• English
Saturday, July 12, 2025
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

New Mandaly Resort City စီမံကိန်း၌ ရင်းနှီးမြှုပ်နှံလိုသူများကို ဖိတ်ခေါ်

by မျိုးပပစန်း
6 February 2018
in စီးပွားရေး
A A
ပြင်ဦးလွင်မြို့ရှိ ကန်တော်ကြီး ဥယျာဉ်  / မျိုးမင်းစိုး / ဧရာဝတီ

ပြင်ဦးလွင်မြို့ရှိ ကန်တော်ကြီး ဥယျာဉ် / မျိုးမင်းစိုး / ဧရာဝတီ

12.9k
VIEWS
Share on FacebookShare on Twitter

ပြင်ဦးလွင်မြို့နယ် အနီး၌ New Mandaly Resort City (ရတနာပုံ Cyber City) စီမံကိန်းကို အကောင်အထည်ဖော် တည်ဆောက်ရန် အတွက် ရင်းနှီးမြှုပ်နှံလိုသူများကို ဖိတ်ခေါ်ထားကြောင်း မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

ယင်းစီမံကိန်းကို မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် မန္တလေး-လားရိူး လမ်းမကြီးဘေး ၂၁ မိုင် အနီးရှိ ဧရိယာ ဧက ၁ သောင်းခန့် အကျယ်အဝန်းရှိသော နေရာတွင် ဖော်ဆောင်မည်ဟု ဆိုသည်။

RelatedPosts

KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

9 July 2025
561
အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

8 July 2025
1.3k
ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

7 July 2025
2.7k

“အရင်အစိုးရ လက်ထက်က Plan ရှိခဲ့တဲ့ စီမံကိန်းပါ။ အခု အစိုးရလက်ထက်မှာ စတင် ဖော်ဆောင်မှာပါ။ ဒီမှာ ရင်းနှီးမြှုပ်နှံ လိုသူတွေကို အဆိုပြုတင်ဒါ ခေါ်ထားပါတယ်” ဟု မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်နိုင်က ဧရာဝတီသို့ ပြောသည်။

New Mandalay Resort City (NMR City) စီမံကိန်းကို စက်မှု၊ IT နည်းပညာ၊ စိုက်ပျိုးရေး၊ စီးပွားရေး လုပ်ငန်းများ၊ ကျန်းမာရေး၊ ပညာရေး ဝန်ဆောင်မှု လုပ်ငန်းများနှင့် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း အခြေပြု မြို့ပြအဖြစ် ဖော်ဆောင် မည် ဖြစ်သည်။

ယင်းစီမံကိန်းတွင် ဆောင်ရွက်လိုသော ပြည်တွင်း ပြည်ပမှ ပင်မ ရင်းနှီးမြှုပ်နှံတည်ထောင်လိုသူ (Master Developer) များကို  အဆိုပြုလွှာ (EIO) များ တင်သွင်းရန် ဖိတ်ခေါ်ခြင်း ဖြစ်သည်။

မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး၊ ညွှန်ကြားရေးမှူး ဦးစိန်မြင့်က “ကျနော်တို့ လျှောက်လွှာပုံစံတွေ ရောင်းမယ်။ အခု က စိတ်ပါဝင်စားတဲ့သူတွေ လျှောက်တဲ့အဆင့်ပဲ ရှိပါသေးတယ်။ ယှဉ်ပြိုင်ချင်တဲ့ ကုမ္ပဏီတွေက မေးတဲ့အဆင့်ပဲ ရှိပါသေးတယ်။ စီမံကိန်း စတင်နိုင်ဖို့ကတော့ ကြာဦးမှာပါ” ဟု ပြောသည်။

ယင်းစီမံကိန်းမြေအား ကျွမ်းကျင်မှုနှင့် လုပ်ကိုင်နိုင်စွမ်း ရှိသော ကုမ္ပဏီများကို တည်ဆောက်ရေး၊ ဈေးကွက်ရှာဖွေရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီမံခန့်ခွဲမှု လုပ်ငန်းများဆောင်ရွက်ရန် အတွက် အဆိုပြု တင်ဒါများကို ဖေဖော်ဝါရီလ ၅ ရက်မှ စ၍  မတ်လ ၃၁ ရက် နောက်ဆုံးထား တင်သွင်းနိုင်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ထုတ်ပြန် ကြေညာထားသည်။

လက်ရှိ၌ စီမံကိန်းမြေနေရာများကို လေ့လာခြင်း၊ မြေပြင် တိုင်းတာခြင်းနှင့် အင်ဂျင်နီယာ အကြိုလုပ်ငန်းများကို လုပ် ဆောင်ခြင်း၊ မြေယာကိစ္စများကို ညှိနှိုင်းခြင်းများ စတင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

NMR City ကို ပြည်ထောင်စု အစိုးရအဖွဲ့က ဦးဆောင်ပြီး တိုင်းအစိုးရ ကြီးကြပ်မှုဖြင့် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံ လိုသူများကို ဖိတ်ခေါ် ပူးပေါင်းကာ အကောင်အထည်ဖော်သွားမည် ဖြစ်သည်ဟု ဆိုသည်။

ယင်းစီမံကိန်း၌ နိုင်ငံခြားသားများ သီးသန့် ဝင်ခွင့်ပြုမည့် ကာစီနိုလောင်းကစားရုံ ထည့်သွင်း တည်ဆောက်ရန် ပြည်ထောင်စု အစိုးရထံ ခွင့်ပြုချက် တောင်းခံထားကြောင်း သိရသည်။

“အပန်းဖြေလို့ရတဲ့ နေရာတွေလည်း ပါတော့ ကာစီနိုတွေ လုပ်မယ်ဆိုရင်တော့ တင်ပြခွင့်ရှိပါတယ်” ဟု ဦးသက်နိုင်က ပြောသည်။

စီမံကိန်းနေရာမှာ လားရှိုး၊ ကွက်ခိုင်၊ မူဆယ်၊ လောက်ကိုင်တို့နှင့်လည်း နီးပြီး တရုတ်နိုင်ငံ နယ်စပ်မြို့များနှင့် အလှမ်းမဝေး လှသည့် နေရာတွင် တည်ရှိကြောင်းလည်း သိရသည်။

ရတနာပုံမြို့သစ် စီမံကိန်းကို ဆက်သွယ်ရေးနှင့် နည်းပညာ ကဏ္ဍများ ဖွံ့ဖြိုးလာစေရန် အတွက် ရည်ရွယ်ပြီး ဦးသိန်းစိန် အစိုးရ လက်ထက်၂၀၀၆ ခုနှစ်တွင် ဆက်သွယ်ရေး ဝန်ကြီးဌာနက စတင် အကောင်အထည် ဖော်ဆောင် ခဲ့ရာ ၂၀၁၀ ပြည့်နှစ် မတိုင်ခင် အချိန်၌ ရပ်ဆိုင်းသွားခဲ့ခြင်း ဖြစ်သည်။

လက်ရှိအစိုးရ လက်ထက်၌ ယင်းစီမံကိန်းကို ပြန်လည် အကောင်အထည် ဖော်နိုင်ရန် အတွက် ရင်းနှီးမြှုပ်နှံလိုသော နိုင်ငံသားနှင့် နိုင်ငံခြားသား လုပ်ငန်းရှင်များကို ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပြုလွှာ တင်သွင်းလိုသော ကုမ္ပဏီများ အနေဖြင့် အသေးစိတ် အချက်အလက်များနှင့် ညွှန်ကြားချက် ပုံစံများကို ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ရုံးအမှတ် ၄၀ (သို့မဟုတ်) တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး (မန္တလေးတိုင်း) တို့တွင် အဆိုပြုလွှာများကို ဝယ်ယူနိုင်ကြောင်း သိရသည်။

Your Thoughts …
Tags: ရတနာပုံ ဆိုက်ဘာ စီးတီး
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

No Content Available
Next Post
မော်ဒယ် ဇွန်သဉ္ဇာ / ချမ်းစွန်း / ဧရာဝတီ

ယခုနောက်ပိုင်း မော်ဒယ်များ Sexy ဓာတ်ပုံ ရိုက်လာကြတဲ့အပေါ် ဇွန်သဉ္ဇာ ဘယ်လိုမြင်လဲ

အမျိုးသမီး အလှမယ်အဖြစ် ထင်ထားကြတဲ့ အမျိုးသား မော်ဒယ် Ilay  (ဓာတ်ပုံ - dailymail)  / dailymail

Miss Virtual Kazakhstan အလှမယ်ရွေးပွဲမှာ အမျိုးသမီး အလှမယ်လို့ ထင်ထားကြတဲ့ အမျိုးသား မော်ဒယ်တဦး

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

2 days ago
4.1k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

5 days ago
3.6k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate