရန် တပ်မတော်နှင့် USDP ပါတီ လွှတ်တော်တွင် ဆွေးနွေး

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ်ပြောင်းလဲ သတ်မှတ်မှုအား တပ်မတော်သား ကိုယ်စားလှယ်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီမှ ကိုယ်စားလှယ် တို့က ပြန်လည် စဉ်းစား သုံးသပ်သင့်ကြောင်း ယမန်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေး တင်ပြခဲ့သည်။

USDP ပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေး က “အစိုးရအသစ် စတင်ဖွဲ့စည်း တုန်းကလည်း ဝန်ကြီး အရေအတွက်ကို လျော့ချပြီး ဝန်ကြီးဌာနအချို့ကို ပေါင်းစည်း ဖွဲ့စည်းလိုက်တဲ့ အတွက် လုပ်ငန်းအသီးသီးရဲ့ အခြေအနေမှန်ကို သိရှိဖို့ခက်ခဲပါတယ်။ ပြည်သူတွေ အနေနဲ့လည်း ငွေကြေး အကြပ်အတည်း အလုပ်အကိုင်အခက်အခဲ၊ ရာသီဥတု ဖောက်ပြန်မှုတွေ ကြုံတွေ့နေရတဲ့ အတွက် အခုချိန်မှာ နိုင်ငံတော် ဘဏ္ဍာရေးနှစ် ပြောင်းလဲ မသတ်မှတ်သင့်သေးပါဘူး” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိ အသုံးပြုနေသည့် ဘဏ္ဍာရေးနှစ်မှာ ဧပြီ ၁ ရက်မှ နောက်တနှစ် မတ် ၃၀ ရက် ဖြစ်သော်လည်း အောက်တိုဘာ ၁ ရက်မှ နောင်တနှစ် စက်တင်ဘာ ၃၀ ရက်သို့ ပြောင်းလဲ သတ်မှတ်ရန် သမ္မတက ပြည်ထောင်စု လွှတ်တော်သို့ ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်နေ့က သဝဏ်လွှာ ပေးပို့ခဲ့ခြင်းဖြစ်သည်။

တပ်မတော်သား ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးသောင်းထိုက်စိုး က “နှစ်လေးဆယ်ကျော် ဘက်ဂျက်ရေးဆွဲဆောင်ရွက်ခဲ့ပြီး ဖြစ်တဲ့အတွက် လုပ်ငန်းအဆင်ပြေ ချောမေ့ွခြင်း၊ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသော တောင်သူလယ်သမားများ အတွက် စိုက်ပျိုးစရိတ်မတိုင်မီ စိုက်ပျိုးစရိတ် ချေးငွေ များ အချိန်မှီထုတ်ပေးနိုင်ခြင်း၊ လက်ရှိ ဘဏ္ဍာရေးနှစ်ဟာ မြန်မာအား ထောက်ပံ့ပေးတဲ့ ဂျပန်နိုင်ငံနဲ့ ဘဏ္ဍာရေးနှစ် တူညီ၍ ထောက်ပံ့ကူညီမှုများ ရရှိနိုင်ခြင်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံး ရေးစွဲ ဖော်ပြခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်ရန် မလိုအပ်ခြင်း စတဲ့အားသာချက်များကိုတွေ့ရှိ ရမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

အဆိုပါ ကိစ္စကို ယမန်နေ့က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်တွင် ကိုယ်စားလှယ် ၁၃ ဦးက ပါဝင်ဆွေးနွေခဲ့ရာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂ ဦး၊ USDP ပါတီနှင့် ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ်တို့က ပြန်လည်သုံးသပ်သင့်ကြောင်း ဆွေးနွေးခဲ့ရာ ယနေ့တွင် အတည်ပြု၊ မပြု ဆုံးဖြတ်မည်ဖြစ်သည်။

ဘဏ္ဍာရေးနှစ်ကို အောက်တိုဘာလ ၁ ရက်မှ နောက်တနှစ် စက်တင်ဘာလ ၃၀ ရက် အထိ ပြင်ဆင်သတ်မှတ်မည် ဆိုပါက တည်ဆောက်ရေး၊ ဝယ်ယူရေးလုပ်ငန်းများမှာ ၈ လခန့် အချိန်ရကာ ပွင့်လင်းရာသီရရှိခြင်း၊ ဘဏ္ဍာရေးနှစ် စတင်ချိန် နှင့် နှစ်သစ်ကူးရုံးပိတ်ရက် တိုက်ဆိုင်မှုမရှိသည့် အတွက် အားသာချက်များရှိသည်ဟု နိုင်ငံတော်သမ္မတ ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

ပြည်သူ့ လွှတ်တော်၊ ပြည်သူ့ ငွေစာရင်း ဥက္ကဋ္ဌ ဦးအောင်မင်းက “ ဘဏ္ဍာရေးနှစ် သတ်မှတ်ချက်ဟာ အဓိက မကျဘူး၊ အဓိက ကျတာက လူတွေ၊ ဌာနဆိုင်ရာတွေ ၊ နိုင်ငံကို စဉ်ဆက် မပြတ် တာဝန်ယူ တည်ဆောက်သွားရမယ့် ဌာနဆိုင်ရာတွေ၊ ပြည်သူတွေ အားလုံးက တက်ညီလက်ညီ နဲ့ ကိုယ့် ရဲ့ ကျတဲ့ တာဝန်ကို စဉ်းမျဉ်း၊ စည်းကမ်းနဲ့ အညီ လိုက်နာဆောင်ရွက် ဘာမှ အခက်အခဲမှ မရှိနိုင်ပါဘူး။” ဟု သုံးသပ်သည်။

အောက်တိုဘာ ၁ ရက်မှ နောက်တနှစ် စက်တင်ဘာ ၃၀ ရက် အထိ ဘဏ္ဍာရေး နှစ် အဖြစ် သတ်မှတ် ကျင့်သုံးနေသည့် နိုင်ငံများမှာ အမေရိကန်၊ ထိုင်း နှင့် လာအို နိုင်ငံများ ကလည်းကောင်း၊ တရုတ်၊ ဂျာမနီ၊ ဂရိ၊ နယ်သာလန်၊ ဂျပန်နှင့် ရုရှားစသည့်နိုင်ငံအချို့၏ ဘဏ္ဍာရေးနှစ်မှာ ဇန်နဝါရီ မှ ဒီဇင်ဘာထိလည်းကောင်း စသည်ဖြင့် အသီးသီး သတ်မှတ်ကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading