• English
Wednesday, July 16, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

အသစ်ပြောင်းလဲလိုက်သည့် ဘဏ္ဍာနှစ်မတိုင်မီ ကြားကာလ ၆ လ ဘတ်ဂျက်ရေးဆွဲရန် စီစဉ်

by မိုးမိုး
17 November 2017
in စီးပွားရေး
A A
လွှတ်တော် ဆဋ္ဌမ အကြိမ်မြောက် ပုံမှန်အစည်းအဝေး / ဧရာဝတီ

လွှတ်တော် ဆဋ္ဌမ အကြိမ်မြောက် ပုံမှန်အစည်းအဝေး / ဧရာဝတီ

6.7k
VIEWS
Share on FacebookShare on Twitter

ပြည်ထောင်စုလွှတ်တော်တွင် အသစ်ပြင်ဆင် သတ်မှတ်လိုက်သည့် ၂၀၁၈ အောက်တိုဘာမှ စပြီး ၂၀၁၉ စက်တင်ဘာတွင် ပြီးဆုံးမည့် ဘဏ္ဍာနှစ်ပုံစံသစ်သည် လာမည့်နှစ် အောက်တိုဘာတွင် စတင်မည်ဖြစ်ရာ ယင်းသတ်မှတ်ချက် မတိုင်မီ ကြားကာလ ၆ လအတွင်း ဘတ်ဂျက်ကာလကို ရေးဆွဲရန် စီစဉ်နေကြောင်း သိရသည်။

လက်ရှိ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ်မှာ လာမည့် မတ်လ ၃၁ ရက်နေ့၌ ကုန်ဆုံးမည် ဖြစ်ရာ အသစ်ပြင်ဆင်ထားသည့် ဘဏ္ဍာနှစ်ကာလ မတိုင်မီ ၂၀၁၈ ခုနှစ်ဧပြီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်ထိ ကြားကာလအတွင်း အသုံးပြုမည့် ဘတ်ဂျက်ရေးဆွဲခြင်းကို လာမည့် ဇန်နဝါရီတွင် စတင်ရန် စီစဉ်နေခြင်း ဖြစ်သည်။

RelatedPosts

ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

15 July 2025
1.3k
မိုးထိမြင့်မား ကုန်ဈေးနှုန်းကြား ရုန်းကန်နေသော ပြည်သူများ

မိုးထိမြင့်မား ကုန်ဈေးနှုန်းကြား ရုန်းကန်နေသော ပြည်သူများ

14 July 2025
709
NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

13 July 2025
590

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက “ လက်ရှိ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်က မတ်လ ၃၁ ရက်နေ့မှာ ကုန်မယ်။ စမယ့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်က အောက်တိုဘာ ၁ ရက်နေ့က စမယ်။ ၂၀၁၉ စက်တင်ဘာ ၃၀ ရက်နေ့မှ ကုန်မယ်။ အဲဒီအခါ၂၀၁၈-၁၉ ဘတ်ဂျက်နှစ်က ပုံမှန် ပြန်စမှာပေါ့။ ကြားထဲမှာ လွှတ်နေတဲ့ ၆ လရှိတယ်။ ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်နေ့ ကနေ စက်တင်ဘာလ ၃၀ ရက်နေ့ထိပေါ့။” ဟု ယမန်နေ့က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန်တွင် မီဒီယာများကို ပြောသည်။

အဆိုပါ ကြားကာလ ခြောက်လစာ ဘတ်ဂျက် ရေးဆွဲနိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများအား လိုအပ်သည့် အသုံး စရိတ်တောင်းခံ ထားပြီး ဖြစ်ကြောင်း၊ ဘတ်ဂျက် ရေးဆွဲသည့် လုပ်ငန်းစဉ်အား ပုံမှန် တနှစ်စာ ရေးဆွဲနည်း အတိုင်း ရေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။

“အစိုးရအဖွဲ့ ခွင့်ပြုပြီဆိုတာနဲ့ လုပ်ငန်းစဉ်တွေ ဆက်လုပ်ပါမယ်။ ခါတိုင်းဆို ဧပြီလမှာ စမယ့် တနှစ်ဘတ်ဂျက်ကို ဇန်နဝါရီ ၁၅ မတိုင်ခင်မှာ တင်ရတယ်။ အဲဒီအတိုင်းပဲဖြစ်ဖို့ များပါတယ်။ ဇန်နဝါရီ ၁၅ မတိုင်ခင်မှာ လွှတ်တော်က စစ်တာနဲ့ လွှတ်တော်က ဥပဒေကို အတည်ပြု ပြဌာန်းပြီဆိုရင် မတ်လ မကုန်ခင်မှာ ပြဌာန်းနိုင်မှ ဧပြီလမှ စလုပ်နိုင်မှာ။” ဟု ဒုဝန်ကြီးက ဆိုသည်။

ခြောက်လစာ အသုံးစရိတ် ရေးဆွဲခြင်းဖြစ်သည့် အတွက် ဘတ်ဂျက်ငွေ တင်ပြတောင်းခံသည့် အခါ အဆောက်အအုံလုပ်ငန်းများ အတွက် ခြောက်လ အတွင်း အပြီးသတ် ဆောက်လုပ်နိုင်မည့် အဆောက်အအုံအမျိုးအစားကိုသာ တင်ပြ တောင်းခံရမည် ဖြစ်ကြောင်း သိရှိရသည်။

ပြည်သူ့ လွှတ်တော်၊ ပြည်သူ့ ငွေစာရင်း ဥက္ကဋ္ဌ ဦးအောင်မင်းက “ ၆ လ ဘတ်ဂျက် ဘာလို့ ဆွဲဖို့ လိုသလဲ ဆိုရင် ၁၉၇၄ ခုနှစ် မတိုင်ခင်က ဘတ်ဂျက်နှစ်ဟာ အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက် ဖြင့် သတ်မှတ်ခဲ့ပြီး၊ ၁၉၇၄ နောက်ပိုင်းမှာ ဧပြီ ၁ ရက်မှ စပြီး၊ မတ်လ ၃၁ ဆိုပြီး ဘတ်ဂျက်နှစ်ကို ပြောင်းလိုက်တယ်။ အဲဒီပြောင်းလိုက်တဲ့ အချိန်မှာ ကြားမှာ ၆ လကွာဟချက် ဖြစ်သွားတယ်” ဟု ရှင်းပြသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အစိုးရ၏ အသုံးစရိတ်များ၊ နိုင်ငံတော်၏ အသုံး စရိတ်အားလုံးအား လွှတ်တော်မှ အတည်ပြု ပေးရခြင်းဖြစ်သည်။ ထို့ကြောင့် ဘတ်ဂျက်နှစ်အသစ်ကာလာ မတိုင်မီ လွတ်နေသည့် ကြားကာလ အတွက် အသုံး စရိတ်များအား အစိုးရ အဖွဲ့ အနေဖြင့် ဘဏ္ဍာရေး ကော်မရှင် မှတဆင့် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရခြင်း ဖြစ်သည်။

ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက “ ခြောက်လပတ် ရေးဆွဲမယ်ဆိုရင် အမျိုးသား စီမံကိန်းရယ်၊ ရသုံးမှန်းခြေ ငွေစာရင်းရယ်၊ အခွန် အကောက်ဆိုင်ရာ ဥပဒေရယ် အဲဒါတွေကို ပြီးခဲ့တဲ့ ၁၇-၁၈ ခုနှစ် အတွက် ဘယ်လို ဖြတ်မှာလဲ။ ၁၇-၁၈ မှာ တချို့ဟာတွေက မပြတ်နိုင်ဘူးလေ၊ ပြီးခဲ့တဲ့ ဟာတွေကို ဘယ်လို ယူမှာလဲ။ စိတ်ပူတာက ဒီကာလမှာ ကိန်းဂဏန်းတွေ ပျောက်ကုန်မှာ စိုးတာပါ” ဟု ဧရာဝတီ သို့ ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိ အသုံးပြုနေသည့် ဘဏ္ဍာရေးနှစ်မှာ ဧပြီ ၁ ရက်မှ နောက်တနှစ် မတ် ၃၀ ရက် ဖြစ်သော်လည်း အောက်တိုဘာ ၁ ရက်မှ နောင်တနှစ် စက်တင်ဘာ ၃၀ ရက်သို့ ပြောင်းလဲ သတ်မှတ်ရန် သမ္မတက ပြည်ထောင်စု လွှတ်တော်သို့ ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်နေ့က သဝဏ်လွှာ ပေးပို့ခဲ့ခြင်းဖြစ်သည်။

ဘဏ္ဍာရေးနှစ်ကို အောက်တိုဘာလ ၁ ရက်မှ နောက်တနှစ် စက်တင်ဘာလ ၃၀ ရက် အထိ ပြင်ဆင်သတ်မှတ်မည် ဆိုပါက တည်ဆောက်ရေး၊ ဝယ်ယူရေးလုပ်ငန်းများမှာ ၈ လခန့် အချိန်ရကာ ပွင့်လင်းရာသီရရှိခြင်း၊ ဘဏ္ဍာရေးနှစ် စတင်ချိန် နှင့် နှစ်သစ်ကူးရုံးပိတ်ရက် တိုက်ဆိုင်မှုမရှိသည့် အတွက် အားသာချက်များရှိသည်ဟု နိုင်ငံတော်သမ္မတ ၏ သဝဏ်လွှာတွင် ဖော်ပြထားရာ ပြည်ထောင်စုလွှတ်တော်က ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ရက်တွင် ဘဏ္ဍာနှစ်ပြောင်းလဲ သတ်မှတ်ခြင်းကို အတည်ပြုခဲ့သည်။

အောက်တိုဘာ ၁ ရက်မှ နောက်နှစ် စက်တင်ဘာ ၃၀ ရက် အထိ ဘဏ္ဍာရေး နှစ် အဖြစ် သတ်မှတ် ကျင့်သုံးနေသည့် နိုင်ငံများမှာ အမေရိကန်၊ ထိုင်း နှင့် လာအို နိုင်ငံများ ကလည်းကောင်း၊ တရုတ်၊ ဂျာမနီ၊ ဂရိ၊ နယ်သာလန်၊ ဂျပန်နှင့် ရုရှားစသည့်နိုင်ငံအချို့၏ ဘဏ္ဍာရေးနှစ်မှာ ဇန်နဝါရီ မှ ဒီဇင်ဘာထိလည်းကောင်း စသည်ဖြင့် အသီးသီး သတ်မှတ်ကြသည်။

ဆက်စပ်ဖတ်ရှုရန်- ဘဏ္ဍာရေးနှစ်ပြောင်းလဲမှု ပြန်လည်သုံးသပ်ရန် တပ်မတော်နှင့် USDP ပါတီ လွှတ်တော်တွင် ဆွေးနွေး

Your Thoughts …
Tags: ဆောက်လုပ်ရေးဘဏ္ဍာနှစ်ဘတ်ဂျက်
မိုးမိုး

မိုးမိုး

...

Similar Picks:

သရေစည်သူဘွဲ့ ရ စစ်ခေါင်းဆောင် လူယုံ ဒုဗိုလ်ချုပ်ကြီးညိုစော

သရေစည်သူဘွဲ့ ရ စစ်ခေါင်းဆောင် လူယုံ ဒုဗိုလ်ချုပ်ကြီးညိုစော

by ဧရာဝတီ
5 January 2024
14.6k

ဒုဗိုလ်ချုပ်ကြီးညိုစောကို စစ်ကောင်စီဥက္ကဌ၏အကြံပေးနှင့် ဘတ်ဂျက်ကော်မတီဥက္ကဋ္ဌအဖြစ် ခန့်အပ်ပြီး နောက်ပိုင်း ရရှိလာသည့် လုပ်ပိုင်ခွင့်အာဏာများကို ကြည့်၍ တိုင်းပြည်၏စီးပွားရေးတခုလုံးအား ၎င်းက စီမံခန့်ခွဲတော့မည်ဟု ကုန်သည်ကြီးအချို့က ခန့်မှန်းတွက်ချက်ပြောဆိုကြသည်

ဦးတေဇခေတ် ကုန်သွားပြီလား

ဦးတေဇခေတ် ကုန်သွားပြီလား

by ဧရာဝတီ
25 October 2024
11.9k

ထူးရုံးချုပ်ကို ရောင်းချခြင်းသည် နဝတခေတ်က ရရှိခဲ့သော အခွင့်အလမ်းများ ပြန်မရနိုင်တော့သည့် အတွက်ကြောင့်သာ ဖြစ်သည်။

ဘိလပ်မြေ ဈေးမြင့်၍ ဝယ်ရန် ခက်နေ

ဘိလပ်မြေ ဈေးမြင့်၍ ဝယ်ရန် ခက်နေ

by ဧရာဝတီ
12 April 2025
2.7k

ငလျင် လှုပ်ခတ်ပြီးနောက်တွင် အမျိုးအစား ပေါ်မူတည်၍ တအိတ်လျှင် ကျပ် ၃၇၀၀၀ မှ ကျပ် ၄၀၀၀၀ ကျော်အထိ ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ပြီး လက်ရှိ အရောင်း ဆိုင်တချို့မှာ ဘိလပ်မြေအဝင်မရှိသဖြင့် အရောင်းပိတ် ထား

၆ လအတွင်း ပို့ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ကျော် ကျဆင်း

၆ လအတွင်း ပို့ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ကျော် ကျဆင်း

by ဧရာဝတီ
19 October 2023
2.6k

ယခုဘဏ္ဍာနှစ်၏ ကျန်ရှိသော ၆ လတာကာတွင် ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ (၁၆ဒသမ ၅) ဘီလီယံ၊ သွင်းကုန်ကို (၁၆) ဘီလီယံ ၊ စုစုပေါင်းကုန်သွယ်မှုပမာဏ (၃၂ဒသမ ၅)ဘီလီယံ အထိ ရရှိရန် လျာထားပြီး သွင်းကုန်ထက်...

မြန်မာငလျင်ကြောင့် ဘန်ကောက် ဆောက်လုပ်ရေး ဘေးကင်းလုံခြုံမှု ပြန်လည်သုံးသပ်

မြန်မာငလျင်ကြောင့် ဘန်ကောက် ဆောက်လုပ်ရေး ဘေးကင်းလုံခြုံမှု ပြန်လည်သုံးသပ်

by ဧရာဝတီ
3 April 2025
1.5k

အဆောက်အအုံဒီဇိုင်း၊ ဆောက်လုပ်ရေး ဘေးကင်းလုံခြုံမှု လုပ်ထုံးလုပ်နည်း လိုက်နာမှုနှင့် နိုင်ငံတော် စာရင်းရုံးကို တည်ဆောက်နေသည့် တရုတ်နိုင်ငံပိုင် ကန်ထရိုက်တာတို့နှင့် ပတ်သက်ပြီး မေးခွန်းများ ထွက်ပေါ်ခဲ့သည်။

ထိုင်းရောက် MoU အလုပ်သမား ၂၇၃ ဦး အလိမ်ခံရ၍ အလုပ်လက်မဲ့ဖြစ်နေ

ထိုင်းရောက် MoU အလုပ်သမား ၂၇၃ ဦး အလိမ်ခံရ၍ အလုပ်လက်မဲ့ဖြစ်နေ

by ဧရာဝတီ
3 October 2024
1.2k

Zin Tun Win 999 Co., Ltd သည် ယခုနှစ်အတွင်း အလုပ်သမားစေလွှတ်မှု လူဦးရေ ၄၀၀ ကျော်ရှိခဲ့ပြီး လက်ရှိတိုင်ကြားထားသည့် အလုပ်သမား ၂၇၃ ယောက်အပါအဝင် ၄၀၀ ကျော်စလုံးမှာ အလုပ်အကိုင် အမှန်တကယ်...

Next Post
ရခိုင်ပဋိပက္ခတွေက စီးပွားရေးမှာ ရေရှည်သက်ရောက်မှုတွေရှိလာနိုင် (ရုပ်/သံ)

ရခိုင်ပဋိပက္ခတွေက စီးပွားရေးမှာ ရေရှည်သက်ရောက်မှုတွေရှိလာနိုင် (ရုပ်/သံ)

အသက်နှင့် ကျန်းမာရေး အာမခံ ထားရန် စိတ်ဝင်စားသူ နည်းပါးနေ / ရန်ကုန်ရှိ မြန်မာ့အာမခံလုပ်ငန်းရုံး / Global New Light of Myanmar

သူတပါးထိခိုက်မှု အာမခံကြေး ထုတ်ယူသူ ၆၀၀ ဝန်းကျင်ခန့်သာရှိဟုဆို

No Result
View All Result

Recommended

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

7 days ago
8.7k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

5 days ago
4.4k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

    shares
    Share 0 Tweet 0
  • အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate