စီးပွားရေး

တရုတ်ဝယ်လိုအားကြောင့် ဂန္တဝင် ကျူးဘား ဆေးပြင်းလိပ် ရောင်းအားတက်

Want create site? Find Free WordPress Themes and plugins.

တရုတ်နိုင်ငံ၏ ဝယ်လိုအားကြောင့် ကျူးဘားနိုင်ငံထွက် ဂန္တဝင်ဆေးပြင်းလိပ်များ ရောင်းအားတက် လာကြောင်း နိုင်ငံပိုင် Cubatabaco ကော်ပိုရေးရှင်း၏ လုပ်ငန်းခွဲ ဟာဘန်နို့စ် – Habanos လုပ် ငန်း၏ အဆိုအရ သိရသည်။

Habanos ၏ တကမ္ဘာ လုံးဆိုင်ရာ ဝင်ငွေသည် ၂၀၁၇ ခုနှစ်တွင် ၁၂ ရာခိုင်နှုန်း သိသိသာသာ တက်လာပြီး အမေရိကန် ဒေါ်လာ သန်း ၅၀၀ အထိ စံချိန်တင် တိုးတက်လာခဲ့သည်ဟု နှစ်စဉ် ဆေးပြင်းလိပ်ပွဲတော် ဖွင့်ပွဲတွင် ကြေညာခဲ့သည်။

ကျူးဘားအတွက် စပိန်နှင့် ပြင်သစ်ပြီးလျှင် ထိုလုပ်ငန်း၏ တတိယ အကြီးဆုံး ပို့ကုန်ဈေးကွက် ဖြစ်သော တရုတ်၌ ရောင်းချမှုသည် ယခင်နှစ်ကထက် ၃၃ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။

“တရုတ်နိုင်ငံဟာ တကမ္ဘာလုံးအဆင့်မှာ အကြီးမားဆုံးဈေးကွက်ဖြစ်လာဖို့ အလားအလာရှိတာ သံသ ယဖြစ် စရာ မလိုပါဘူး” ဟု Habanos ၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဒု ဥက္ကဌ ဂျိဆေ မာရီယာ လိုပက်ဇ် က ၎င်းတို့ လုပ်ငန်း၏ နှစ်စဉ် သတင်းစာရှင်းလင်းပွဲတွင်ပြောကြောင်း Reuters သတင်း ဌာနကဖေါ်ပြခဲ့သည်။

၂၀၁၇ ခုနှစ်တွင် ကျူးဘားဆေးပြင်းလိပ်များကို တကမ္ဘာလုံးတွင် ရောင်းချမှုသည် ဇိမ်ခံပစ္စည်းဈေး ကွက် တိုးတက်မှု ၅ ရာခိုင်နှုန်း ထက်သာလွန်ကြောင်းလည်းသူပြောခဲ့သည်ဟုဆိုသည်။

ရောင်းအားတက်လာခြင်းမှာ ဆေးရွက်ကြီး ထွက်နှုန်းတက်လာခြင်းနှင့် ကုန်စည် အမျိုးအမည်သစ် များ ထုတ်လုပ်ခြင်းတို့ ကြောင့်ဖြစ်သည်ဟု လည်းဆိုသည်။

ကျူးဘားအစိုးရနှင့် ဗြိတိန်မှ Imperial အမှတ်တံဆိပ်တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော ထိုဆေးပြင်း လိပ်လုပ်ငန်း သည် “Cohiba, Montecristo နှင့် Partagas” စသည့် အမှတ်တံဆိပ် လက်ဖြင့်လိပ် သော ဆေးပြင်းလိပ်များ ထုတ်လုပ်ရောင်းချသည်။

အကောင်းဆုံးရာသီဥတု အခြေအနေနှင့် ခိုင်မာသော ဝယ်လိုအားကြောင့် အနာဂါတ်အတွက်လည်း အလား အလာကောင်းသည်ဟု လိုပက်ဇ်က ပြောသည်။ လွန်ခဲ့သော နှစ်က ဟာရီကိန်းမုန်တိုင်း များတိုက်ခတ်ခဲ့သော် လည်း ဆေးရွက်ကြီး အဓိကထုတ်လုပ်သည့် ပီနာ ဒယ် ရီယို ဒေသတွင် ထိခိုက်မှုမရှိပေ။

ရောင်းအား တက်လာရခြင်း၏ အခြားသော အကြောင်းတခုမှာ ကျူဘား အမေရိကန် ဆက်ဆံ ရေးတိုးတက် ကောင်းမွန်လာသောကြောင့် ကျူးဘားနိုင်ငံသို့ နိုင်ငံတကာခရီးသည် များပိုမိုလာ ရောက်ခြင်းဖြစ်သည်။

ခရီးသွားလာမှု ကန့်သတ်ခြင်း အပါအဝင် လတ်တလော ဖြစ်ပေါ်နေသော ကျူးဘားနိုင်ငံအပေါ် ရန်လို သော မူဝါဒများ သည် ယခုအချိန်အထိ ထိခိုက်မှုမရှိသေးကြောင်း၊ ပြည်တွင်းဝင်ငွေသည်လည်း လွန်ခဲ့ သော နှစ်က ၁၅ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု လိုပက်ဇ်ကပြောသည်။

“ကျူးဘားအပေါ် အမေရိကန် သမ္မတထရမ့်ရဲ့ အစီအစဉ်တွေရှိနေပေမယ့် ကျူးဘားဈေးကွက်ဟာ ၂၀၁၈ ခုနှစ်မှာ ဆက်လက်တိုးတက်နေဦမှာပါ” ဟုလည်းသူ ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading