• English
Monday, July 14, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

မြရိပ်ညို စီမံကိန်းအား ဆိုင်းငံ့ထားရန် ရန်ကုန်တိုင်းအစိုးရ ညွန်ကြား

by ကျော်ဖြိုးသာ
6 April 2018
in စီးပွားရေး
A A
လုပ်ငန်းများ စတင်စပြုနေသော မြရိပ်ညိုစီမံကိန်း / မျိုးမင်းစိုး

လုပ်ငန်းများ စတင်စပြုနေသော မြရိပ်ညိုစီမံကိန်း / မျိုးမင်းစိုး

14.5k
VIEWS
Share on FacebookShare on Twitter

တပ်ပိုင်မြေပေါ်တွင် အမေရိကန်ဒေါ်လာ သန်း ၅၀၀ အကုန်အကျခံ တည်ဆောက်မည့် မြရိပ်ညို အထပ်မြင့် စီမံကိန်းအား အနီးရှိ သက်တမ်း ၉၂ နှစ်ရှိသော ရေလှောင်ကန်ကြီးအတွက် ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများကို ရန်ကုန်တိုင်းအစိုးရက အတည်ပြုပြီးသည်အထိ ဆိုင်းငံ့ထားရန် ညွန်ကြားထားကြောင်း သိရသည်။

လုပ်ငန်းများ စတင်စပြုနေသော မြရိပ်ညိုစီမံကိန်းကို ဗဟန်းမြို့နယ်ရှိ ယခင်မြရိပ်ညိုဟိုတယ်ရှိရာ ၁၃ ဧက ကျယ်သောမြေတွင် ဦးခင်ရွှေ ပိုင်ဆိုင်သည့် ဇေကမ္ဘာ ကုမ္မဏီက အကောင်အထည်ဖေါ်နေသည်။

RelatedPosts

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

13 July 2025
273
KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

9 July 2025
674
အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

8 July 2025
1.3k

အမြင့် ၃၈၂ ပေမှ ၄၁၂ ပေအထိမြင့်သော အဆောက်အအုံ ၁၂ လုံးနှင့် ၃ ထပ် အဆောက်အအုံတခုကို ထိုနေရာတွင် တည်ဆောက်ရန် စီစဉ်ထားသည်။ ထိုနေရာသည် ရန်ကုန်မြို့တွင်း မြို့နယ် ၁၆ ခုကို ရေပေးဝေသည့် ရေလှောင်ကန်ကြီးအနီးတွင် တည်ရှိသည်။

ထို ဂါလန်သန်း ၂၀ ဆံ့သော ရေလှောင်ကန်ကြီး ပျက်ဆီးပါက အနီးရှိ ရပ်ကွက်ကို ရေလွှမ်းမိုးပြီး တမြို့လုံးရေပြတ်လတ်နိုင်သောကြောင့် ရပ်ကွက်တွင်းနေထိုင်သူများက ထိုစီမံကိန်းကို ဆန့်ကျင်ကြသည်။

လုပ်ငန်းများ ဆိုင်းငံ့ထားရန် မြို့တော်စည်ပင်က မတ်လတွင် ညွှန်ကြားခဲ့သော်လည်း ထိုကုမ္ပဏီက လိုက်နာခြင်း မရှိသောကြောင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ဧပြီလ ၂ ရက်နေ့ က လုပ်ငန်း ဆိုင်းငံရန် စာတစောင် ပေးပို့ခဲ့သည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဝန်ကြီးအချို့အား အင်္ဂါနေ့ က တွေ့ဆုံပြီး ရေလှောင်ကန် ဘေးကင်းရေးအတွက် သူ၏ အစီအမံများအား ရှင်းပြခဲ့သည်ဟု ဦးခင်ရွေက ဧရာဝတီသတင်းဌာနသို့ ဗုဒဟူးနေ့တွင် ပြောသည်။

“ရေလှောင်ကန် ဘေးအန္တရာယ် ကင်းရှင်းရေးကို သေသေချာချာလုပ်ဖို့ နဲ့ Safety ဖြစ်မှ ဆက်သွားပါ လို့ ဝန်ကြီးချုပ်က ပြောတယ်” ဟု ဦးခင်ရွှေက ပြောသည်။ စစ်အစိုးရခေတ်က တတိယ ဩဇာအကြီးမားဆုံးသူ ဖြစ်ခဲ့ပြီး ယခု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အရေးပါသော မဟာမိတ် ဦးရွှေမန်းနှင့် ဦးခင်ရွှေသည် ခမီးခမက်တော်သည်။

ရေလှောင်ကန် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဘိုးလ်ပိုင်များ၊ ရေလုံပစ္စည်းများ သုံးမည်ဟု သူပြောသည်။ ထို့ပြင် “ပညာရှင်တွေနဲ့ ကျနော်တို့ ဆွေးနွေးပြီးပြီ။ တရက်နှ စ်ရက်အတွင်း လုံခြံးရေးအစီအစဉ်တွေ စည်ပင်ကို တင်ပြမယ်”ဟုလည်း ဆိုသည်။

ထိုစီမံကိန်းအကြောင်းသိသူ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်တဦးကမူ လုံခြုံရေးအစီအမံများကို ပညာရှင်များ၏ လက်မှတ်ဖြင့် တရားဝင် တင်ပြရန် ဆောက်လုပ်ရေးကုမ္ပဏီကို ညွှန်ကြားထားကြောင်း နှင့် ထိုတင်ပြချက်ကို အစိုးရအဖွဲ့ သို့ ဆက်လက်တင်ပြမည် ဖြစ်ကြောင်း ပြောသည်။

“သူတို့ရဲ့ ရေကန်ဘေးကင်းဆိုင်ရာ အစီအမံအဆိုပြုချက်ကို အစိုးရက ခွင့်ပြုမှ (အဲဒါတွေကို အကောင်ထည်ဖော်ဖို့) ဆက်လုပ်ခွင့်ပေးမှာ။ လောလောဆယ်တော့ ဘာမှ ခွင့်ပြုမထားဘူး” ဟု ထိုကော်မတီဝင်က ပြောသည်။

ပြည်ပ နှင့် ဖက်စပ် လုပ်ပိုင်ခွင့် မရှိ

ထိုစီမံကိန်းအတွက် တပ်မှ ခေါ်သည့် တင်ဒါကို ၂၀၁၄ ခုနှစ်တွင် ဇေကမ္ဘာမှ အောင်မြင်ခဲ့ကြောင်း စီမံကိန်းဒါရိုက်တာ ဦးထွန်းဝင်းဟန်က ပြောသည်။

“မြေငှားစာချုပ်အရ ကျနော်တို့က ဒီနေရာကို နှစ် ၅၀ နဲ့ ၁၀ နှစ် ၂ ကြိမ် သက်တမ်းတိုးခွင့် ရထားတယ်” ဟု သူက ပြောသည်။

၂၀၂၀ ခုနှစ်တွင် ပြီးစီးမည့် ထိုစီမံကိန်းသည် ရန်ကုန်တွင် အထင်ကရ ရင်းနှီးမြှုပ်နှံမှု ဖြစ်ပြီး ဟိုတယ်နှင့် လူနေအိမ်ခန်းများပါဝင်ကြောင်း ဦးခင်ရွှေက ပြောသည်။ ထိုစီမံကိန်းကို ဇေကမ္ဘာကုမ္ပဏီ တခုတည်းက အကောင်အထည်ဖေါ်ပြီး တရုတ်နိုင်ငံဆောက်လုပ်ရေ းအင်ဂျင်နီယာကော်ပိုရေးရှင်းသည် ကန်ထရိုက်တာသာဖြစ်ပြီး ဖက်စပ်မဟုတ်ကြောင်း ဦးခင်ရွှေက ဆိုသည်။

“ကျနော်က ဖက်စပ် လုပ်ချင်တာ။ ဒါပေမယ့် စစ်တပ်နဲ့ ချုပ်ဆိုထားတဲ့ နားလည်မှုစာချွန်လွှာက ဒီအချက်ကို ခွင့်မပြုဘူး။ အခန်းတွေရောင်းပြီး သူတို့ကိုပေးရမှာ” ဟုပြောပြီး ထိုတရုတ်ကုမ္ပဏီသည် အမြတ်ငွေ၏ ၆၀ ရာခိုင်နှုန်းရမည်ဖြစ်ကြောင်းသူက ရှင်းပြသည်။

ယခု သူ့ စီမံကိန်း မကြာခဏ ဆိုင်းငံ့နေရခြင်းသည် မြန်မာနိုင်ငံအတွက် အလားအလာရှိသော ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ထိခိုက်နိုင်သည်ဟု သူက ပြောသည်။ “အမေရိကန်နဲ့ ဥရောပသမဂ္ဂက ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာမယ်လို့ ကျနော်တို့ ထင်ခဲ့ကြတာ။ တကယ်တော့ ဝင်မလာဘူး။ ဒီတော့ တရုတ်ကို မှီခိုနေရတယ်.. နည်းပညာက အစ”ဟု ဦးခင်ရွှေက ဆိုသည်။

ရေလွှမ်းမိုးမည်ကို ရပ်ကွက်နေသူများ ပူပန်နေကြောင်း ဧရာဝတီက ပြောသောအခါ ဆောက်လုပ်ရေးလုပ်ငန်းခွင်သည် ရေလှောင်ကန်နှင့်ဝေးကြောင်း သူက ပြောသည်။” ပြည်သူတွေ စိတ်မပူရအောင် ဘိုးလ်ပိုင်တွေ၊ water seal တွေ သုံးပြီးကာကွယ်သွားမှာ။ ဘာမှ ဖြစ်စရာ မရှိတော့ပါဘူး”ဟု ပြောသည်။

ဦးခင်ရွှေက ထိုသို့ပြောသော်လည်း ရပ်ကွက်နေသူအချို့က အယုံအကြည် မရှိကြချေ။

“ဒီစကားကို သူပြောရမှာ မဟုတ်ဘူး။ ဘက်မလိုက်တဲ့ပညာရှင်က ပြောရမှာ”ဟု စီမံကိန်းကို ဆန့်ကျင်သည့် ရန်ကုန် ကုက္ကိုင်းရေလှောင်ကန် ကယ်ဆယ်ရေးအဖွဲ့ကို ဦးဆောင်သူ ဦးဝင်းဗိုလ်က ပြောသည်။ အထပ်မြင့်အဆောက်အအုံများ တည်ဆောက်ပြီးပါက သူတို့၏ ဆိတ်ငြိမ်ရပ်ကွက် ထိခိုက်မှု ရှိလာမည်ကို စိုးရိမ်ကြသည်။

“ဒီရေလှောင်ကန်ကြီး ဘေးကင်းကြောင်း လွတ်လပ်တဲ့ပညာရှင်တွေဆီက ခိုင်မာတဲ့ အာမခံချက် လိုချင်တယ်။ ဒါကို ပြည်သူလူထုဆီ ချပြရမယ်။ ခုချိန်အထိတော့ ဒီစီမံကိန်းက ပွင့်လင်းမြင်သာမှု မရှိဘူး” ဟု ဦးဝင်းဗိုလ်က ပြောသည်။

ဆက်စပ်ဖတ်ရှုရန် – ကုက္ကိုင်း ရေလှောင်ကန် အနီးက ခွင့်ပြုချက်မဲ့ မြရိပ်ညို စီမံကိန်း

(အင်္ဂလိပ်ဘာသာဖြင့် Yangon Gov’t Halts $500 M Tower Project Until Flooding Fears Settled  တွင် ဖတ်ရှုပါ။)

Your Thoughts …
Tags: ဇေကမ္ဘာမြရိပ်ညို စီမံကိန်းရန်ကုန်တိုင်းအစိုးရ
ကျော်ဖြိုးသာ

ကျော်ဖြိုးသာ

ဧရာဝတီ

Similar Picks:

တိုက်ကွန်းလား၊ ခရိုနီလား၊ အခွင့်ထူးခံ သူဌေးကြီးတွေလား

တိုက်ကွန်းလား၊ ခရိုနီလား၊ အခွင့်ထူးခံ သူဌေးကြီးတွေလား

by ကြာဖက်နှင်း
2 June 2024
6.8k

ခရိုနီ သူဌေး အတော်များများသည် စစ်တပ် ဗိုလ်ချုပ်တွေ အပါအဝင် စစ်အစိုးရနှင့် ပေါင်းစား၍ ကြီးပွား ချမ်းသာ လာခဲ့သူများ ဖြစ်သည်။

မြရိပ်ညိုစီမံကိန်းကို ဖေဖော်ဝါရီလအတွင်းက မြင်ရစဉ် / YKRST

ကုက္ကိုင်း ရေလှောင်ကန် အနီးက ခွင့်ပြုချက်မဲ့ မြရိပ်ညို စီမံကိန်း

by ကျော်ဖြိုးသာ
5 April 2018
41.9k

ဇေကမ္ဘာ ကုမ္ပဏီနှင့် တရုတ်နိုင်ငံ ဆောက်လုပ်ရေး အင်ဂျင်နီယာ ကော်ပိုရေးရှင်း (CSCEC) တို့ ပူးတွဲ တည်ဆောက်နေသော စီမံကိန်းကြောင့် အနီးရပ်ကွက်နေသူများ စိုးရိမ်ပူပန်နေကြသည်

ရန်ကုန်မြို့ ကန်တော်ကြီးရှိ ကရဝိတ်ခန်းမ / အောင်ကျော်ထက် / ဧရာဝတီ

မြေပိုင်ဆိုင်မှုကိစ္စကြောင့် ကရဝိတ်တင်ဒါ ရွေးချယ်ရေး ခေတ္တဆိုင်းငံ့

by မျိုးပပစန်း
9 July 2020
13.1k

ကရဝိတ်ခန်းမနှင့် ယာဉ်ရပ်နား နေရာ အပါအဝင် စုစုပေါင်းမြေ ၃ ဒသမ ၄၅ ဧကကို ပြည်တွင်း လုပ်ငန်းရှင် များအား ဇွန်လ ၈ ရက်မှ စတင်၍ တင်ဒါခေါ်ယူခဲ့ပြီး ဇူလိုင်လ ၇ ရက်တွင်...

မြရိပ်ညို အထပ်မြင့် စီမံကိန်း ဆောက်လုပ်ရေး လုပ်ငန်းခွင်  / ဧရာဝတီ

မြရိပ်ညို စီမံကိန်းဝင်း အတွင်းမှ ဇေကမ္ဘာ ကုမ္ပဏီ ထွက်ခွာ

by အောင်သီဟ
20 December 2019
37.4k

တပ်မတော်နှင့် အငြင်းပွားမှု ဖြစ်ပွားနေသော ရန်ကုန်မြို့ ဗဟန်းမြို့ရှိ မြရိပ်ညို ဟိုတယ်ဝင်းအတွင်း၌ တည်ဆောက်မည့် အထပ်မြင့် စီမံကိန်းအတွင်းမှ ဇေကမ္ဘာကုမ္ပဏီသည် ဒီဇင်ဘာလ ၁၉ ရက်က ထွက်ခွာပေးလိုက် ရကြောင်း သိရသည်။

ရန်ကုန်တိုင်းအစိုးရ ဌာနများက တောင်းခံသော အသုံးစရိတ်များအနက် စုစုပေါင်း ကျပ်ငွေ ၄၁ ဘီလျံကို ရန်ကုန်တိုင်း လွှတ်တော်က မကြာသေးမီက ဖြတ်တောက်ခဲ့သည် / ထက်ဝေ

ရန်ကုန်တိုင်းအစိုးရ အသုံးစရိတ် ကျပ်ငွေ ၄၁ ဘီလျံ ဘာကြောင့်ဖြတ်တောက်ခံရသလဲ


by စမ်းယမင်းအောင်
19 June 2020
10.3k

ရန်ကုန်တိုင်းအစိုးရ ဌာနများက တောင်းခံသော အသုံးစရိတ်များအနက် စုစုပေါင်း ကျပ်ငွေ ၄၁ ဘီလျံကို ရန်ကုန်တိုင်း လွှတ်တော်က မကြာသေးမီက ဖြတ်တောက်ခဲ့သည်။


ရန်ကုန်တိုင်းအစိုးရ၏ ၂၀၁၈ ခုနှစ်အတွင်း ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲ /  ဧရာဝတီ

ဖုံးဖိဖို့ မကြိုးစားပါနဲ့ ရန်ကုန်တိုင်းအစိုးရရယ်

by ကျော်ဖြိုးသာ
8 November 2019
21.1k

မေးစရာ ဖြစ်လာသည်မှာ ရန်ကုန်တိုင်း အစိုးရက မည်သည့်အတွက်ကြောင့် သတင်းဋ္ဌာန အချို့ကို သတင်းစာရှင်းလင်းပွဲအတွက် ချန်လှပ်ခဲ့ပါသနည်းဆိုသည့် မေးခွန်းပင်ဖြစ်သည်။

Next Post
YBS ဘတ်စ်ကားပေါ်က ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း / ဧရာဝတီ

ရန်ကုန်တိုင်း အစိုးရ စီးပွားရေးလုပ်သင့် မလုပ်သင့်

၂၀၁၆ ခုနှစ် နိုဝင်ဘာလအတွင်းက ရန်ကုန်မြို့တော် ခန်းမရှေ့တွင် ဆန္ဒပြနေသော မြန်မာ သင်္ဘောသားများ /  မြန်မာ သင်္ဘောသားလေးများ ဖေ့စ်ဘုတ်

မြန်မာ သင်္ဘောသားများ အလုပ်အကိုင်ခေါ်ယူမှု လျော့ကျလာ

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

3 days ago
3.7k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

5 days ago
3k

Most Read

  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate