စီးပွားရေး

မြန်မာ့ကျေးလက် ဝင်ငွေတိုးရေး ဒေါ်လာ ၁ ဒသမ သုည ၃ ဘီလီယံ ဂျပန် ကူညီ

Want create site? Find Free WordPress Themes and plugins.

ကျေးလက်ဒေသ ဝင်ငွေတိုးတက်စေရေး ပံ့ပိုးနိုင်ရန် ဒေါ်လာ ၁ ဒသမ သုည ၃ ဘီလီယံတန်ဖိုးရှိ ဖွံ့ဖြိုးရေး အကူအညီများကို မြန်မာနိုင်ငံသို့ ပေးအပ်သွားရန် ဂျပန်က ကတိပြုပြီး ဖြစ်ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံတွင် ယခင် သီတင်းပတ်က ကျင်းပခဲ့သည့် အာဆီယံ ထိပ်သီးအစည်းအဝေး အတွင်း ဒေါ်အောင်ဆန်းစုကြည် နှင့် အတူ တက်ရောက်ခဲ့သည့် အစည်းအဝေးတခု၌ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ယင်းကဲ့သို့ အတိုးနည်းချေးငွေဖြင့် အကူအညီ ပေးရန် ကြေညာခဲ့သည်။

ယင်းချေးငွေသည် ကျေးလက်ဒေသ ဝင်ငွေဖွံ့ဖြိုးရေး ပံ့ပိုးနိုင်ရန် ဘဏ္ဍာရေးအသေးစား ကုမ္ပဏီနှင့် အခြေခံအဆောက်အဦ အပါအဝင် ရန်ပုံငွေ စီမံကိန်းများကို အထောက်အကူပြုမည် ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် သြဂုတ်လမှ စကာ မြန်မာနိုင်ငံတွင်း မွတ်စလင် ၆ သိန်းထက်မနည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွင်ပြေးခိုလှုံခဲ့ရသဖြင့် မြန်မာ အာဏာပိုင်များပေါ်တွင် တိုးပွားလျက်ရှိသည့် ပြစ်တင်ဝေဖန်မှုများ အပြီး ယင်းအကူအညီကိစ္စ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့်လက ကုလသမဂ္ဂ ညီလာခံတွင် နိုင်ငံတကာက ဒုက္ခသည်များနှင့် ယင်းတို့ကို လက်ခံထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွက် ဒေါ်လာ ၃၃၄ သန်းထက် မနည်း နိုင်ငံတကာက အကူအညီပေးခဲ့ကြသည်။

မြန်မာအစိုးရအနေဖြင့် ဒုက္ခသည် များ ပြန်လည်လက်ခံနိုင်ရေး ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် ဆွေးနွေးညှိနှိုင်းနေပြီး ယင်းကိစ္စ စတင်အကောင်အထည်ဖော်ရေး ၂ နိုင်ငံကြား နားလည်မှုစာချွန်လွှာကို ၂ ဘက် သဘောတူလက်မှတ်ရေးထိုးရန် မျှော်လင့်ရသည်။

မြန်မာအစိုးရအနေဖြင့် လတ်တလော လူမှုရေးအတွက် သုံးစွဲမှု အချိုးမြင့်မားလာခြင်းနှင့် ဒေသချင်း ကွာခြားချက်များကို ဖြေရှင်းရန် အထူးသဖြင့် ရခိုင်ပြည်နယ် ပြန်လည် တည်ဆောက်ရေးနှင့် ဒုက္ခသည်များ ပြန်လည်နေရာ ချထားရေးတို့ အတွက် ဘဏ္ဍာငွေ ပိုမို ချထားပေးသည့် ဆောင်ရွက်ချက်များကို မကြာသေးမီက မြန်မာ့စီးပွားရေး လာရောက်လေ့လာသုံးသပ်သော IMF ဝန်ထမ်းများက ကြိုဆိုသွားခဲ့သည်။

ကိုးကား ။ ။ www.publicfinanceinternational.org

Did you find apk for android? You can find new Free Android Games and apps.
Loading