စီးပွားရေး

၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်အတွက် အလုံးစုံမော်တော်ယာဉ် အာမခံလျော်ကြေး သိန်း ၄၀၀၀ ကျော်ပေးလျော်ခဲ့

Want create site? Find Free WordPress Themes and plugins.

၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာ့အာမခံလုပ်ငန်းမှ အာမခံလုပ်ငန်း ၁၂ ခုအတွက် လျော်ကြေး ငွေကျပ် သန်းနှစ် ထောင်ကျော် ပေးချေခဲ့ပြီး မော်တော် ယာဉ်အလုံးစုံအာမခံအတွက် လျော်ကြေးငွေ ကျပ်သိန်း ၄၄၀၀ ကျော် ပေးအပ်ခဲ့ ရသဖြင့် လျော်ကြေးအများဆုံးပေးရသည့် အာမခံဖြစ်လာကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။

“အာမခံအနေနဲ့ ကိုယ့်ဆီမှာထားတဲ့ အလုံးစုံ မော်တော်ယာဉ် အာမခံထားတဲ့ကားတွေကို အာမခံလုပ်ငန်း အနေနဲ့ကတော့ ပေးလျော်နေပါတယ်၊ ကျမတို့ မြန်မာ့အာမခံ လုပ်ငန်းကနေ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်အတွင်းမှာ မော်တော်ယာဉ်တွေအတွက် အာမခံထားတဲ့ အလုံးစုံ မော်တော်ယာဉ် အာမခံလျော်ကြေးအဖြစ် ကျပ်သိန်းပေါင်း ၄၄၀၂ကျော် ကို ပေးလျော်ခဲ့ပါတယ်၊ ကျန်တဲ့အာမခံတွေ အတွက်လည်း ဆက်လက်လုပ်ဆောင်နေပါတယ်”ဟု မြန်မာ့အာမခံ လုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးက ပြောသည်။

အလုံးစုံမော်တော်ယာဉ် အာမခံလျော်ကြေး ပေးအပ်မှုအဖြစ် မော်တော်ယာဉ် ၃၀၇ စီးအတွက် လျော်ကြေးငွေ ကျပ်သိန်း ၄၄၀၂သိန်းကျော်၊ အသက်အာမခံ ဝယ်ယူထားသူများ အနက် သေဆုံးသူ သဘောၤသားနှစ်ဦးအတွက် အာမခံ လျော် ကြေး ကျပ်သိန်း ၁၀၀ အား သက်ဆိုင်သူများထံ ပေးအပ်ခဲ့ကြောင်း၊ အထူးခရီးသွားအာမခံအတွက် လျော်ကြေးငွေ ကျပ် ၁၁ သန်းကျော် ပေးချေခဲ့ကြောင်း သိရသည်။

မြန်မာ့အာမခံလုပ်ငန်းအနေဖြင့် အာမခံလုပ်ငန်း ၁၂ မျိုး ရှိရာ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်း အာမခံ လျော်ကြေးတောင်းခံမှုအနေဖြင့် မီးအာမခံမှ တောင်းခံမှု ၄၃ ခု ၊ ရေကြောင်းကုန်ပစ္စည်းအာမခံမှ တောင်းခံမှု ၁၈ ခု၊ မော်တော်ယာဉ်အလုံးစုံအာမခံမှ တောင်းခံမှု ၂၁၆ ခုတို့ဖြစ်ကာ လျော်ကြေးငွေ အများဆုံးပေးရမှု အာမခံမှုမှာ မီးအာမခံ အ မျိုးအစား ဖြစ်ကြောင်း သိရသည်။

“အာမခံလုပ်ငန်းတွေထဲမှာ အလုံးစုံမော်တော်ယာဉ် အာမခံထားရှိမှုက အများဆုံးပဲ၊ အခုနောက်ပိုင်း ထားရှိမှုလည်း များလာတယ်၊ လျော်ကြေးတောင်းခံမှု များလာတော့ လျော်ကြေး ပေးရတာလည်း အများဆုံးပဲ၊ လျော်ကြေးပေးရတာ များတာက နိုင်ငံအတွင်းမှာ ကားတွေ အက်ဆီးဒင့် ဖြစ်တာ အများဆုံးဖြစ်လာတာကြောင့်ပါ၊ အခုဆိုရင် မော်တော်ယာဉ်တွေအတွက် ထုတ်ပြန်ပေးထားတဲ့အထဲမှာ လုပ်ငန်းလုပ်မယ့်ကားတွေဆိုရင် GPS တပ်ရမယ်၊ အလုံးစုံ အာမခံထားပြီးမှ လိုင်စင် ထုတ်ပေးမယ်ဆိုတာမျိုးတွေ ပါရှိလာတော့ မထားမနေရ ပုံစံမျိုးဖြစ်လာတော့ ထားရှိလာကြတာ ပိုများလာတဲ့သဘောပါ”ဟု အာမခံဆောင်းပါးများ ရေးသားနေသူ ကိုမျိုး(အာမခံ)က သုံးသပ်သည်။

မြန်မာ့အာမခံလုပ်ငန်းမှ လုပ်ကိုင်နေသည့် အာမခံလုပ်ငန်း ၁၂ အနက် Insurance ၇ မျိုးအဖြစ် အလုံးစုံ မော်တော်ယာဉ် အာမခံ၊ မီးနှင့် သဘာဝဘေးအန္တရာယ် အာမခံ၊ ကုန်စည်ပို့ဆောင်ရေး အာမခံ၊ အထူးခရီးသွား အာမခံ၊ ငွေသားလုံခြုံမှုှု အာမခံ၊ ငွေပို့ငွေသယ် အာမခံ၊ သမာဓိ အာမခံ၊ Life Insurance ၅ မျိုးအဖြစ် ပြည်သူပြည်သားအသက် အာမခံ၊ စုပေါင်းအသက် အာမခံ၊ ကျန်းမာရေး အာမခံ၊ အားကစားသမား ကိုယ်အင်္ဂါထိခိုက်မှု အာမခံ၊ မြွေအန္တရာယ် အာမခံတို့ဖြစ် ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading