စီးပွားရေး

ယူနန်အစိုးရ အဖမ်းအဆီးကြောင့် မူဆယ်ဆန်ဈေးကွက် ဆန်တင်ပို့မှုကျ

Want create site? Find Free WordPress Themes and plugins.

ပြည်တွင်းမှဆန်များ တရုတ်နယ်စပ်သို့ တင်ပို့ရာတွင် ယူနန်အစိုးရ၏ အဖမ်းအဆီးများကြောင့် မူဆယ်ဆန်ဈေးကွက်၌ အရောင်းအဝယ်အေး၍ တင်ပို့မှုအနည်းငယ်လျှော့ကျနေကြောင်း မူဆယ်ဆန်ကုန်သည်များထံမှ သိရသည်။

ဆန်ကုန်သည် ဦးမိုက်က “လက်ရှိတော့ ဆန်က အရောင်းအဝယ် နည်းနည်းအေးတယ်။ နောက်ပြီး မြစ်ကူးတဲ့ နေရာမှာ လည်း အခက်အခဲ နည်းနည်းလေး ရှိတာက တပိုင်းပေါ့နော်။ အခက်အခဲက အဖမ်းအဆီး ရှိတာမို့ အရောင်းအဝယ် နည်းနည်းလေး ကျပ်တယ်။ တရုတ်နှစ်သစ်ကူး ဆိုတော့ ဝယ်လက်တွေလည်း ပြန်တာလည်း ပါတယ်။ ဈေးလည်း နည်း နည်းလေး အေးတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယခုရက်ပိုင်းအတွင်း မူဆယ်ဆန်ကုန်စည်ဒိုင်မှ တရုတ်သို့ ဆန်အိတ်ရေ ၁ သိန်းခန့်သွားနေရာမှ လက်ရှိအချိန်၌ တရက် လျှင် ဆန်အိတ်ရေ ၄ သောင်းမှ ၆ သောင်းအထိသာ သွားနေသောကြောင့် နယ်စပ်မှ ဆန်တင်ပို့ရောင်းချမှု ကျဆင်း လာကြောင်း ၎င်းက ပြောသည်။

ယူနန်ပြည်နယ်အစိုးရမှ ၎င်းတို့၏ လယ်သမားများကို ကာကွယ်သည့် အနေဖြင့် မြန်မာဘက်မှဝင်လာသည့် ဆန်များကို ဖမ်းဆီးမှုများ ရှိနေသောကြောင့် အရောင်းအဝယ်နှင့် ဈေးအေးနေကြောင်း ၎င်းက ပြောသည်။

ဆက်လက်၍ ၎င်းက “အခုက ဝယ်ထားပြီးသားသူတေ ွရှိနေတဲ့အတွက် တရက်ကို ဆန်အိတ်ရေ ၄ ၊ ၅ ၊ ၆ သောင်းတော့ သွားနေတယ်။ ကျနော်တို့က ဆန်ကို တရုတ်ကပဲဝယ်ဝယ်။ ဂျပန်ကပဲ ဝယ်ဝယ် ဝယ်မှသာ ကြိုက်တာ။ နိုင်ငံခြားကို ပို့လို့ ရတာ။ ကျနော်တို့ကတော့ ဘယ်နိုင်ငံရောင်းရောင်း ၂ ဖက်မျှသာလျှင် အဆင်ပြေမှာ ဖြစ်တယ်”ဟု ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ နယ်စပ်မှ ဆန်တရားဝင်တင်ပို့ လိုင်စင်များကို ချထားပေးခဲ့ခြင်း ဖြစ်ပြီး နယ်စပ်မှ ကုန်သည်များအနေဖြင့် ဆန်အိတ်ကားတင်ငွေချေ(သို့) ငွေကြိုပေးစနစ်နှင့် အရောင်းအဝယ် ပြုလုပ် လျက် ရှိကြောင်း မူဆယ် ဆန်ကုန်စည်ဒိုင်ရှိ ကုန်သည်များထံမှ သိရသည်။

ကုန်သည်စက်မှုအသင်းချုပ် နယ်စပ်ကုန်သွယ်မြင့်တင်ကော်မတီ ဥက္ကဌ ဦးလှဦးက “နယ်စပ်ကုန်သွယ်ရေးက ပမာဏ အရ တော့ တိုးတက်ပါတယ်။ ဆန်ဆိုရင် တိုးတယ်။ ဦးတို့ဘက်ကသာ တရားဝင်တင်ပို့တာဖြစ်ပေမယ့် သူတို့ဘက်ကျတော့ ဆန်တို့ သကြားတို့က မှောင်ခိုဆန်ဆန် ဝင်ရတဲ့အတွက်ကြောင့် တော်ကြာဖမ်းလိုက် တော်ကြာလွတ်လိုက်ဆိုတော့ ဆုံးရှုံး မှုလေးတွေ ရှိတယ်” ဟု ပြောသည်။

ထိုသို့ တရုတ်ဘက်မှ မှောင်ခိုဝင်ရောက်လာသော ကုန်ပစ္စည်းများကို ဖမ်းဆီးမှုများကြောင့်လည်း မြန်မာကုန်သည်များ၏ ဘဏ်စာရင်းများကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်းက ပိတ်ထားခဲ့ရာ လက်ရှိအချိန်ထိ ပိတ်ထားသည့် ဘဏ်စာရင်း ရာနှင့် ချီ၍ ကျန်နေသေးကြောင်း ၎င်းက ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အတွင်းရေးမှူး ဦးအောင်မြင့်က “တရုတ်က ဝယ်တော့ ဝယ်တယ်။ ပင်လယ်ရေ ကြောင်းကလည်း ဝယ်တယ်။ ဈေးကသိပ်မကိုက်လို့သာ တချို့က မရောင်းနိုင်တာ။ ပြည်တွင်းဈေးက မြင့်တော့ ပို့ကုန် သမားတွေအတွက် သိပ်မကိုက်ဘူး” ဟု ပြောသည်။

ပြည်တွင်း၌ ဆန်ကြမ်းတအိတ်လျှင် ငွေကျပ် ၁၉၅၀၀မှ ၂၅၀၀၀ ကျပ်တန် ဆန်များတရုတ်နိုင်ငံသို့ သွားနေကြောင်း ၎င်းက ပြောသည်။

ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ဇန်နဝါရီလ ပထမပတ်အထိ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးဂိတ်များမှ ပြည်ပ သို့ ဆန်တန်ချိန် ၂ ဒသမ ၆ သန်းကျော်တင်ပို့ထားရာမှ အမေရိကန် ဒေါ်လာ သန်း ၇၀၀ ကျော် ရရှိထားပြီး ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများ အရ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading