• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

နိုင်ငံစီးပွားရေး နာမကျန်းမှု မဟာဗျူဟာလိုအပ်ဟု စီးပွားရေးအကြံပေး ဦးမြင့်ပြော

by မျိုးပပစန်း
11 December 2017
in စီးပွားရေး
A A
စီးပွားရေးအကြံပေး ဦးမြင့်  / ဧရာဝတီ

စီးပွားရေးအကြံပေး ဦးမြင့် / ဧရာဝတီ

4.6k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေသည် နာမကျန်းဖြစ်နေပြီး ယင်းအတွက် မဟာဗျုဟာလိုအပ်နေကြောင်း ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ၏ စီးပွားရေးအကြံပေး ဦးမြင့်က ပြောကြားလိုက်သည်။

စီးပွားရေး အကြံပေး ဦးမြင့်က “ကျနော်တို့ နိုင်ငံရဲ့ စီးပွားရေး အခြေအနေဟာ နာမကျန်းဘူးလို့ ကျနော်ထင်ပါတယ်။ ဒီစီးပွားရေး နာမကျန်းမှုကြီးကို မဟာဗျူဟာလိုပါတယ်။ International Monetary Fund -IMF က ကျနော်တို့ တဦးချင်း ဂျီဒီပီကို ၂၀၂၀-၂၁ ရောက်ရင် အမေရိကန်ဒေါ်လာ ၁၈၃၂ ဒေါ်လာ ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။

RelatedPosts

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

20 May 2025
1.4k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

19 May 2025
2k
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
1.2k

ဒါပေမယ့် ဒီပမာဏဟာ လာအိုနိုင်ငံ ၂၀၁၅ ခုနှစ်က ရှိခဲ့တဲ့ တဦးချင်း ဂျီဒီပီ အမေရိကန် ဒေါ်လာ ၂၁၅၉ ထက် နည်းနေပြီးသား။ လာအိုနိုင်ငံရဲ့ တဦးချင်း ဝင်ငွေကလည်း ၂၀၂၀- ၂၁ ခုနှစ်မှာ ၅ နှစ်တာ အတွင်း ဆက်တက်နေဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိအစိုးရရဲ့ ကျန်နေတဲ့ သက်တမ်းကာလာ အတွင်း လာအိုနိုင်ငံကို အမီလိုက်နိုင်ဖို့တောင် အလားအလာ နည်းနေပါတယ်” ဟု ဒီဇင်ဘာ ၉ ရက်နေ့က ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) တွင် ပြုလုပ်သော ၂၀၁၇ ခုနှစ်အသင်းချုပ် ညီလာခံ ဆွေးနွေးပွဲ၌ ပြောသည်။

မြန်မာနိုင်ငံသည် ကျန်ရှိသည့် အစိုးရသက်တမ်းအတွင်း လူတဦးချင်း၏ ပျမ်းမျှအသား တင်ထုတ်လုပ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (pre Capita GDP) တန်ဖိုးသည် လာအိုနိုင်ငံသို့ အမီလိုက်ရန်ပင် အားနည်း နေကြောင်း ၎င်းက သုံးသပ်သည်။

အာဆီယံ အိမ်နီးချင်းနိုင်ငံများ ဖြစ်သော ဗီယမ်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် မလေးရှားနိုင်ငံတို့နှင့် မြန်မာနိုင်ငံအနေဖြင့် အလွန်မကွာဟသော GDP အဆင့်အတန်းကို ရရှိရန်မှာ စီးပွားရေးအရ အရေးကြီးသည့် မေးခွန်း တခုဖြစ်နေပြီး ယင်းသို့မီရန်အတွက် မြန်မာနိုင်ငံသည် လာအိုနိုင်ငံကို လက်ရှိ အဆင့်မှ ကျော်တက်ရန် လိိုအပ်နေကြောင်း ၊ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် အရေးကြီးသော အချက်မှာ လက်ရှိလူထု၏ အနေအထားမည်သို့ ရှိသည်ကို ဆန်းစစ်ရန် လိုအပ်နေကြောင်း သိရသည်။

“လူထုအနေအထား ဆန်းစစ်ဖို့က မခက်ပါဘူး။ ကျနော်တို့အခု ဈေးထဲသွား နေ့စဉ် ဈေးဝယ်နေတဲ့ သူတွေ၊ ရောင်းချနေတဲ့ သူတွေ ရဲ့ မိသားစု ရပ်တည်ရေးအတွက် ကြီးမားစွာ ရုန်းကန်နေရတာကို ကြည့်ရင် သိနိုင်ပါတယ်”ဟု စီးပွားရေးအကြံပေးဦးမြင့်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်တွင် မြန်မာနိုင်ငံသည် GDP အညွှန်းကိန်း ၆ နေရာတွင် ရှိနေပြီး ယခုနှစ်တွင် ၇ နေရာရရှိရန် မျှော်မှန်းထားသော်လည်း တဖက်တွင် ကုန်သွယ်မှုမူူဝါဒကို ပြုပြင်သင့်သည်များ၊ ငွေကြေးပေါ်လ စီမြင့်တင်သင့်သည်များကို ပြင်ရမည်ဖြစ်ပြီး ယင်းတို့ကို မပြင်ပဲ ကုန်သွယ်ရေးကိုသွားနေလျှင် စီးပွားရေး တန့်နေအုံးမည်ဟု စီးပွားရေး ပညာရှင်များထံမှ သိရသည်။

မေခဆောင်စီးပွားရေးပညာရှင် ဦးဇော်သန်းက “လာအိုကို အမှီလိုက်မယ် ဗီယက်နမ်ကို ယှဉ်ပြိုင်မယ် ဆိုတာထက် တကယ်တော့ကိုယ့်နိုင်ငံထဲမှာ ရှိတဲ့ စားသုံးမှု ဖူလုံအောင်ရယ်၊ ပြည်ပပို့ကုန် တင်ပို့ပြီးတော့ နိုင်ငံခြားငွေ ပြည်တွင်းဘဏ္ဍာတောင့်တင်းအောင်ပေါ့ ဒီဟာကို လုပ်မယ်ဆိုတာသာ အဓိက ဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

ဆက်လက်၍ ၎င်းက “ကိုယ့်နိုင်ငံထဲကနေ အရှိန်အဟုန်ကောင်းကောင်းနဲ့ စီးသွားအောင် တိုးတက်အောင်လုပ်ဖို့က အဓိကပဲ။ အခုအခြေအနေကို သုံးသပ်ရရင် စီးပွားရေးအနေနဲ့က ကျတယ်လို့တော့ မမြင်ပါဘူး။ ဒါပေမယ့် တန့်နေတယ်ပေါ့။ စီးပွားရေးဆိုတာ တဦးချင်းဝင်ငွေတို့ အပေါ်မှာ တိုင်းတာတယ် ဆိုပေမယ့် ဒါတွေက ကိန်းဂဏန်းအရ ပြောတာဖြစ်တယ်”ဟု ပြောသည်။

ကုန်ဈေးနူန်းကို ထိန်းနိုင်ခြင်း ဆိုသည်မှာ ပြည်တွင်းသုံးငွေ မာရန်အရေးကြီးကြောင်း၊ ပြည်ပပို့ကုန်များများ တင်ပို့နိုင်ရန် လိုအပ်ကြောင်း၊ ဘဏ္ဍာရေးမူဝါဒ၊ ကုန်သွယ်ရေးမူဝါဒများပေါ်တွင် ညိုနိူင်း ပြုပြင်ပြောင်းလဲ ရန် လိုအပ်ကြောင်း စီးပွားရေးပညာရှင်များက ပြောသည်။

Your Thoughts …
Tags: GDPနိုင်ငံစီးပွားရေးဦးမြင့်
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

“မူးယစ်” နှင့် “အွန်လိုင်းလိမ်လည်မှု နိုင်ငံများ” မှ အာဏာရှင်များ အခြေအနေ မကောင်း

“မူးယစ်” နှင့် “အွန်လိုင်းလိမ်လည်မှု နိုင်ငံများ” မှ အာဏာရှင်များ အခြေအနေ မကောင်း

by David Hutt
1 January 2024
4.3k

မြန်မာတွင် နိုင်ငံရေး အကြမ်းဖက်မှု မြင့်မားလာခြင်း၏ အကျိုးဆက်တခုမှာ ရာဇဝတ်မှုများ ပျံ့နှံ့လာခြင်း ဖြစ်သည်။

မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုသည် ကြီးထွားနေသည့် ကမ္ဘာ့ခြိမ်းခြောက်မှုဖြစ်ကြောင်း USIP ပြော

မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုသည် ကြီးထွားနေသည့် ကမ္ဘာ့ခြိမ်းခြောက်မှုဖြစ်ကြောင်း USIP ပြော

by ဧရာဝတီ
16 May 2024
3.9k

မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့သည် ခေတ်သစ်တွင် သြဇာအကြီးမားဆုံး ရာဇဝတ်ကွန်ရက် အလျင်အမြန် ဖြစ်လာနေသည့် လူကုန်ကူးမှုနှင့် ဂိုဏ်းဖွဲ့ရာဇဝတ်မှု၏ ဗဟိုချက်ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု (USIP) က နောက်ဆုံးအစီရင်ခံစာတွင် ဖော်ပြလိုက်သည်။

မြန်မာ ငလျင် နဲ့ ပတ်သက်ပြီး ပညာရှင်တွေ ဘာပြောကြလဲ

မြန်မာ ငလျင် နဲ့ ပတ်သက်ပြီး ပညာရှင်တွေ ဘာပြောကြလဲ

by ဧရာဝတီ
31 March 2025
1.9k

အဆောက်အဦ စံနှုန်းတွေ သတ်မှတ် ထိန်းညှိဖို့ အစိုးရမှာ တာဝန်ရှိပြီး အခု အဖြစ်အပျက်က မြန်မာ နိုင်ငံရဲ့ အစိုးရ အဆက်ဆက်ဟာ ငလျင် မတိုင်ခင် ကြိုတင် ပြင်ဆင်ထားမှု မရှိဘူးဆိုတာ ပြနေတယ်လို့လည်း…

မြန်မာ့စီးပွားရေး နွံ ပိုနစ်လာနေ

မြန်မာ့စီးပွားရေး နွံ ပိုနစ်လာနေ

by Romain Caillaud
1 August 2024
1.9k

စီးပွားရေးကို စစ်ကောင်စီ၏ အတင်းအကျပ် ထိန်းချုပ်သောနည်းလမ်းသည် မြန်မာ၏ ကာလလယ်နှင့် ရေရှည် အလားအလာအတွက် အခြေအနေ မကောင်းပေ။

မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း ၁ ရာခိုင်နှုန်းသာ ရှိမည်ဟု ကမ္ဘာ့ဘဏ်ဆို

မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း ၁ ရာခိုင်နှုန်းသာ ရှိမည်ဟု ကမ္ဘာ့ဘဏ်ဆို

by ဧရာဝတီ
12 December 2023
1.7k

အရှေ့အာရှဒေသတွင်း ကိုဗစ် ၁၉ ကပ်ရောဂါ မတိုင်မီက ရှိခဲ့သော စီးပွားရေးအခြေအနေသို့ ပြန်၍ မရောက်နိုင်သည့် တခုတည်းသော နိုင်ငံအဖြစ် နောက်ကျကျန်နေခဲ့ပြီဖြစ်ကြောင်း

ငလျင်ကြောင့် အရေးကြီးသော အခြေခံအဆောက်အအုံများ ပျက်စီးမှု ဆိုးရွား

ငလျင်ကြောင့် အရေးကြီးသော အခြေခံအဆောက်အအုံများ ပျက်စီးမှု ဆိုးရွား

by ဧရာဝတီ
31 March 2025
1.5k

“ဤငလျင်သည် လူနေအိမ်များကို တပြေးညီ ဖျက်ဆီးပြီး အရေးကြီးသော အခြေခံအဆောက်အအုံများကိုလည်း ပြင်းထန်စွာ ပျက်စီးစေသည်” ဟု နယူးယောက်မြို့ အခြေစိုက် OCHA က ဆိုသည်။

Next Post
မင်္ဂလာဆောင်ပြီး ဟန်းနီးမွန်း ထွက်လို့ကောင်းမယ့် ကမ်းခြေခရီးစဉ်များ

မင်္ဂလာဆောင်ပြီး ဟန်းနီးမွန်း ထွက်လို့ကောင်းမယ့် ကမ်းခြေခရီးစဉ်များ

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် / မိုးမြင့်

“စီးပွားရေးလုပ်မယ်ဆိုရင် လျှပ်စစ်မရှိလို့ မရဘူး”လို့ ပြောတဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ်

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

17 hours ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.2k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate