2018 FIFE WORLD CUP အထိမ်းအမှတ်အနေဖြင့် VISA FIFA WORLD CUP tm အမှတ်အသားပါသော Credit Card (အကြွေးဝယ်ကတ်) နှင့် Prepaid Card (ကြိုတင် ငွေဖြည့်ကတ်) ၂ မျိုးကို CB ဘဏ်နှင့် VISA တို့ ပူးပေါင်း ထုတ်လုပ်မည် ဖြစ်ကြောင်း သိရသည်။
ယင်း ကတ် ၂ မျိုးနှင့် ပတ်သက်ပြီး မတ်လ ၃၀ ရက်က ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာ ဟိုတယ်တွင် ပြုလုပ်သည့် စာနယ်ဇင်း လင်းရှင်းပွဲတွင် တာဝန်ရှိသူများက ပြောဆိုခြင်း ဖြစ်သည်။
သမာဝါယမဘဏ် လီမိတက် (CB) မန်နေဂျင်း ဒါရိုက်တာ ဦးသိန်းဇော်ထွန်းက“ဒီဇိုင်း ၂ မျိုးနဲ့ ကတ် ၂ မျိိုးကို ထုတ်ေ၀ သွားမှာ ဖြစ်ပါတယ်။ နောက်တမျိုးက ကတ်တွေအပြင် ကတ်သုံးစွဲသူတွေ အတွက်လည်း ကြီးမားတဲ့ အခွင့်အရေးတခု ကို ဗီဇာရော စီဘီဘဏ်ရော ပေါင်းပြီးတော့ ဖန်တီးထားပါတယ်။ အဲဒါကတော့ ဘာလဲ ဆိုတော့ ကိုယ်တိုင်ကိုယ်ကျ ရုရှားမှာ ရှိတဲ့ ကမ္ဘာ့ဖလား ပွဲကို သွားပြီးတော့ ကြည့်လို့ရမှာ ဖြစ်ပါတယ်” ဟု ပြောပြသည်။
Prepaid Card ကို လျှောက်ထားမည် ဆိုလျှင် နေ့ချင်းပြီး ဆောင်ရွက်နိုင်ပြီး Credit Card ကို လျှောက်ထားမည် ဆိုပါ က နီးစပ်ရာ ဘဏ်များတွင် ဖောင်ဖြည့်၍ သွားရောက် လျှောက်ထားနိုင်ကြောင်း၊ စာရွက်၊ စာတမ်း လိုအပ်ချက်ပေါ် မူတည် ၍ အနည်းဆုံး ၂ ပတ်မှ အများဆုံး ၂လအထိ အချိန်ကြာနိုင်ကြောင်းလည်း ၎င်းက ရှင်းပြသည်။
စီဘီဘဏ် မန်နေဂျာ ဦးဇေယျာအောင်က“ကျနော်တို့ ကြိုတင်ငွေဖြည့်ကတ် ကတော့ မှတ်ပုံတင်ပဲ လိုတယ်။ ပိုက်ဆံ ဖြည့်ပြီး ချက်ချင်းသုံးရုံပဲ။ ဒါပေမယ့် Credit Card ကျတော့ လစာဝင်ငွေ အထောက်အထား လိုမယ်။ သန်းခေါင်စာရင်း မိတ္တူ၊ ကတ် လုပ်မယ့်သူကို ထောက်ခံပေးမယ့်သူ လိုတယ်။ သူ့ရဲ့ လုပ်ငန်းဝင်ငွေ အနေအထား ဒါတွေ လိုမှာဖြစ်ပါ တယ်”ဟု ပြောသည်။
VISA FIFA WORLD CUP tm အမှတ်အသားပါ Credit Card ကို အရေအတွက်အားဖြင့် ၂ သောင်း ထုတ်လုပ်ပေး မည် ဖြစ်ပြီး ယင်းကတ်ကို Customer က ကျပ် ၁ သောင်းဖိုး သုံးစွဲတိုင်း VISA FIFA WORLD CUP tm ကမ္ဘာ့ဖလား ကွာတား ဖိုင်နယ် ပွဲစဉ်များကို ကြည့်ရူရန်အတွက် ၄ ညအိပ်ခရီးစဉ်ကို အပြည့်အ၀ ငွေကြေးထောက်ပံ့ပေးမည့် ကံစမ်းမဲ အစီ အစဉ် ထည့်သွင်း ထားကြောင်းလည်း ၎င်းက ပြောသည်။
CB Bank နှင့် VISA တို့ အားကစားပွဲများ ပူးပေါင်းကျင်းပသည်မှာ ယခုတကြိမ်သည် ဒုတိယအကြိမ် ဖြစ်ပြီး ပထမ အကြိမ်မှာ ၂၀၁၄ ခုနှစ်က ဘရာဇီး နိုင်ငံတွင် ကျင်းပခဲ့သော VISA FIFA WORLD CUP tm ပွဲဖြစ်သည်။
“နောက်တခုက ဒီကတ်တွေကို နောက်ဆုံးနည်းပညာနဲ့ ထုတ်ဝေတဲ့ Mobile money ပလက်ဖောင်းတွေ ကျနော်တို့ ရှိပါ တယ်။ ဒီ Mobile money ကနေ အခု ထုတ်တဲ့ ကတ်တွေက ထောက်ပံ့ အသုံးပြုလို့ရပါတယ်။ Credit Card ဆိုရင် ငွေ Payment တွေ လုပ်လို့ရပါတယ်။ ကတ်ထဲမှာ ငွေသိမ်းထားစရာ မလိုပါဘူး။ မိုလ်ဘိုင်းဘန်းကင်း ကနေ ကတ်ထဲကို လွယ်လွယ်ကူကူနဲ့ ကျနော်တို့ လွဲှလို့ရပါတယ်”ဟု ဦးဇေယျာအောင်က ရှင်းပြသည်။
စီဘီဘဏ်က ထုတ်လုပ်သော ဗီဇာကတ်များနှင့် ငွေကျပ် ၁ သောင်းဖိုး သုံးစွဲတိုင်း ကမ္ဘာ့ဖလား ဘောလုံးပွဲသို့ တိုက်ရိုက် သွားရောက်ကြည့်နိုင်မည့် အခွင့်အရေးတခု ရရှိမည် ဖြစ်သည်ဟု မန်နေဂျာ ဦးဇေယျာအောင်ကလည်း ပြော သည်။
VISA Myanmar ၏ Country Manager ဖြစ်သူ မစ္စတာ Arturo Planell က“VISA FIFA WORLD CUP tm နဲ့ အတူ စပွန်ဆာ ပြုလုပ်ရတဲ့အတွက် ကျနော်တို့ ဗီဇာကတ် ကိုင်ဆောင်သူများကို အခွင့်အရေးကတော့ ကမ္ဘာတဝန်းမှာ ဗီဇာ က သုံးစွဲနိုင်ခွင့်နဲ့ ထူးခြားတဲ့ အခွင့်အရေးတွေ ရရှိမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
လက်ရှိတွင် စီဘီဘဏ်မှ ထုတ်လုပ်သည့် ဗီဇာကတ် ကိုင်ဆောင်သူ ဦးရေ ၅ သောင်း ဝန်းကျင်ရှိနေကြောင်း သိရ သည်။