စီးပွားရေး

ရန်ကုန်ရှိ SME လုပ်ငန်းရှင် ၁၀၀ ခန့် သူဌေးဖြစ်ရန် တိုင်းအစိုးရ ကူညီမည်

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တိုင်း ဒေသကြီးအတွင်း အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းများထဲမှ လုပ်ငန်းရှင် ၁၀၀ ခန့်ကို သူဌေး ဖြစ်စေရန် မြှင့်တင်ပေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင် ဖေဖော်ဝါရီ ၁ ရက်က ပြုလုပ် သော ဒုသမ္မတ ၁ နှင့် မြန်မာ့ စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံပွဲ၌ ပြောကြားခြင်း ဖြစ်သည်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ကျနော်တို့ တိုင်းအတွင်းမှာ ရှိတဲ့ လုပ်ငန်းတခု ဖွံ့ဖြိုးတိုးတက်လာဖို့ အတွက် SME ကို အားပေးပါမယ်။ SME ကိုကျောရိုးပြုတဲ့ စီးပွားရေးစနစ်ကို ထူထောင်ပါမယ်။ အဲဒီအတွက် ဘဏ်ကနေ ချေးငွေဆိုတာ လိုအပ်ပါတယ်။ ဒီချေးငွေကို ဘယ်လို စနစ်တကျ စီမံခန့်ခွဲပြီးတော့ ဖွံ့ဖြိုးတိုးတက် အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင် ဖြစ်အောင် ကူညီမလဲဆိုတာကို ထိန်းညိုပြီး ဆောင်ရွက်ပေးမယ်။ ဒီနေရာမှာကျနော် အသိပေးပါရစေ” ဟု ပြောသည်။

ဆက်လက်၍  “ဒါကြောင့် SME စာရင်း ကောက်ယူနေတာ ကျနော်တို့ လုပ်နေပါတယ်။ SME လုပ်ငန်းရှင်တွေကို ကြည့်ပါ မယ်။ ပထမအဆင့် လုပ်ငန်းရှင် ၁၀၀ လောက်ကို သူဌေးဖြစ်အောင် မြှင့်တင်ပါ့မယ်”ဟု ပြောကြားသည်။

SME လုပ်ငန်းရှင် ဦးရေ ထောင်နှင့်ချီ၍ သူဌေးဖြစ်လာလျှင် ပုဂ္ဂလိက ကဏ္ဍတွင် အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွား လာမည် ဖြစ်သည့်အပြင် ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များသည်လည်း အောင်မြင်လာမည် ဖြစ်သောကြောင့် ယင်း အစီစဉ်မျိုးကို SME လုပ်ငန်းနယ်ပယ်မှ တဆင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က ရှင်းပြသည်။

လက်ရှိ၌ တိုင်းဒေသကြီး အစိုးရအနေဖြင့် တောင်ဒဂုံမြို့နယ်မှ စ၍ SME လုပ်ငန်းများကို စနစ်တကျ ချေးငွေများ ထုတ်ပေး နိုင်ရန်အတွက် စာရင်းများ ကောက်ယူနေကြောင်း သိရသည်။

“ကျနော်တို့ ချေးငွေထုတ်ပေးလိုက်တဲ့ သူကို ကြီးပွား ချမ်းသာလာအောင် လုပ်ဆောင်သွားမယ်။ ကျနော်တို့ဘက်က စနစ် တကျ စိစစ်ပါမယ်။ အောင်မြင်နိုင်အောင် ကျနော်တို့ ကူညီပါမယ်။ ဒီလို ကူညီပေးလိုက်မှသာ ဒီလူတွေ စီးပွားတက်လာမှ သူနဲ့ သူ့ရဲ့လုပ်ငန်းခွင်မှာ လာပြီး အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေရဲ့ ဘဝပါ တိုးတက်လာမှာ ဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောသည်။

SME ချေးငွေဆိုသည်မှာ အသေးစားနှင့် အလတ်စား လုပ်ငန်းရပ်များ ဖွံ့ဖြိုးတိုးတက်စေရန် ထည့်ဝင် ရင်းနှီးမြှုပ်နှံမှုများ အတွက် အစိုးရက ထုတ်ချေးပေးခြင်း ဖြစ်သောကြောင့် ချေးငွေထုတ်ယူမည့် လုပ်ငန်းရှင်၏ ကိုယ်ကျင့်တရားမှစ၍ ၎င်း လုပ်ဆောင်ရသော SME လုပ်ငန်းအတွက် လိုအပ်သော နည်းပညာပံ့ပိုးပေးမှု၊ လုပ်ငန်းတွင် ငွေကြေး လည်ပတ် သုံးစွဲနေ သော အခြေအနေများ၊ စာရင်းအင်းများမှ အစအသေးစိတ် စနစ်တကျ ဖြစ်စေရန် တိုင်းအစိုးရက ကူညီသွားမည် ဖြစ်ကြောင်း သိရသည်။

UMFCCI တွဲဖက် ထွေထွေ အတွင်းရေးမှူးလည်း ဖြစ်သူ SME ဖွံ့ဖြိုးရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ အောင်သိန်း က “ကျနော်တို့ နိုင်ငံမှာရှိတဲ့ SME တွေက ငွေကြေးအရင်းနှီး လိုအပ်ချက်၊ ဈေးကွက်၊ လူ့စွမ်းအား အရင်း အမြစ် နဲ့ စီမံ ခန့်ခွဲမှု ဖွ့ွံဖြိုးအောင် ဆောင်ရွက်ခြင်း၊ နည်းပညာတွေမှာ အားနည်းတာ အားလုံးတူပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

SME ကဏ္ဍဟု ပြောဆိုလျှင် စက်မှုလက်မှုကဏ္ဍ တခုတည်းသာ မဟုတ်ကြောင်း၊ ကုန်သွယ်မှုနှင့် ဝန်ဆောင်မှု ကဏ္ဍများ သည်လည်း ကောင်းမွန် တည်ငြိမ်သော လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းမှုု လိုအပ်ကြောင်း ၎င်းက ပြောဆိုသည်။

ဆက်လက်၍ ဒေါက်တာ အောင်သိန်းက “ပြီးခဲ့တဲ့နှစ် ဇူလိူင်လက SME တွေနဲ့ ပတ်သက်တဲ့ ဖိုရမ်မှာ အားလုံး အဓိက တင်ပြ တာက လျှပ်စစ်ပါ။ လျှပ်စစ်မီး လုံလုံလောက်လောက် မရဘဲနဲ့ ဖွံ့ဖြိုးတိုးတက်အောင် ဘာမှလုပ်လို့ မရဘူး။ ကျနော် တို့ SME တွေ အခြားနိုင်ငံတွေနဲ့ မတူဘဲ ဒီနိုင်ငံမှာပဲရှိနေတဲ့ အခက်အခဲတခုက တရားမဝင် ကုန်သွယ်မှုတွေကြောင့် လုပ်ငန်း တွေ ဆိုးရွားစွာ ထိခိုက်နေပါတယ်။ ဒါတွေက တခြားနိုင်ငံနဲ့ မတူတဲ့ စိန်ခေါ်မှုတွေပါ”ဟုလည်း ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် စက်မှုလက်မှု ကဏ္ဍသည် အဓိက လိုအပ်ပြီး ယင်း လုပ်ငန်း အများစုသည်လည်း SME လုပ်ငန်းများ ဖြစ်သောကြောင့် စက်မှုလက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင် သင့်ကြောင်း ၎င်းက ပြောဆိုသည်။

လက်ရှိတွင် ရန်ကုန်တိုင်း ဒေသကြီး၌ SME လုပ်ငန်းစုစုပေါင်း ၈ ထောင်ကျော် ရှိပြီး ယခုအချိန်ထိ မြန်မာနိုင်ငံတွင် မှတ်ပုံ တင်ထားသော စီးပွားရေးလုပ်ငန်းစုစုပေါင်း ၁ သိန်း ၂ သောင်းကျော်ထဲမှ ၉၈ ရာခိုင်နူန်းက SME လုပ်ငန်းများဖြစ်ကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန SME ဖွံ့ဖြိုးရေးဌာန စာရင်းများအရ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading