စီးပွားရေး

ချင်းပြည်နယ် ခရီးသွား ကဏ္ဍ ဖွံ့ဖြိုးရေး နယ်သာလန် အကူအညီဖြင့် ဆောင်ရွက်မည်

Want create site? Find Free WordPress Themes and plugins.

ချင်းပြည်နယ် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးရေး အတွက် နယ်သာလန်နိုင်ငံ၏ အကူညီဖြင့် ၃ နှစ်စီမံကိန်း ချမှတ် ဆောင်ရွက်သွား ရန် စီစဉ်နေကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန (စီးပွား/ကူးသန်း) ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီး ဌာန မှ သိရသည်။

ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက “အခု ချင်းပြည်နယ်ကို လုပ်ဖြစ်ဖို့ များတယ်။ တိတိ ကျကျ ဆုံးဖြတ်ချက်တော့ မထွက်သေးဘူး။ တခြားပြည်နယ် တချို့လည်း လေ့လာထားတယ်။ ချင်းပြည်နယ်က ဖွံ့ဖြိုး တိုး တက်ဖို့ အလားအလာတော့ ရှိတယ်။ ဒါပေမယ့် လမ်းပန်း ဆက်သွယ်ရေးက ပိုပြီး တိုးတက်အောင် လုပ်ဖို့ လိုသေးတယ်။ သို့သော်လည်း ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ရင် ချင်းဒေသမှာ ဖြစ်နိုင်တဲ့အတွက် ဒေသဖွံ့ဖြိုးစေချင်လို့ လျာထားတာ ဖြစ် တယ်”ဟု ပြောသည်။

ချင်းပြည်နယ်၏ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နယ်သာလန်နိုင်ငံ (Consumer price index (IPC) စီမံကိန်း မှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့် ခရီး သွားလာရေး ဝန်ကြီးဌာန တာဝန်ရှိသူများနှင့် စီးပွား/ကူးသန်း ဝန်ကြီးဌာနတို့ ပူးပေါင်း ၍ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပြည်နယ်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ဆောင်ရာတွင် ရုံးခွဲတခု ဖွင့်လှစ်ပြီး ငွေကြေးနှင့် နည်း ပညာ များ ထောက်ပံ့ပေးမှု ၃ နှစ် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ဦးအောင်စိုးက ပြောသည်။

ချင်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန တာဝန်ခံ ဦးအောင်ဖြိုးကလည်း “အခု ၂၀၁၈ ခုနှစ်မှာတော့ ပြည်ပ ခရီးသွား ဝင်ရောက်မှုက ၂၀၁၇ ခုနှစ်ထက် ၅၀ ရာခိုင်နှုန်း အနည်းဆုံး ထပ်တိုးပြီး ပြည်တွင်း ဧည့်သည်ကိုလည်း ၆၀ ရာခိုင် နှုန်း လောက်အထိ တိုးလာမယ်လို့ မှန်းထားပါတယ်။ ချင်းပြည်နယ်က မြန်မာနိုင်ငံတခုလုံးမှာ လူအများဆုံး စိတ် ဝင်စားတဲ့ ပြည်နယ်လို့လည်း ပြောလို့ရပါတယ်”ဟု ပြောဆိုသည်။

လက်ရှိ၌ ကယားပြည်နယ် ခရီးသွားကဏ္ဍ တိုးမြှင့်ရေး လုပ်ငန်းများကို နယ်သာလန် အကူအညီဖြင့် လုပ်ဆောင်လျက် ရှိ ကြောင်း သိရသည်။

ကယား စီမံကိန်းအနေနှင့် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် မှ ၂၀၁၇ ခုနှစ် အထိ ၃ နှစ် ကာလအတွင်း နယ်သာလန်နိုင်ငံ၏ အကူ အညီနှင့် အမေရိကန် ဒေါ်လာ ၁ ဒသမ ၉ သန်း အသုံးပြုပြီး လိုအပ်သော အခြေခံ အဆောက်အအုံများနှင့် နည်းစနစ်များ ကို ဖွံ့ဖြိုးအောင် လုပ်ဆောင်ပေးခဲ့သည်ဟု ဆိုသည်။

အဆိုပါ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးရေး ၃ နှစ် ဆောင်ရွက်မှု ပြီးစီးသည့် ၂၀၁၇ ခုနှစ်တွင် ကယားပြည်နယ်သို့ ပြည်တွင်း ခရီးသွား ၃ သောင်းကျော်နှင့် ပြည်ပခရီးသွား ဧည့်သည် ၉ ထောင်ဝန်းကျင် တိုးတက်ခဲ့သည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာနမှ သိရသည်။

ချင်းပြည်နယ်၌ သစ်တော တောင်တန်းများနှင့် အထင်ကရ အသည်းပုံစံ ရှိသည့် ရိဒ်ရေကန်၊ နတ်မတောင် (ခေါနူးစုမ်တောင်) စသည့် သဘာဝ လည်ပတ်စရာနေများနှင့် ချင်းရိုးရာ ဓလေ့များကို လေ့လာနိုင်သည့်အပြင် ချင်း ပြည်နယ် တွင်သာ လေ့လာ နိုင်သော မျက်ခုံးထူ ငှက်ပြာထောင့် ဆိုသည့် ရှားပါး ငှက်မျိုးစိတ်ကိုလည်း လေ့လာနိုင်မည် ဖြစ်သောကြောင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးရေး အတွက် ဆွဲဆောင်စရာ များစွာရှိကြောင်း ဦးအောင်ဖြိုး က ရှင်းပြသည်။

လက်ရှိ ချင်းပြည်နယ် အစိုးရ အနေဖြင့် ခရီးသွားများ တည်းခိုနေထိုင်မှု လွယ်ကူစေရန် စီစဉ်ပေးလျက် ရှိနေပြီး ခရီးသွား လုပ်ငန်းဆိုင်ရာ အခြေခံ အဆောက်အအုံများ ဖွ့ံ့ဖြိုးတိုးတက်ရေး အတွက်လည်း ပြည်နယ် အစိုးရဘက်က ဖြည့်ဆည်း ပေးခြင်း ရပ်ရွာ အခြေပြု ခရီးသွားလုပ်ငန်းများ တိုးတက်အောင် လုပ်ဆောင်ပေးနေကြောင်း ချင်းပြည်နယ် ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

၂၀၁၇ ခုနှစ်တွင် ချင်းပြည်နယ်သို့ ပြည်တွင်း ခရီးသွားဝင်ရောက်မှုသည် ၁၁၀၄၇ ဦးနှင့် ပြည်ပ ခရီးသွားဧည့်သည် ဝင် ရောက်မှုသည် ၂၄၅၉ ဦး ဝင်ရောက်ခဲ့ပြီး ပြင်သစ် နိုင်ငံသား အများဆုံး ဝင်ရောက်ခဲ့သည်ဟု ဆိုသည်။

ချင်းပြည်နယ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးသည် လက်ရှိ ချင်းပြည်နယ် အစိုးရ၏ ဦးစားပေး နယ်ပယ်တခု အဖြစ်ပါဝင်နေပြီး ချင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ဟိုတယ်အသင်း၊ ဧည့်လမ်းညွှန် အသင်းအဖွဲ့များ ဖွဲ့စည်းခြင်း ခရီးသွား လုပ်ငန်း နှင့် ဆိုင်သော သင်တန်းများဖွင့်လြှစ်ခင်း၊ ဟိုတယ် တည်ဆောက် ရင်းနှီးမြှုပ်နံှလိုသူများ ဖိတ်ခေါ်ခြင်းနှင့် ခရီးသွားများ သွားရောက် လည်ပတ်မည့် နေရာများ ဖော်ထုတ်ခြင်း တို့ိကို လုပ်ဆောင်လျက် ရှိကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading