စီးပွားရေး

၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်း၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၁ ခု လုပ်ကိုင်ခွင့်ပြု

Want create site? Find Free WordPress Themes and plugins.

၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၁ ခု လုပ်ကိုင်ခွင့် ပေးခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) က ပြုလုပ်သော အစည်းအဝေးပွဲမှ သိရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ဒု ညွှန်ကြားရေးမှူး ဦးသန်းအောင်ကျော်က “တိုင်းနဲ့ ပြည်နယ် တွေ ကနေ အတည်ပြုလိုက်တဲ့ လုပ်ငန်း ၁၁ ကနေ ကန်ဒေါ်လာ သန်း ၁၃၀ နီးပါး ခွင့်ပြုခဲ့တယ်။ ရင်းနှီးမြှုပ်နှံမှုတွေ ခွင့်ပြု တာ/အတည်ပြုတာက အဓိကတော့ ရည်ရွယ်ချက်က အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးဖို့ ဖြစ်ပါတယ်” ဟုပြော သည်။

ခွင့်ပြုလိုက်သော လုပ်ငန်း ၁၁ ခု ၏ ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန် ဒေါ်လာ စုစုပေါင်း ၁၂၇ ဒသမ ၅၈၁ သန်းခန့် ဖြစ် ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ခွင့်ပြုခဲ့သည့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှာ စက်မှုကဏ္ဍ လုပ်ငန်း ၈ ခု၊ အိမ်ရာ အဆောက်အအုံံ တည် ဆောက်ရေး ဖွံ့ဖြိုးမှု ကဏ္ဍ လုပ်ငန်း ၁ ခု၊ အခြားဝန်ဆောင်မှု လုပ်ငန်း ၂ ခုတို့ ဖြစ်ကြပြီး ယင်းလုပ်ငန်းများမှ ပြည်တွင်း အလုပ်သမားများ အတွက် အလုပ်အကိုင် နေရာပေါင်း ၆၀၀၀ နီးပါး (၅၉၅၈ ဦး) အခွင့်အလမ်းများ ဖန်တီး ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

ယင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အနေဖြင့် ရန်ကုန်၊ မန္တလေး၊ ပဲခူး တိုင်း ဒေသကြီးများနှင့် မွန်ပြည်နယ် များ အတွင်း အသီးသီး ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် မြန်မာနိုင်ငံသား ရင်းနှီး မြှုပ်နှံမှု လုပ်ငန်း ၁၁ ခုကိုလည်း ခွင့်ပြုခဲ့ကြောင်း သိရသည်။

“ဒီအစည်းဝေးမှာပဲ တိုင်းနဲ့ပြည်နယ် အပါအဝင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၁ ခုကိုလည်း ခွင့်ပြု/ အတည် ပြု ခဲ့တယ်။ ဒီလုပ်ငန်းတွေကနေ ဒေါ်လာ ၆၁ ဒသမ ၂၁၈ သန်း ရရှိခဲ့ပါတယ်”ဟု ဦးသန်းအောင်ကျော်က ပြောသည်။

မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုခဲ့သည့် လုပ်ငန်း ၁၁ ခုမှာ စက်မှုကဏ္ဍ လုပ်ငန်း ၂ ခု၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ၁ ခု၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ၂ ခု၊ လယ်ယာ လုပ်ငန်း ၁ ခုနှင့် အခြား ဝန်ဆောင်မှု ကဏ္ဍ လုပ်ငန်း ၅ ခု တို့ ဖြစ်ကြပြီး ယင်း လုပ်ငန်းများမှ ပြည်တွင်း လုပ်သားများအတွက် အလုပ်အကိုင် နေရာပေါင်း ၁၃၀၀ ကျော် (၁၃၇၇) ဖန်တီး ပေးနိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးခဲ့မှုတွင် လုပ်ငန်း ပေါင်း ၁၈၅ ခုနှင့် သီလဝါ အထူးစီးပွားရေး ဇုန်တွင် ရင်းနှီးမြှုပ်နှံထားသည့် ပမာဏ အပါအဝင် အမေရိကန် ဒေါ်လာ ၅၂၃၅ ဒသမ ၇၆၃ သန်း ရရှိခဲ့သည်ဟု ဆိုသည်။

မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးခဲ့မှုတွင်လည်း လုပ်ငန်း စုစုပေါင်း ၈၉ ခုမှ အမေရိကန် ဒေါ်လာ ၈၆၅ ဒသမ ၃၂၄ သန်း ရရှိထားကြောင်း MIC မှ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံတွင်းတွင် အိတ်အမျိုးမျိုး ထုတ်လုပ်ခြင်း လုပ်ငန်းများ၊ ရူးဖိနပ်နှင့် ဖိနပ် အစိတ် အပိုင်းများ ထုတ်လုပ်ခြင်း လုပ်ငန်း၊ ချည်မျှင် ထုတ်လုပ်ခြင်း လုပ်ငန်း၊ အဝတ်အထည် အမျိုးမျိုး ချုပ်လုပ်ခြင်း လုပ်ငန်း၊ ရာဘာ သစ်သား အသုံးပြုပြီး ပရိဘောဂ ပစ္စည်းများ ထုတ်လုပ်ခြင်း လုပ်ငန်း၊ မော်တော်ဆိုင်ကယ် တပ်ဆင် ထုတ်လုပ်ခြင်း လုပ်ငန်း၊ ငရုတ်သီး စိုက်ပျိုး၍ ငရုတ်သီးမှုန့် ထုတ်လုပ် ရောင်းချခြင်း လုပ်ငန်းနှင့် ရာဘာပင်အိုများမှ ရာဘာသစ်ခွဲသားများ ထုတ်လုပ်ခြင်း လုပ်ငန်းများ လုပ်ကိုင်ခဲ့ကြပြီး ပြည်ပသို့ တင်ပို့ခဲ့သည်။

ယင်း လုပ်ငန်းများကို တရုတ်၊ စင်ကာပူ၊ ဟောင်ကောင်၊ ကိုရီးယား၊ ဂျပန်စသည့် နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ် ထားကြောင်း သိရသည်။

နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု ၆၀ ရာခိုင်နူန်းသည် ရန်ကုန်တိုင်း ဒေသကြီးသို့ အများဆုံး ဝင်ရောက်လျက်ရှိပြီး ဒုတိယ အများဆုံး ဝင်ရောက်သည့် တိုင်းဒေသကြီးမှာ မန္တလေးတိုင်း ဒေသကြီး ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading