• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

အိမ်နီးချင်းမှ ရှယ်ယာများ ထိုင်းဈေးကွက်တွင် ရောင်းချနိုင်ရန် စီစဉ်နေ

by ဧရာဝတီ
9 February 2018
in စီးပွားရေး
A A
ထိုင်း စတော့အိတ်ချိန်း (SET) / Reuters

ထိုင်း စတော့အိတ်ချိန်း (SET) / Reuters

6.3k
VIEWS
Share on FacebookShare on Twitter

ထိုင်း စတော့အိတ်ချိန်း (SET) က ဖွံ့ဖြိုးမှုနည်းသည့် အိမ်နီးချင်း နိုင်ငံများ ဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ နှင့် ဗီယက်နမ်တို့မှ ရှယ်ယာများကို စာရင်းသွင်း ရောင်းချနိုင်ရန် သင်ပုန်း (Board) တခု စီစဉ်နေကြောင်း ဂျပန်စီးပွားရေး သတင်းဌာန Nikkei Asian review က ဆိုသည်။

CLMV(ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ နှင့် ဗီယက်နမ်) နိုင်ငံများတွင် လုပ်ကိုင်နေသော ထိုင်း စတော့အိတ်ချိန်း တွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီများ အခြေအနေကို ဖော်ပြသည့် ညွှန်းကိန်း(Index) တခုကိုလည်း ၂၀၁၈ ခုနှစ် အလယ်ပိုင်းတွင် စတင်ဖော်ပြရန် ရှိနေပြီး ဖွ့ွံဖြိုးတိုးတက်လာနေသော အဆိုပါ နိုင်ငံများ၏ စီးပွားရေးများအတွင်းသို့ ရင်းနှီးမြှုပ်နှံသူများ ဝင် ရောက်လာနိုင်မည် ဖြစ်သည်ဟု ထိုင်း စတော့အိတ်ချိန်း (SET) ၏ ဥက္ကဌ Kesara Manchusree က Nikkei Asian Review အင်တာဗျူးတခုတွင် ပြောသည်။

RelatedPosts

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
1.1k
ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

13 May 2025
1.7k
တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

11 May 2025
1.7k

အဆိုပါ နိုင်ငံ ၄ ခုတွင် ကိုယ်ပိုင် စတော့အိတ်ချိန်းများ ရှိပြီး ဖြစ်သော်လည်း အရွယ်အစားနှင့် အလုပ်ဖြစ်မှုက ပြီးခဲ့သည့် ဒီဇင်ဘာလအထိ ရှယ်ယာဈေးကွက် ပမာဏတွင် အရှေ့တောင် အာရှ၏ ဒုတိယ အကြီးမားဆုံး ဖြစ်ခဲ့သော ထိုင်းနိုင်ငံ၏ နောက်တွင် များစွာ ကျန်နေသည်။ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာ တို့၏ စုစုပေါင်း ရှယ်ယာဈေးကွက်တန်ဖိုးက ထိုင်း စတော့ အိတ်ချိန်း၏ ဝ.၃ ရာခိုင်နှုန်းသာ ရှိသည်။

ကမ္ဘောဒီးယား စတော့အိတ်ချိန်းက ကမ္ဘာပေါ်တွင် အသေးငယ်ဆုံးများထဲမှ တခုဖြစ်ပြီး စာရင်းသွင်းထားသည့် ကုမ္ပဏီ ၅ ခုနှင့် ဈေးကွက်တန်ဖိုးက အမေရိကန်ဒေါ်လာ ၂၉၆ သန်းနီးပါး ရှိသည်။ သို့သော်လည်း တိုင်းပြည်၏ စီးပွားရေးက ဒေသ တွင်းမှ အခြားနိုင်ငံများထက် လျှင်မြန်စွာ ဖွံ့ဖြိုးလာနေပြီး တနှစ်လျှင် ၇ ရာခိုင်နှုန်း နီးပါး ရှိသည်။

အသေးစိတ် အချက်အလက်များကို Securities and Exchange Commission နှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရဦးမည်ဖြစ်သော်လည်း စာရင်းသွင်းရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကို ဖြေလျှော့ပေး မည်ဟု ထိုင်း စတော့အိတ်ချိန်း ဥက္ကဌက ပြောသည်။

“ကျမတို့က သက်ဆိုင်ရာနိုင်ငံအလိုက် ကွဲပြားတဲ့ နည်းလမ်းတွေနဲ့ လက်ခံသွားမှာ ဖြစ်ပါတယ်။ ပင်မ သင်ပုန်းမှာ စာရင်း သွင်းတဲ့ ကုမ္ပဏီတွေကို ကျမတို့ တောင်းခံသလိုမျိုး ၃ နှစ်စာ ဝင်ငွေ မှတ်တမ်းတွေ တင်ပြခိုင်းတာမျိုး ရှိချင်မှ ရှိပါမယ်” ဟု Kesara Manchusree က ပြောသည်။ လက်ရှိတွင် ထိုင်း စတော့အိတ်ချိန်း၏ ပင်မ သင်ပုန်းတွင် စာရင်းသွင်း လိုသည့် ကုမ္ပဏီများသည် စာရင်းကိုင် ကုမ္ပဏီကြီး ၄ ခုထဲမှ တခု၏ စာရင်းစစ်ခြင်းကို ခံယူရန် လိုအပ်သည်။

“CLMV အိတ်ချိန်းတွေက ကျမတို့ရဲ့ မောင်နှမတွေပါ။ သူတို့ တိုင်းပြည် ဖွံ့ဖြိုးဖို့ ဘဏ္ဍာငွေတွေ အများကြီး လိုအပ်ပါတယ်။ သူတို့ ဒီမှာ ဘဏ္ဍာငွေရှာလို့ ရပါတယ်။ ရောင်းဝယ်လို့ ရပါတယ်။ သူတို့ တိုင်းပြည်တွေ ဖွံ့ဖြိုးတိုးတက်ရေး ငွေတွေ ပြန်ယူသွားလို့ ရပါတယ်” ဟု Kesara Manchusree က ပြောသည်။

ထိုင်းနိုင်ငံမှ စတော့ အရောင်းအဝယ်နှင့် စီမံခန့်ခွဲရေး တာဝန်ရှိသော အဖွဲ့အစည်းများက CLMV နိုင်ငံများမှ အလားတူ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ရေး အပြန်အလှန် သဘောတူညီချက်များ ရှိထားမည်ဟုလည်း သူက ထပ် ပြောသည်။

လာမည့် မေလအတွင်းတွင် SET ဥက္ကဌ ၄ နှစ်သက်တမ်း ပြီးဆုံးမည်ဖြစ်သော Kesara Manchusree က သင်ပုန်းအသစ် ကို ၂၀၁၉ သို့ မဟုတ် နောက်ပိုင်းတွင် စတင်နိုင်လိမ့်မည်ဟု ပြောသည်။

ထိုအချိန် အတောအတွင်းတွင် SET က CLMV နှင့် သက်ဆိုင်သည့် ညွှန်းကိန်းတခုကို ဖော်ပြခြင်းအားဖြင့် မဲခေါင်ဒေသ စီးပွားရေး တိုးတက်ရေးတွင် ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှု မြင့်မားလာအောင် ပြုလုပ်ပေးနိုင်ရန် မျှော်လင့်ထားသည်။

ထိုင်း စတော့အိတ်ချိန်းတွင် မှတ်ပုံတင်ထားပြီး ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ သို့မဟုတ် ဗီယက်နမ် တို့တွင် အရောင်း တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းနှင့် အထက် ရရှိအောင် လုပ်နိုင်သည့် ကုမ္ပဏီများကို ရွေးချယ်သွားမည် ဖြစ်သည်။ Siam Cement Group ကဲ့သို့ နာမည်ကြီး ကုမ္ပဏီများ အပြင် ကုမ္ပဏီငယ် အချို့လည်း ပါဝင်လာမည်ဟု မျှော်လင့်ရသည်။

CLMV နိုင်ငံ တနိုင်ငံချင်းစီနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန်လည်း SET က ကြိုးစားနေသည်။

လာအို အစိုးရနှင့် ပူးပေါင်း၍ ရေအားလျှပ်စစ်လုပ်ငန်းများ၏ ပိုင်ဆိုင်မှုများကို ဈေးကွက်ဝင် ရှယ်ယာများ အဖြစ် ပြောင်းလဲပေးမည့် နိုင်ငံ၏ ပထမဆုံးသော အခြေခံအဆောက်အဦးဆိုင်ရာ ရံပုံငွေ ဖန်တီးနိုင်ရေးအတွက် လုပ်ဆောင်နေသည်။

ကမ္ဘောဒီးယား စတော့အိတ်ချိန်းနှင့် ပူးတွဲ စာရင်းသွင်းမှုများ ပြုလုပ်ရန်လည်း SET က ဆွေးနွေးနေသည်။

Your Thoughts …
Tags: ထိုင်း စတော့အိတ်ချိန်းရှယ်ယာအိမ်နီးချင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

Puma Energy သည် သူ၏ရှယ်ယာများကို ၎င်း၏ စီးပွားမိတ်ဖက်ကုမ္ပဏီဖြစ်သည့် Asia Sun Energy (ASE)သို့ လက်လွှဲရောင်းချသွားကြောင်း သိရသည်

လေယာဉ်ဆီကုမ္ပဏီ Puma ရှယ်ယာတွေ ဘယ်သူဝယ်သလဲ

by ဧရာဝတီ
13 October 2022
4.6k

ဧရာဝတီသတင်းဌာနက စုံစမ်းရာ Puma Energy သည် သူ၏ရှယ်ယာများကို ၎င်း၏ စီးပွားမိတ်ဖက်ကုမ္ပဏီဖြစ်သည့် Asia Sun Energy (ASE)သို့ လက်လွှဲရောင်းချသွားကြောင်း သိရသည်။

YUPT ရှယ်ယာရှင်များနှင့် တိုင်းအစိုးရအဖွဲ့တို့ အစည်းအဝေးကျင်းပနေစဉ်  / မျိုးပပစန်း / ဧရာဝတီ

YUPT အများပိုင်ကုမ္ပဏီမှ အစုရှယ်ယာများ အစိုးရ ပြန်ဝယ်ရန် တောင်းဆို

by မျိုးပပစန်း
30 November 2019
7.9k

ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီ (YUPT) မှ ရှယ်ယာဝေစုများကို အစိုးရမှ ပြန်လည် ဝယ်ယူပေးရန်အတွက် ကုမ္ပဏီသို့ တင်ပြထားကြောင်း သိရသည်။

ရန်ကုန်စတော့အိတ်ချိန်း၏ အမှုဆောင် အကြီးတန်း မန်နေဂျာ ဦးသက်ထွန်းဦး / အောင်သီဟ / ဧရာဝတီ

စတော့အိတ်ချိန်း အမှုဆောင် အကြီးတန်း မန်နေဂျာ ဦးသက်ထွန်းဦးနှင့် တွေ့ဆုံခြင်း

by အောင်သီဟ
22 July 2019
6.6k

စတော့အိတ်ချိန်း ဈေးကွက်အခြေအနေများကို ရန်ကုန်စတော့အိတ်ချိန်း၏ အမှုဆောင် အကြီးတန်း မန်နေဂျာ ဦးသက်ထွန်းဦးကို ဧရာဝတီ သတင်းထောက် အောင်သီဟ က သွားရောက် တွေ့ဆုံ မေးမြန်းထားပါသည်။

ရန်ကုန် စတော့ အိတ်ချိန်း  / YSX

AMATA ဟိုတယ်လုပ်ငန်းစုကို ရန်ကုန်စတော့အိတ်ချိန်းသို့ ဝင်ရောက်ခွင့်ပြု

by အောင်သီဟ
29 December 2020
5.8k

ခရီးသွားလုပ်ငန်းအခြေပြု ဟိုတယ်လုပ်ငန်းများကို တိုးချဲ့လုပ်ဆောင်ရာတွင် လိုအပ်လာမည့် အရင်း အနှီး ရရှိရန်အတွက် ပြင်ဆင်ဆောင်ရွက်သည့်အနေဖြင့် ရန်ကုန်စတော့အိတ်ချိန်းသို့ ဝင်ရောက်လာခြင်း ဖြစ်

ရန်ကုန်မြို့ရှိ ရန်ကုန် စတော့အိတ်ချိန်းရုံးကို တွေ့ရစဉ် / ထက်ဝေ / ဧရာဝတီ

ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးရေး အတွက် စတော့အိတ်ချိန်းသို့ ဝင်ခြင်းဖြစ်ဟု EFR ဆို

by အောင်သီဟ
7 March 2020
3.9k

EFR ကုမ္ပဏီ၏ ရှယ်ယာများကို လာမည့် မတ် ၂၀ ရက်၌ စတင် အရောင်းအဝယ် လုပ်ဆောင် သွားမည် ဖြစ်ပြီး ရှယ်ယာဈေးနှုန်းကို မတ်လ ၁၉ ရက်တွင် ကြေညာသွားမည် ဖြစ်သည်။

အသားကင် ညှော်နံ့ ရတာကြောင့် တရားစွဲဆိုခဲ့တဲ့ အမျိုးသမီး 

အသားကင် ညှော်နံ့ နံတာကြောင့် အိမ်နီးချင်းကို တရားစွဲခဲ့တဲ့ အမျိုးသမီး

by ရေဗန်
3 September 2019
6.7k

တရားရုံးကတော့ သူ တိုင်တန်းတာဟာ လက်ခံနိုင်စရာ မရှိကြောင်း၊ ပတ်ဝန်းကျင်မှာ အခြားလူတွေနဲ့ နေထိုင်တဲ့အချိန် အနည်းငယ် ဆူညံတာကိုတော့ လက်ခံပေးသင့်ကြောင်း စတာတွေကြောင့် အမှုကို ပယ်ဖျက်လိုက်ပါတယ်။

Next Post
ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီး သူရ ဦအောင်ကို / ထက်နိုင်ဇော် / ဧရာဝတီ

မြန်မာ့သမိုင်းတွင် “ရိုဟင်ဂျာ” မရှိကြောင်း အထောက်အထား အပြည့်အစုံဖြင့် အစိုးရချပြမည်

မြောက်ကိုရီးယားနိုင်ငံရဲ့ Samjiyon သံစုံတီးဝိုင်း / AFP

မြောက်ကိုရီးယား အနုပညာအဖွဲ့ တောင်ကိုရီးယားမှာ နာမည်ကျော် K-pop သီချင်းများဖြင့် ဖျော်ဖြေမည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

7 days ago
7.3k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • မဟာ အလက်ဇန္ဒား

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate