ယခုနောက်ဆုံးထွက်ရှိလာတဲ့ လန်ဘိုဂီနီကားသစ်က မြင်းကောင်ရေ ၆၅၀ အား ရှိတဲ့ SUV (SUV-Sport Utility Venhicle) အမျိုးအစား ဖြစ်ပြီး တနာရီကို ၁၉၀ မိုင် (190 mph) သွားနိုင်ပါတယ်။ အဆင့် ၂ မောင်းသူ အထောက်အကူပြု စနစ် ပါဝင်တယ်လို့လည်း ဆိုပါ တယ်။
ကားထုတ်လုပ်မှုလုပ်ငန်း အတွင်းမှာ ကုမ္ပဏီတိုင်းက SUV(Sport Utility Venhicle) နဲ့ ထရပ်ကား တွေ ထုတ်လုပ် ဖို့ အမြဲတမ်း ကြိုးစားခဲ့ကြပါတယ်။ လန်ဘိုဂီနီ တောင်မှ တခါတုန်းက Hummer-esque SUV ထုတ်ခဲ့ဖူးပါတယ်။ ၂၀၁၉ ယူရပ်စ် (Urus ) ကတော့ စွမ်းဆောင်ရည်မြင့်မားပြီး ဈေးနှုန်းလည်း မြင့်ပါတယ်။
ယူရပ်စ်ဟာ ပြိုင်ကား(Sports car) ထုတ်လုပ်တဲ့ လန်ဘိုဂီနီရဲ့ SUV ဈေးကွက်ကို ဝင်ရောက် ယှဉ်ပြိုင်မှု ဖြစ်ပါတယ်။ အဲဒီ ဈေးကွက်ထဲမှာ Bently Bentayga၊ Volkswagen အုပ်စုရဲ့ အစိတ်အပိုင်း ဖြစ်တဲ့ Porsche Cayenne တို့သာမက မာစီဒီးဗန့်ဇ် ဂျီဝက်ဂန်နဲ့ လင့်ရိုဗာရိန့်ရိုဗာ တို့လို နာမည်ကျော် တချို့လည်း ရှိနေပြီ ဖြစ်ပါတယ်။
ရှေးဟောင်း တိရိစ္ဆာန်ရိုင်းတမျိုးရဲ့ နာမည်ကို အစွဲပြုပြီး ယူရပ်စ်လို့ လန်ဘိုဂီနီက နာမည်ပေးထားတဲ့ ဒီကားအမျိုးအစားဟာ ကုမ္ပဏီထုတ်လုပ်တဲ့ ဂါလာဒိုနဲ့ အေဗန် တေတာလို့ ခေါ်တဲ့ sport ကားတွေရဲ့ စတိုင်မျိုးဖက်ကို အများကြီးပါနေခဲ့တာ အံ့အားသင့်စရာတော့ မဟုတ်ပါဘူး။
ဒါပေမယ့် ထပ်ဖြည့်ထားတာတွေက အပိုတံခါးတစုံနဲ့ နောက်ဘက်ထိုင်ခုံ ဖြစ်ပါတယ်။ အဲဒီထိုင်ခုံမှာ ထိုင်သူတွေနဲ့ ကားအမိုးကြားကလည်း (sport ကား တွေလိုမဟုတ်ဘဲ) ကျယ်ကျယ်လွင့်လွင့် ရှိပါတယ်။ ပစ္စည်းထည့်စရာ နေရာလည်း ပါပါတယ်။
ကားအတွင်းပိုင်းကိုလည်း လန်ဘိုဂီနီက ထုတ်တဲ့ပြိုင်ကားတွေရဲ့ပုံစံအတိုင်း ပြုလုပ်ပေးထားပြီး ပိုမိုတည့်မတ်တဲ့ ကား ပြတင်းပေါက်ကနေ အပြင်ဘက်မြင်ကွင်းကို ကြည့်နိုင်ပါတယ်။ SUV အမျိုးအစား ဖြစ်တဲ့ အတွက် ပြိုင်ကားတွေမှာ အပေါ်လှန်ပွင့်တဲ့တံခါးမျိုး မပါဝင်ပါဘူး။ ဒါကြောင့် ပြိုင်ကား မောင်းသမား မဟုတ်သူတွေ အနေနဲ့ Aventador ထက် ပိုပြီး အဆင်ပြေပြေ ဣနြေ္ဒရရ အဝင်အထွက် လုပ်လို့ ရနိုင်မှာ ဖြစ်ပါတယ်။
အဆင့် ၂ မောင်းသူ အထောက်အကူပြုစနစ်ဟာ ပိုပြီးတော့ အငြင်းပွားရာရှိပေမယ့် အရှိန် နှေးနှေး သို့မဟုတ် အလယ်အလတ် လောက်နဲ့ မောင်းချိန်မှာ စတီယာရင်နဲ့ ဘရိတ် စနစ်တွေကို ထိန်းချုပ်သွားဖွယ်ရာ ရှိပါတယ်။ အပြည့်အဝ အလိုအလျောက် စနစ်မဟုတ်ပါဘူး။ ဒါပေမယ့် လန်ဘိုဂီနီကသုံးတဲ့ အလိုအလျောက်စနစ် ပုံစံမျိုးပါပဲ။
စတိုင်အားဖြင့် ချစ်စရာ(သို့မဟုတ်) စက်ဆုပ်စရာ ဖြစ်ချင်ဖြစ်နိုင်ပေမယ့် ယူရပ်စ် ကတော့ ပါဝါအပြည့်ပါပဲ။ အင်ဂျင်စနစ်မှာ 4.0-liter V8 ကို တာဘိုချာဂျာနဲ့ တွဲထားပါတယ်။ မြင်းကောင်ရေ ၆၅၀ အားအပြည့်ထွက်ကြောင်း အာမခံပါတယ်။ ၃ ဒဿမ ၆ စက္ကန့်အတွင်းမှာ တနာရီကို ၆၂ မိုင်အထိ အရှိန်တင်လို့ရပါတယ်။ အမြင့်ဆုံးအနေနဲ့ တစ်နာရီကို မိုင် ၁၉၀ နှုန်းမောင်းနှင် နိုင်ပါတယ်။ ဒါပေမယ့် လမ်းပေါ်မှာ ဆိုရင်တော့ ဒီလောက် ရနိုင်မှာ မဟုတ်ပါဘူး။
နောက်ဘီးကို ထိန်းချုပ်နိုင်တဲ့ စတီယာရင်နဲ့ ကားအတွင်းပိုင်း မှာပါတဲ့ “Tamburo” selector ကနေတဆင့် မောင်းနှင်မှု ပုံစံကို ကြိုတင်ချိန်ညှိထားနိုင်တဲ့ စနစ်တွေက ယူရပ်စ်ဟာ SUV ကားတစီး ဖြစ်လာတဲ့ ပြိုင်ကားတစ်စီး ဖြစ်ကြောင်း သက်သေပြဖို့ အထောက်အကူ ဖြစ်စေပါတယ်။
လမ်းမရွေးတဲ့ (Off-road) စွမ်းရည်ကိုလည်း ယူရပ်စ်က အာမခံထားပါတယ်။ လန်ဘိုဂီနီရဲ့ ခေတ်မီဆန်းပြားတဲ့ လေးဘီးမောင်းစနစ် (four-wheel drive)က ဘီးတဘီးချင်းစီကို ပါဝါဖြန့်ဝေမှုကို အလိုအလျှောက် ထိန်းချုပ် ပေးရာမှာ စံပြ ဖြစ်ပါတယ်။
နွေဦးရာသီမှာ ဈေးကွက်ထဲကို ယူရပ်စ် ရောက်တော့မှာပါ။ အမေရိကန်မှာ ရောင်းချမယ့်ဈေးနှုန်းကတော့ ဒေါ်လာ ၂ သိန်းက စတင်မယ်လို့ ခန့်မှန်းရပါတယ်။ ဈေးနှုန်းမြင့်မားမယ်လို့ မျှော်လင့်ရပေမယ့် မာစီဒီး AMG G65s ကတောင် ပိုမြင့် မားတဲ့ ဈေးနှုန်း (အမေရိကန်ဒေါ်လာ ၂၂၀၀၀၀ နီးပါး) နဲ့ စရောင်းခဲ့တာ ဖြစ်တဲ့အတွက် မျှော်လင့်ထားတဲ့ ဈေးနှုန်းထက် လျှော့ချပြီး လန်ဘိုဂီနီ ရောင်းတယ်လို့ တချို့က စဉ်းစားကောင်း စဉ်းစားကြနိုင်ပါတယ်။