• English
Tuesday, July 15, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်၊ မည်သူမျှ အနိုင်မရ ဟု စီးပွားရေးပညာရှင်များဆို

by ဧရာဝတီ
5 April 2018
in စီးပွားရေး
A A
အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်၊ မည်သူမျှ အနိုင်မရ ဟု စီးပွားရေးပညာရှင်များဆို
5.6k
VIEWS
Share on FacebookShare on Twitter

ကမ္ဘာ့အကြီးဆုံး စီးပွားရေး နှစ်နိုင်ငံအကြား ဖြစ်ပွားသည့် ကုန်သွယ်ရေး စစ်ပွဲသည် မည်သူကိုမျှ အနိုင်ရမည် မဟုတ်ဘဲ စားသုံးသူများကိုသာ အကြီးအကျယ် ထိခိုက်စေမည်ဖြစ်ကြောင်း ဘောဂဗေဒ ပညာရှင်များက ဝေဖန်လိုက်သည်။

အမေရိကန် စီးပွားရေး သုတေသန သိပ္ပံမှ Edward Stringham က “သွင်းကုန်တွေကို ကမ္ဘာ့ဈေး ကွက်ပေါက် ဈေးအတိုင်း မဝယ်နိုင်ရင် အမေရိကန်လုပ်ငန်းတွေဟာ ယှဉ်ပြိုင်နိုင်စွမ်း ထိခိုက်ပြီး အမေရိကန်ပြည်သူတွေ လည်း ကုန်ပစ္စည်းတွေအတွက် ငွေပိုကုန်မယ်၊ ဒါဟာ အမေရိကန်ပြည်သူတွေ အတွက် မကောင်းဘူး၊ တရုတ်နဲ့ တခြားနိုင်ငံတွေလည်း အမေရိကန် စားသုံးသူတွေနဲ့ စီးပွားရေး လုပ်နိုင်စွမ်း ဆုံးရှုံးပြီး သူတို့အတွက်လည်း အနုတ်လက္ခဏာဆောင်တယ်”ဟု ပြောသည်။

RelatedPosts

ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

15 July 2025
824
မိုးထိမြင့်မား ကုန်ဈေးနှုန်းကြား ရုန်းကန်နေသော ပြည်သူများ

မိုးထိမြင့်မား ကုန်ဈေးနှုန်းကြား ရုန်းကန်နေသော ပြည်သူများ

14 July 2025
635
NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

13 July 2025
540

တရုတ်နိုင်ငံ၏ တုံ့ပြန်မှုကြောင့် ကမ္ဘာ့စတော့ဈေးကွက်များနှင့် ကုန်စည်ဈေးများကျဆင်းသွားပြီး၊ ဥရောပမှ အဓိက အညွှန်းကိန်းများ ၁ ရာခိုင်နှုန်းကျဆင်းကာ အမေရိကန် ကြိုရောင်း စတော့များမှာ ၁.၅ ရာခိုင်နှုန်း ကျဆင်းသည်။

ပဲပိစပ်ကြိုတင်ရောင်းဈေးမှာ ၃.၇ ရာခိုင်နှုန်းကျဆင်းပြီး၊ အမေရိကန်ဒေါ်လာနှင့် ယွမ်ငွေများလည်း တန်ဖိုးကျ ဆင်းသွားသည်။

အမေရိကန်ကုန်ပစ္စည်းများဖြစ်သည့် ဝီစကီများ

တရုတ်နိုင်ငံသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ထောက်ခံသော ပြည်နယ်များမှ ထုတ်ကုန် များကို ပစ်မှတ်ထား အခွန်စည်းကြပ်သည်ဟု သတင်းများကဆိုသည်။

အမေရိကန် ပဲပိစပ်တင်သွင်းမှုကို အခွန်ကောက်ခံခြင်းကြောင့် စိတ်မကောင်းကြောင်းနှင့် ထိုသို့ လုပ် ဆောင် ခြင်းကြောင့် ကုန်သွယ်ရေးမညီမျှမှုကို ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း အမေရိကန် ပဲပိစပ် တင်ပို့ရေးကောင်စီမှ တရုတ်ဒါရိုက်တာ Zhang Xiaoping ကပြောသည်။ သို့သော် ထိုလုပ်ရပ်ကို မျှော်လင့်ထားခဲ့ပြီးဖြစ်သည် ဟုဆိုသည်။

Asia Pacific IPO Leader of EY မှ ရင်ဂို ချွိုင်က ထိုလုပ်ရပ်များကြောင့် စတော့အိပ်ချိန်း စာရင်း သွင်းသည့် ဈေးကွက်ကိုလည်း ကာလတိုထိခိုက်မှု ဖြစ်စေသည်ဟု ဆိုလိုက်ပြီး၊ အများပြည်သူကို ကနဦး စတော့ရှယ်ယာ ရောင်းချမှုကို ထိခိုက်မည်ဖြစ်ကြောင်း၊ အထူးသဖြင့် အမေရိကန်သို့ တင်ပို့မှုအားထားနေသည့် တရုတ်ကုမ္ပဏီ များမှာမူ သေချာပေါက် ထိခိုက်နိုင်ကြောင်း သုံးသပ်သည်။

သို့သော် ရေရှည်တွင်မူ တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံသည် ဆွေးနွေး အပေးအယူလုပ်သွားနိုင်သည် ဟု သူက ခန့်မှန်းသည်။

အမေရိကန်က တရုတ်မှ တင်သွင်းနေသည့် သံနှင့် သံမဏိအပါအဝင် အလူမီနီယံသွင်းကုန်များ အပါ အဝင် အဝတ်အထည်မှ လျှပ်စစ်ပစ္စည်းအထိ သွင်းကုန်ပေါင်း ၁၀၀ကျော်ကို ပစ်မှတ်ထား အခွန်တိုး မြင့်လိုက်ပြီးနောက် တရုတ်ကလည်း ပဲပိစပ်၊ မော်တော်ယာဉ်နှင့် ဓာတုပစ္စည်းများအပါအဝင် အမေရိကန် ကုန်ပစ္စည်း ၁၀၆မျိုးကို ၂၅ရာခိုင်နှုန်း အခွန်းစည်းကျပ်ရန် သတ်မှတ်ခဲ့သည်။

တရုတ်က စည်းကျပ်မည့် အမေရိကန် ကုန်စည်စာရင်းတွင် လေယာဉ်အမျိုးအစားအချို့၊ ပြောင်းနှင့် စိုက်ပျိုး ရေးထုတ်ကုန်များ၊ ဝီစကီ၊ စီးကရက်နှင့် ဆေးရွက်ကြီး၊ အမဲသား အမျိုးအစားအချို့၊ ချောဆီ၊ ပရိုပိန်းနှင့် အခြားသော ပလပ်စတစ်ထုတ်ကုန်များ၊ လိမ္မော်ရည်၊ နှံစားပျောင်းမျိုးအချို့၊ ဂျုံအမျိုးအစားအချို့၊ ထရပ်ကား၊ SUV ကားများ၊ အချို့သော လျှပ်စစ်ကားများလည်းပါဝင်သည်။

ဆက်စပ်ဖတ်ရှုရန် – အမေရိကန်နှင့် ကုန်သွယ်ရေး စစ်ပွဲ ဆင်နွဲရန် အသင့်ဟု တရုတ်ပြော

အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ ဘယ်သူအထိနာမလဲ

အမေရိကန်ကုန်စည်များကို အခွန်တိုးကောက်ခြင်းဖြင့် ကုန်သွယ်ရေးစစ်ပွဲ စတင်ပြီလော

Your Thoughts …
Tags: ကုန်သွယ်ရေး စစ်ပွဲ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ခေတ်သစ် ခရီးရှည် ချီတက်ပွဲမှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရင်ဆိုင်မည့် ရှီကျင့်ဖျင်၏ ဗျူဟာဖြစ်သည် / Reuters

တရုတ် သမ္မတရဲ့ ခရီးရှည် ချီတက်ပွဲသစ်

by Katsuji Nakazawa
3 June 2019
49k

ခေတ်သစ် ခရီးရှည် ချီတက်ပွဲမှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရင်ဆိုင်မည့် ရှီကျင့်ဖျင်၏ ဗျူဟာဖြစ်သည်။

တရုတ်နိုင်ငံက အမေရိကန် ငွေတိုက်စာချုပ်များကို ရောင်းထုတ်ခြင်းအားဖြင့် အမေရိကန် အစိုးရကို ခြိမ်းခြောက်နိုင်လိမ့်မည် မဟုတ်ပါ / Reuters

အမေရိကန် ငွေတိုက်စာချုပ်တွေ တရုတ် ထုတ်ရောင်းမလား

by Zhang Lin
23 August 2018
12.9k

အကယ်၍ တရုတ်နိုင်ငံက ကုန်သွယ်ရေး စစ်ပွဲတွင် အောင်မြင်လိုလျှင် အမေရိကန် အစိုးရ ကြွေးမြီများကို ရောင်းချခြင်းက အထောက်အကူ ပြုလိမ့်မည် မဟုတ်ပါ

ကုန်သွယ်ရေးစစ်ပွဲက ကမ္ဘာအနှံ့ဖြန့်ကျက်ထားသည့် ထောက်ပံ့ရေးကွင်းဆက်များအပေါ် ကြီးမားသော ဂယက်ရိုက်မှု ရှိလာနေ / Reuters

ကုန်သွယ်ရေး စစ်ပွဲကြောင့် တရုတ်ရှိ အမေရိကန်ကုမ္ပဏီများ အထိနာ

by ဧရာဝတီ
3 September 2018
12.3k

အမေရိကန်နိုင်ငံသို့ ပစ္စည်းများတင်ပို့နေကြသည့် ကုမ္ပဏီများက တရုတ်နိုင်ငံတွင် ကုန်ပစ္စည်း များထုတ်လုပ်ခြင်းနှင့် ပတ်သက်၍ ပြန်လည်တွက်ချက်မှုများ ပြုလုပ်နေကြသည်

ဖို့ဒ်ကားစက်ရုံတရုံတွင်း မြင်တွေ့ရသည့် ကားတံဆိပ်များ / Reuters

တရုတ်က အမေရိကန် ဖို့ဒ်ကားကုမ္ပဏီကို ဒေါ်လာ ၂၄ သန်း ဒဏ်တပ်

by ဧရာဝတီ
11 June 2019
41.2k

အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေး တင်းမာမှုများ ဖြစ်ပွားနေစဉ်တွင် ယခုကဲ့သို့ အရေးယူခဲ့ခြင်းဖြစ်သည်။

Next Post
မောင်တောမြို့နယ်အတွင်းရှိ  ခုံတိုင်ကျေးရွာနေ မြိုတိုင်းရင်းသားများ / မင်းအောင်ခိုင် / ဧရာဝတီ

မောင်တောတွင် မြို တိုင်းရင်းသူ အမျိုးသမီး တဦး အသတ်ခံရ

ပြည်ထောင်စုလွှတ်တော်မှ ရွေးကောက်ခံရအပြီး မြင်တွေ့ရသော သမ္မတ ဦးဝင်းမြင့် / မျိုးမင်းစိုး

သမ္မတ ဦးဝင်းမြင့်သည် မျှော်လင့်ချက်များရော နိုင်ငံရေး ပကတိကိုပါ သယ်ဆောင်လာသည်

No Result
View All Result

Recommended

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

1 day ago
5.2k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

4 days ago
4.3k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

    shares
    Share 0 Tweet 0
  • အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate