စီးပွားရေး

အကောင်းဆုံး လုပ်ငန်းရှင် ပြိုင်ပွဲ Myanmar Employer Awards 2017 ဆုတံဆိပ်ပေါင်း ၆၀ ကျော် ချီးမြှင့်

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ၏ ပထမဆုုံးသော Myanmar Employer Awards 2017 ဆုပေး ပွဲကို ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာ ဟိုတယ်တွင် Jobnet.com.mm က ဦးဆောင်၍ ဒီဇင်ဘာ ၉ ရက်က ကျင်းပခဲ့သည်။

မြန်မာနိုင်ငံအတွင်း လုပ်ကိုင်နေသော ပြည်တွင်း ပြည်ပ ကုမ္ပဏီများထဲမှ ဝန်ထမ်းများအတွက် အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်သော ကုမ္ပဏီများကို ရွေးချယ်၍ ရွှေ၊ ငွေ နှင့် ကြေး စသည့် ဆုတံဆိပ်ပေါင်း ၆၁ ခုကို ချီးမြှင့်ခဲ့ ကြောင်းလည်း Jobnet.com.mm က ယနေ့ သတင်း ထုတ်ပြန်ထား သည်။

Jobnet.com.mm မှ မီဒီယာတာဝန်ခံ ကိုမှူးအိမ်ဇော်က “ဝင်ရောက် ယှဉ်ပြိုင်တဲ့ ကုမ္ပဏီတွေကို ဆုပေးဖို့ ရွေးချယ်တဲ့ ပုံစံက ဒီကုမ္ပဏီအနေနဲ့ ဝန်ထမ်းတွေကို အခု ၁ နှစ်အတွင်းမှာ ဘာတွေလုပ်ပေးခဲ့သလဲ ဆိုတာပဲ ဖြစ်တယ်။ အကောင်း ဆုံး လုပ်ပေးတဲ့ ကုမ္ပဏီကို ရွေးချယ်တာ ဖြစ်တယ်။ ဥပမာ ဝန်ထမ်းတွေကို ပျော်ပွဲရွှင်ပွဲလုပ်ပေးတယ် ဆို တာတောင် ဗီဒီယိုဖိုင်နဲ့ ကျနော်တို့ဆီကို ပြရတယ်။ ပြီးတော့ ဝန်ထမ်းတွေကို ဘယ်လောက် စည်းရုံးနိုင်လဲ၊ လုပ်ငန်း နဲ့ ပတ်သတ်တဲ့ ပညာတွေ သင်ပေးလဲ၊ ဘယ်လိုထားသလဲ ဒါတွေကြည့်ပြီး ပေးတာဖြစ်တယ်”ဟု ဧရာဝတီသို့ပြော သည်။

Myanmar Employer Awards 2017 ဆုများကို Jobnet.com.mm က ပေးခြင်း ဖြစ်ပြီး ဆုချီးမြှင့်ပေးရာတွင် ကုမ္ပဏီ မှ တင်ပြလာသော အချက်အလက် များသာမက ထိုကုမ္ပဏီမှ ဝန်ထမ်းများအတွက် လုပ်ဆောင်ပေးခြင်း အမှန် တကယ် ရှိ၊ မရှိကို မေးမြန်း စစ်ဆေး၍ အကဲဖြတ်ဒိုင် ၁၂ ဦးက အတည်ပြုပြီးမှသာလျှင် ဆုတံဆိပ်များ ပေးခြင်းဖြစ် သည် ဟု လည်း ဆိုသည်။

“ပြည်တွင်း ကုမ္ပဏီရော၊ ပြည်ပနဲ့ ပြည်တွင်း ဖက်စပ် ဆောင်ရွက်နေတဲ့ ကုမ္ပဏီတွေရော ပါဝင်ယှဉ်ပြိုင်ကြတယ်။ ကုမ္ပဏီ က ၄၀ ကျော်ရှိပါတယ်။ ဒီထဲက ရွေးတာပါ။ ကုမ္ပဏီတွေအနေနဲ့ Myanmar Employer Awards 2017 ပြိုင်ပွဲ မှာပါတဲ့ ကဏ္ဍ ၇ ခုစလုံးမှာ ယှဉ်ပြိုင်နိုင်တဲ့ အတွက် တချို့ အော်ရီဒူး ဆက်သွယ်ရေး ကုမ္ပဆိုရင် ဆုတံဆိပ် ၃၊ ၄ ခု လောက် ရတာရှိတယ်”ဟု ၎င်းက ပြောသည်။

ဆုအမျိုးအစား ကဏ္ဍများမှာ Overall Best of the Best ၊ People’s Choice Award ၊ Best Learning & Development ၊ Excellence in Workplace Environment ၊ Best Use of Internal Marketing for Company Pride ၊ Best Career Advancement Program နှင့် Best Use of Rewards & Recognition စသော ကဏ္ဍ ၇ ခု အတွက် ဆုတံဆိပ်ပေါင်း ၆၁ ဆုကို ရွှေ၊ ငွေနှင့် ကြေးဆု များ စသည်ဖြင့် ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာ ဟိုတယ်တွင် ဒီဇင်ဘာ ၉ ရက်က ကျင်းပသော Myanmar Employer Awards 2017 ဆုချီးမြှင့်ပွဲ / Jobnet.com.mm
Jobnet.com.mm

ထို့အပြင် ပေးအပ်ခဲ့ ဆု ၆၁ ခု အနက်မှ ထပ်မံ၍ အကောင်းဆုံး ဆုများအဖြစ် ရွေးချယ်ရာတွင် နိုင်ငံတကာ ကုမ္ပဏီ Unilever မှ ဆုရရှိခဲ့ပြီး ပြည်တွင်းအတွက် ရိုးမဘဏ်က ဆွတ်ခူးခဲ့ကြောင်း၊ လူကြိုက် အများဆုံးဆုအဖြစ် နိုင်ငံတကာ ကုမ္ပဏီ အော်ရီဒူးနှင့် MPT ဆက်သွယ်ရေး ကုမ္ပဏီတို့က ရရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကဏ္ဍတခုခြင်းစီ အလိုက် ရွှေ ဆု ရရှိခဲ့သော ကုမ္ပဏီများမှာ Peace Myanmar group၊ Sule Shangri-la၊ FAME pharmaceuticals၊ PriceWaterhouseCoopers (PWC) နှင့် MyWord Careers တို့ဖြစ်ကြကြောင်း သိရသည်။

ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာ ဟိုတယ်တွင် ဒီဇင်ဘာ ၉ ရက်က ကျင်းပသော Myanmar Employer Awards 2017 ဆုချီးမြှင့်ပွဲ /Jobnet.com.mm
Jobnet.com.mm

Jobnet.com.mm ၏ မန်းနေးဂျင်း ဒါရိုက်တာဖြစ်သူ Matt De Luca က “ပထမဆုံး Myanmar Employer Awards ဟာ ကမ္ဘာ့နိုင်ငံတွေထဲမှာ ဖွံ့ဖြိုးမှု နောက်ကျခဲ့ပေမယ့် အခုချိန်မှာ အလျင်အမြန် ဖွံ့ဖြိုး တိုးတက်နေတဲ့ ဒီနိုင်ငံအတွက် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပေးခြင်းဖြစ်တယ်။ မြန်မာ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် အခုလိုကျင်းပတဲ့ မြန်မာ့ အကောင်းဆုံး အလုပ်ရှင်များ ဆုပေးပွဲက တဖက်တလမ်းကနေ ကူညီပေးနိုင်မယ်လို့ ယုံကြည် ပါတယ်”ဟု ပြောကြားသွားသည်။

Myanmar Employer Awards ဆိုသည်မှာ အကောင်းဆုံးသော လုပ်ငန်းရှင်များနှင့် ပင်ကိုစွမ်းရည် စီမံခန့်ခွဲမှုများ အပေါ် ၎င်းတို့၏ အများနှင့်မတူသော စွမ်းရည်များနှင့် ဝန်ထမ်းများအပေါ် ကတိကဝတ်များ ဖြည့်ဆည်းပေးမှုများ အတွက် တနိုင်ငံလုံးမှ လုပ်ငန်းရှင်များကို ရွေးချယ်ချီးမြှင့်ပေးခြင်း ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ကုမ္ပဏီများမှာ အစားအသောက်နှင့် အဖျော်ယမကာ လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ဆက်သွယ် ရေး လုပ်ငန်း၊ FMCG၊ ဖြန့်ချိရေး လုပ်ငန်းများ၊ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ၊ ဘဏ်လုပ်ငန်းများ၊ ဥပဒေအကျိုးဆောင် လုပ်ငန်းများ၊ ဆေးဝါးလုပ်ငန်းများ၊ ပညာရေး လုပ်ငန်းနှင့် သင်တန်းကျောင်းများ၊ လျှပ်စစ် လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်း အစရှိသည့် လုပ်ငန်းများ လုပ်ကိုင်သည့် လုပ်ငန်းရှင်များက ဝင်ရောက် ယှဉ်ပြိုင် ခဲ့ကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading