စီးပွားရေး

အဲအေးရှားက မြန်မာနိုင်ငံတွင် လေကြောင်းလိုင်း ဖွင့်ရန် ဆွေးနွေးနေ

Want create site? Find Free WordPress Themes and plugins.

စရိတ်ကျဉ်း အဲအေးရှား လေကြောင်းလိုင်းသည် မြန်မာနိုင်ငံတွင် လေကြောင်းခရီးစဉ် ပြေးဆွဲရန် အလားအလာရှိသော စီးပွားဖက်နှင့် ဆွေးနွေးလျက်ရှိကြောင်း Reuters သတင်းတပုဒ်အရ သိရသည်။

ယခုအခါ အဲအေရှားသည် မလေးရှားနိုင်ငံတွင် အခြေစိုက်လုပ်ကိုင်လျက်ရှိပြီး အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဂျပန်နှင့် ထိုင်းနိုင်ငံတို့အပြင် တရုတ်နှင့်လည်း လေကြောင်းလိုင်းဆွဲရန် စိုင်းပြင်းနေသည်။ တနင်္လာနေ့က Reuters နှင့်ပြုလုပ်သည့် အင်တာဗျူးတခုတွင် အဲအေရှား အမှုဆောင်အရာရှိချုပ် တိုနီဖာနန်ဒတ်စ်က ဗီယက်နမ်နှင့် ဖက်စပ်လိုင်းကို လာမည့် အောက်တိုဘာလတွင် ပြေးဆွဲနိုင်မည်ဟု ခန့်မှန်းထားကြောင်း ပြောကြားခဲ့သည်။

“ ဗီယက်နမ်နဲ့မြန်မာကို ပြေးဆွဲရတာ တွက်ချေကိုက်ပါတယ်။ အရှေ့တောင်အာရှက ခရီးသည်ဦးရေ အများကြီး ရလို့ဖြစ်ပါတယ်” ဟု ဖာနန်ဒတ်စ်က ပြောသည်။

ယမန်နှစ်က ဂျပန်နိုင်ငံမှ ANA ဦးပိုင်လုပ်ငန်းစုက ဒေသတွင်းမိတ်ဖက်ဖြစ်သူ Golden Sky World နှင့်အတူ လေကြောင်းလိုင်းတခု အစီအစဉ်ကို လျှောက်ထားခဲ့ပြီး မြန်မာအာဏာပိုင်များက ပယ်ချခဲ့လင့်ကစား မြန်မာနိုင်ငံ၏ ဖြည်းညှင်းစွာ ဖွင့်ပေးနေသော နိုင်ငံခြ ားရင်းနှီးမြှပ်နှံမှု မူဝါဒနှင့် စီးပွားရေ းအလျင်အမြန် တိုးတက်နေခြင်းကို ကုမ္ပဏီအမြောက်အမြားက စောင့်ကြည့်နေကြသည်။

“အင်မတန်ကြီးတဲ့ လေကြောင်းလိုင်းတော့ အဲဒီ(မြန်မာ)မှာ သွားလုပ်လို့ မရသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ လေဆိပ်အခြေခံအဆောက်အဦတွေ အဲဒီမှာ မစုံသေးလို့ပါ။ ဒါပေမယ့် လူဦးရေက သန်း ၅၀ ရှိတယ်။ အချိန်ကြာလာတာနဲ့အမျှ တိုးတက်လာမှာပါ” ဟု ဖာနန်ဒတ်စ်က ပြောသည်။ ၎င်းသည် ယခုသီတင်းပတ်အကုန်ပိုင်းကပ ဆစ်ဒနီတွင် ကျင်းပသည့် အာဆီယံအစည်းအဝေးသို့ တက်ရောက်ခဲ့သူဖြစ်သည်။

“ဆစ်ဒနီမှာ တစုံတယောက်နဲ့ ကျနော်တို့ ဆုံဖြစ်ခဲ့ကြပါတယ်။ အဲဒီလူဟာ လေကြောင်းလိုင်းကောင်းကောင်းတခု ရှိပါတယ်။ သူ့လေကြောင်းလိုင်းကိုလည်း ကျနော်သိတာ ကြာပါပြီ။ သူဟာ လေးစားစရာ ပုဂ္ဂိုလ်တယောက်ပါ။ ဖြစ်စဉ်တခုအနေနဲ့ ကျနော်တို့ တဆင့်ပြီးတဆင့် သွားနေပါတယ်” ဟု သူက ဖြည့်စွက်ပြောသည်။

အဆိုပါ အလားအလာကောင်းသည့် စီးပွားဖက်၏ အမည်ကိုမူ သူက ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။

လတ်တလော မြန်မာပြည် လေကြောင်းခရီးသွား ဈေးကွက်တွင် နိုင်ငံတော်ပိုင် မြန်မာ အမျိုးသား လေကြောင်းလိုင်းက အဓိက မြို့များသို့ ချိတ်ဆက်ပျံသန်းနေပြီး ပုဂ္ဂလိကပိုင် လေကြောင်းလိုင်း ၁၀ လိုင်းကလည်း ပျံသန်းနေသည်။ သို့သော် ကြီးထွားလာနေသော ခရီးသွားများအား ဝန်ဆောင်မှုပေးရာတွင် စိန်ခေါ်မှုများ ကြီးစွာ ကျန်နေသေးသည်။

CAPA – Centre for Aviation ၏အဆိုအရ ၂၀၁၆ ခုနှစ်တွင် ပြည်တွင်းခရီးသွားသူ ဦးရေသည် ၂၀၁၀ ခုနှစ်နှင့် ယှဉ်လျှင် ၂ ဆတက်လာခဲ့ပြီး နိုင်ငံခြားသားခရီးသွားသူဦးရေကလည်း ၂၀၁၂ ခုနှစ်ထက် ၂ ဆတိုးခဲ့ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading