စီးပွားရေး

တရုတ်ကသကြားတင်သွင်းမှုကို ကန့်သတ်၍ ထိုင်း-မြန်မာကုန်သွယ်ရေးထိခိုက်

Want create site? Find Free WordPress Themes and plugins.

တရုတ်နိုင်ငံ၏ သကြားတင်သွင်းမှု ကန့်သတ်လိုက်ခြင်းက ထိုင်းသကြားတင်ပို့မှုအပေါ် သက်ရောက် မှုရှိခဲ့ပြီး၊ ထို့အတွက် မြဝတီ-မဲဆောက်နယ်စပ်ကုန်သွယ်ရေးတန်ဖိုးမှာ ယခုနှစ်ပထမသုံးလတွင် ၉ဒသမ၈ ရာခိုင်နှုန်းကျဆင်းသွားသည်ဟု သိရသည်။

သကြားဝယ်လိုအား များပြားသည့် တရုတ်နိုင်ငံသို့ မြန်မာနိုုင်ငံ မူဆယ် ကုန်သွယ်ရေး လမ်းကြောင်း မှ တဆင့်တင်သွင်း ခြင်းဖြစ်ပြီး၊ အများစုမှာ ထိုင်းနိုင်ငံထွက် သကြားများဖြစ်ကာ မြန်မာကုန်သည် များက ဝယ်ယူ၍ မဲဆောက်မှ မြဝတီသို့ တင်ပို့ကြသည်။

ယခုအခါ တရုတ်က သကြားတင်သွင်းမှုကို ကန့်သတ်သည့်အတွက် မဲဆောက်ကို ဖြတ်၍ မြန်မာ နိုင်ငံအတွင်း ယခုနှစ် သကြား တင်ပို့မှုမှာ စုစုပေါင်း ဘတ်ငွေ ၁၉.၂ သန်းသာ ရှိသဖြင့် ပြီးခဲ့ သည့်နှစ်ကထက် ၉.၈ ရာခိုင်နှုန်း ကျဆင်းသွား ကြောင်း မဲဆောက်မြို့ အကောက်အခွန်အရာရှိ ဝါလော့၏ ပြောဆိုချက်ကို ကိုးကားပြီး Bangkok Post ကရေးသား သည်။

ကမ္ဘာ့ထိပ်တန်းသကြားတင်သွင်းသူ တရုတ်သည် ပြည်တွင်းသကြားထုတ်လုပ်မှုကို ကာကွယ်ရန် သကြားတင်ပို့မှုခွဲတမ်းကို ထက်နီးပါးလျှော့ချကာ ခွင့်ပြုခဲ့သလို သကြားတင်ပို့မှု အကောက်ခွန် ကိုလည်း ၉၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့ကြောင်း သတင်းများပေါ်ထွက်လျက်ရှိသည်။

မြန်မာသည် တရုတ်ပြည်သို့ သကြားတင်ပို့နေရာ ပြည်တွင်းထုတ် သကြားများကိုသာမက ထိုင်း၊ အိန္ဒိယ စသည်တို့မှလည်း မြန်မာကုန်သယ်များက မှာယူတင်သွင်းသည်။

တရုတ်နိုင်ငံသည် မြန်မာမှ သကြားတင်ပို့ခြင်းသာမက မြန်မာနိုင်ငံရှိ ကြံထွက်ရာ ဒေသများတွင် သကြားစက်များ တည်ထောင်ကာ ထုတ်ယူပြီး ဝယ်ယူသည်။

ထိုသို့ ထိုင်သကြား မြန်မာသို့ တင်သွင်းမှု ကျဆင်းသော်လည်း စိုက်ပျိုးရေးနှင့် တခြားသော ထွက်ကုန်များ တင်သွင်းမှု စုစုပေါင်းမှာမူ လက်ရှိတွင် ဘတ်ငွေ ၁.၆၁သန်း ရှိသဖြင့် ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၀ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု သိရသည်။

ထိုင်းမှ မြန်မာသို့ တင်ပို့သည့် ကုန်စည်များမှာ မော်တော်ဆိုင်ကယ်များ၊ အားဖြည့်အချိုရည်များ၊ လောင်စာဆီ၊ မိုဘိုင်းလ် ဖုန်းနှင့်သကြား၊ ဝက်၊ ကြက်တို့ဖြစ်ပြီး မြန်မာနိုင်ငံမှ ထိုင်းသို့ ပြန်လည်တင်သွင်းသည့်အဓိကကုန်စည်များမှာ မြေပဲ၊ နွားနှင့်သတ္တုများ ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading