စီးပွားရေး

ပလက်ဝမြို့မဈေး ကျပ်သိန်း ၅၅၀၀ ကုန်ကျခံ အဆင့်မြှင့်မည်

Want create site? Find Free WordPress Themes and plugins.

ချင်းပြည်နယ်၊ ပလက်ဝမြို့ရှိ စည်ပင်သာယာမြို့မဈေးကို ချင်းပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ငွေ အပါအဝင် မြို့မိမြို့ဖများနှင့် ဈေးသူဈေးသားများ ပူးပေါင်း၍ ကျပ်သိန်း ၅၅၀၀ အကုန်အကျခံ၍ အဆင့်မြင့် နှစ်ထပ်ဈေး အဖြစ် ပြောင်းလဲ တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ အရင်ဈေးဟောင်းရှိတယ်။ အဲဒါကို ဖျက်သိမ်းပြီးပြီ။ ဖျက်သိမ်းပြီးလို့ မြေညှိတာ လုပ်ငန်း စတော့ မယ်။ ကျနော်တို့ ၂၀၁၇-၂၀၁၈ ဘတ်ဂျက်နှစ် အပြီးဆောက်မှာပါ။ ချင်းပြည်နယ်အစိုးရအဖွဲ့က သိန်း ၄၀၀၀ ထောက်ပံ့မယ်။ ဆိုင်ခန်းက ဈေးသူဈေးသားတွေနဲ့ မြို့မိမြို့ဖ တွေက ပြန်ဖြည့်စွက်မယ်။သိန်း ၅၅၀၀ နဲ့ဆောက်မယ်”ဟု ပလက်ဝမြို့ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလင်းက ပြောသည်။

လက်ရှိ ပလက်ဝ စည်ပင်သာယာမြို့မဈေးသည် သစ်များဖြင့် ဆောက်လုပ်ထားသည့် ဈေးတခုဖြစ်ရာ အဆင့်မြင့် နှစ်ထပ်ဈေးအဖြစ် တည်ဆောက်သွားရန် ချင်းပြည်နယ်အစိုးရအဖွဲ့က ပြင်ဆင်နေခြင်းဖြစ်သည်။

ယခင် စည်ပင်သာယာမြို့မဈေးတွင် အခန်း ၃၆ ခန်းရှိရာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း အပြီးတည် ဆောက်မည့် အဆင့်မြင့် နှစ်ထပ်ဈေးတွင် အခန်းပေါင်း ၉၆ ခန်းပါဝင်မည်ဖြစ်ပြီး ကားတောင်တန်းကုမ္ပဏီက တင်ဒါ အောင်မြင်ထားကြောင်း ပလက်ဝမြို့ စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

“ကားတောင်တန်း ကုမဏီကနေ တင်ဒါ ရပြီးမှ ဆောက်နေပါပြီ။ ရှင်းလင်းတာ၊ အဆောက်အအုံ အဟောင်း တွေ ဖျက်တာတို့ သူတို့ စလုပ်နေပါပြီ”ဟု ပလက်ဝမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဦးအောင်ရွှေက ပြောသည်။

အဆင့်မြင့် ဈေးကို ဆောက်လုပ်ပြီးပါက ယခင် မူလဆိုင်ခန်းတွင် ရောင်းချနေသူများကို ဦးစားပေး၍ နေရာ ပြန်လည် ချပေးမည် ဖြစ်သော်လည်း အခမဲ့ မဟုတ်ဘဲ သင့်တော်သည့် ဈေးနှုန်းဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း၊ လက်ရှိတွင် ဆိုင်ခန်း တခန်း မည်မျှဖြင့် ရောင်းချမည်ကို မပြောနိုင်သေးကြောင်း ပလက်ဝမြို့ စည်ပင်သာယာ ရေးကော်မတီဥက္ကဌ ဦးထွန်းလင်းက ပြောသည်။

လက်ရှိတွင် ဈေးသစ်တည်ဆောက်နေဆဲဖြစ်ရာ ဈေးရောင်းချနေသူများကို ပလက်ဝ မြို့မဘောလုံးကွင်း အတွင်းသို့ ယာယီ နေရာတခုအဖြစ် ရောင်းချခွင့် ပြုထားကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading