စီးပွားရေး

ကုက္ကိုင်းရေလှောင်ကန် ဘေးကင်းရေးအတွက် ဇေကမ္ဘာကုမ္ပဏီ၏ အစီအမံ YCDC ခွင့်ပြု

Want create site? Find Free WordPress Themes and plugins.

ဇေကမ္ဘာ ကုမ္မဏီ မှ ဆောင်ရွက်နေသည့် မြရိပ်ညို စီမံကိန်းလုပ်ငန်းခွင်နှင့် ကပ်လျှက်ရှိသော ရေပေးဝေရေး ကုက္ကိုင်း ရေလှောင်ကန် ဘေးကင်းရေး အတွက် အဆိုပါ ကုမ္မဏီမှ အဆိုပြုထားသော ဘေးကင်းရေး အစီအမံများကို အကောင် အထည်ဖေါ်ရန် ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ (YCDC) က ခွင့်ပြုလိုက်သည်။

အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့် ကုန်ကျနိုင်သော ထိုစီမံကိန်းကြောင့် သက်တမ်း ၉၂ နှစ်ရှိပြီဖြစ်သော ရေလှောင်ကန်ကြီးတွင် ဖြစ်ပေါ်လာနိုင်သည့် အပျက် အဆီးများကို ကြိုတင်ကာကွယ်သည့် အနေဖြင့် ရေတားရန် water seal များအသုံးပြုပြီး ဘိုးလ်ပိုင်များရိုက်ရန် YCDC က မြရိပ်ညိုရွိုင်ရယ် စီမံကိန်း အကောင် အထည်ဖေါ်သူ ဇေကမ္ဘာကုမ္ပဏီကို ဧပြီလ ၆ ရက်နေ့က ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

ထိုလုံခြုံရေး အစီအမံကို သက်ဆိုင်ရာ အင်ဂျင်နီယာများ လက်မှတ်ရေးထိုးပြီး ဇေကမ္ဘာကုမ္ပဏီက တင်ပြပြီးသည့်နောက် ဧပြီလ ၆ ရက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအစည်း အဝေး ဆုံးဖြတ်ချက်အရ ခွင့်ပြုလိုက်ခြင်းလည်းဖြစ်သည်။

ကုက္ကိုင်းရေလှောင်ကန် အနီးက မြရိပ်ညိုစီမံကိန်း / ဧရာဝတီ

ထိုခွင့်ပြုချက်အရ ပတ်ဝန်းကျင်ရပ်ကွက် အတွင်း မြေပြိုမကျစေရန် မြေထိန်းနံရံတခုကို ဦးစွာတည်ဆောက်ရမည် ဖြစ်ပြီး ထို့နောက်တွင် မှ လုပ်ငန်းခွင်သုံး ရုံးခန်း သုံးထပ်အဆောက် အဦးတစ်လုံး တည်ဆောက် ရမည်ဖြစ်သည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဒေါ်မေမေသွယ်က ဧပြီလ ၉ ရက်နေ့တွင် ဧရာဝတီ သတင်းဌာနသို့ပြောသည်။

ဒေါ်မေမေသွယ်လက “သူတို့အဆိုပြုထားတဲ့ ရေလှောင်ကန်လုံခြုံရေး အစီအမံတွေ ဆောင်ရွက်ဖို့၊ ရုံးခန်းအဆောက် အအုံနဲ့ မြေတားနံရံ ဆောက်ဖို့ အတွက်ကိုပဲ ခွင့်ပြုတာ။ တခြားဘာမှမပါဘူး” ဟု သူရှင်းပြသည်။

၂၀၂၀ ပြည်နှစ်တွင် ပြီးစီးရန်ရည် မှန်းထားသော မြရိပ်ညို ရွိုင်ရယ်စီမံကိန်းသည် ကနဦးအဆင့်များ စတင်နေပြီဖြစ်ကာ ထိုစီမံကိန်းတွင် အမြင့်ပေ ၃၈၂ ပေ မှ ၄၁၂ ပေအထိ ရှိသော အဆောက်အအုံ ၁၂ လုံးပါဝင်သည်။ ထိုစီမံကိန်း၏ ၁၃ ဧက ကျယ်သော မြေကွက်အစွန်တွင် ရန်ကုန်မြို့တွင်း ၁၆ မြို့နယ်ကို ရေပေးဝေနေသော ရေလှောင်ကန်ကြီးရှိနေသည်။

ထိုဆောက်လုပ်ရေး လုပ်ငန်းခွင် အနီးတွင်နေထိုင်သူများက ထိုဂါလံ သန်း ၂၀ ဆံ့ ရေလှောင်ကန်ကြီး ပျက်စီးပြီး ၎င်းတို့၏ ရပ်ကွက်ရေလွှမ်းမိုးခံရပြီး မြို့တွင်းတွင် ရေပြတ်လပ်မည်ကို စိုးရိမ်ပြီး စီမံကိန်းကို ဆန့်ကျင်နေကြသည်။

ကုက္ကိုင်းရေလှောင်ကန် အနီးက မြရိပ်ညိုစီမံကိန်း / ဧရာဝတီ

မြို့တော်စည်ပင်သည် ထိုစီမံကိန်းကို မတ်လတွင် ဆိုင်းငံ့ခဲ့ပြီးနောက် လွန်ခဲ့သော အပါတ်က ပတ်ဝန်းကျင်ရပ်ကွက်၏ ပူပန်မှုအကြောင်း ဧရာဝတီ သတင်းဌာန အပါအဝင် မီဒီယာသတင်းဖေါ်ပြချက်များကြောင့် တိုင်းအစိုးရ က ရေလှောင်ကန်လုံခြုံရေး အစီအမံများပြီးစီးသည်အထိ ထပ်မံဆိုင်းငံ့ခဲ့သည်။

ရန်ကုန်မြို့၏ အချက်အခြာ ဗဟန်းမြို့နယ်တွင် တည်ရှိပြီး ယခင်မြရိပ်ညိုဟိုတယ်ကို အစွဲပြုအမည်ပေးထားသော ထိုစီမံကိန်းကို မြန်မာနိုင်ငံ၏ အကြီးဆုံး ဆောက်လုပ်ရေး လုပ်ငန်းများအနက် တခုဖြစ်သော ဇေကမ္ဘာကုမ္ပဏီ ဥက္ကဋ္ဌ လုပ်ငန်းရှင် သူဌေးကြီး ဦးခင်ရွှေက စီမံခန့်ခွဲသည်။ ထိုစီမံကိန်း၏ ကန်ထရိုက်တာမှာ တရုတ်နိုင်ငံ ဆောက်လုပ်ရေး အင်ဂျင်နီယာ ကော်ပိုရေးရှင်း – CSCEC ဖြစ်သည်။

တချိန်က သစ်ပင်များဖြင့် ဖုံလွှမ်းနေသော ထိုရပ်ကွက်သည် ဗြိတိသျှ ကိုလိုနီခေတ် က Mount Pleasant ဟု ကျော်ကြားခဲ့သည်။ သမိုင်းအမွေ အနှစ်စာရင်းဝင် မြို့တော်ဝန်၏ အိမ်တော်နှင့် ဧည့်ဂေဟာအပါအဝင် Chartered Bank ၏ မန်နေဂျာ၏ နေအိမ်များထိုနေရာတွင်ရှိသည်။

သို့သော် ထိုမြို့တော်ဝန်၏ နေအိမ်မှာ ဖေဖေါ်ဝါရီလက စီမံကိန်းလုပ်ငန်းခွင်အတွက်မြေရှင်းလင်းစဉ် ဖြိုချခံခဲ့ရသည်။

ဆက်စပ်ဖတ်ရှုရန်ကုက္ကိုင်း ရေလှောင်ကန် အနီးက ခွင့်ပြုချက်မဲ့ မြရိပ်ညို စီမံကိန်း

ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော YCDC Approves Reservoir Safety Plan for Controversial Mega Project ကို ဘာသာပြန်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading