စီးပွားရေး

Alibaba သူဌေးဂျက်မ အွန်လိုင်းမှ ထိုင်းဒူးရင်းသီး ၈သောင်းကို တမိနစ်အတွင်း ရောင်းပြ

Want create site? Find Free WordPress Themes and plugins.

E- commerce လုပ်ငန်းတခုဖြစ်တဲ့ နာမည်ကျော် Alibaba သူဌေး ဂျက်မဟာ ၎င်းရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်မှာ T-mall လို့ အမည်ရတဲ့ အွန်လိုင်းကနေ ထိုင်းနိုင်ငံထွက် ရွှေခေါင်းအုံး ဒူးရင်းသီးများကို တမိနစ်အတွင်းမှာ အလုံးပေါင်း ၈သောင်း ရောင်းချပြလိုက် ပါတယ်။

Alibaba သူဌေး ဂျက်မဟာ ရင်းနှီးမြုပ်နှံမှု ပြုလုပ်ဖို့ ထိုင်းနိုင်ငံကို ရောက်ရှိနေတာဖြစ်ပြီး၊ ထိုင်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ် ရေးဝန်ကြီး ဆွန်တီရတ် ဆွန်ထိ ဂျီရာဝမ်နဲ့ ပြီးခဲ့တဲ့ ကြာသာပတေး နေ့က တွေ့ဆုံခဲ့ပါတယ်။

ထိုသို့တွေ့ဆုံစဉ်မှာလည်း ထိုင်းစီးပွား/ကူးသန်းဝန်ကြီးက အလီဘာဘာသူဌေး ဂျက်မကို ထိုင်းနိုင်ငံ ထွက် ရွှေခေါင်းအုံး လတ်လတ်ဆတ်ဆတ် တလုံးကို လက်ဆောင်ပေးခဲ့ပြီး၊ Alibaba အနေနဲ့ အမေရိကန်ဒေါ်လာ ၄၂၈သန်း(ထိုင်းဘတ်ငွေ ၁၃.၄ဘီလျံ) တန်ဖိုးရှိ ထိုင်းဒူးရင်းသီးတွေကို ကိုယ်စားလှယ်ယူကာ ရောင်းချပေးဖို့ စာချုပ်ချုပ်ဆိုထားပြီး ဖြစ်ကြောင်း ဆင်ဟွာသတင်းက ဆိုပါတယ်။

ထိုင်းနိုင်ငံရဲ့ အကျော်ကြားဆုံး ပို့ကုန် ရွှေခေါင်းအုံးဒူးရင်းသီးဟာ Alibaba သူဌေး ဂျက်မနဲ့ ထိုင်း စီးပွား/ကူးသန်း ဝန်ကြီးဌာနတို့ နားလည်မှု စာချွန်လွှာ လက်မှတ်မထိုးမီကပင် Alibaba အွန်လိုင်း က ဒူးရင်းသီး အလုံးပေါင်း ၈သောင်း ရောင်းချနှင့်ပြီးဖြစ်ပါတယ်။

တရုတ် E-commerce ဘီလူးကြီး Alibaba ဟာ တရုတ်စားသုံးသူများကို ထိုင်းမှ စိုက်ပျိုးထွက်ကုန် များနှင့် ခရီးသွား ဈေးကွက်စိတ်ဝင်စားလာစေရန် ပစ်မှတ်ထားလုပ်ကိုင်နေတာဖြစ်ပါတယ်။

ထိုင်း စီးပွား/ကူးသန်းဝန်ကြီးဌာနနဲ့ Alibaba ကုမ္ပဏီတို့ စာချုပ်ချုပ်တဲ့ အခမ်းအနားမှာ ထိုင်းနိုင်ငံအလံကို T-mall အွန်လိုင်းစတိုးမှာ ပထမဆုံး တရားဝင် လွှင်ထူလိုက်ပါတယ်၊ T-mall အွန်လိုင်းဟာ အမှတ်တံဆိပ်နဲ့ လက်လီရောင်းချသူ တွေရဲ့ ကမ္ဘာ့အကြီးဆုံး Third Party စင်မြင့်ဖြစ်ပြီး၊ ထိုင်း သီးနှံတွေကို တရုတ်နိုင်ငံမှာ ပိုမိုလူကြိုက်များအောင် မောင်းနှင် ပေးနေတာဖြစ်ပါတယ်။

Alibaba ကလည်း ထိုင်းစိုက်ပျိုးရေး လုပ်ငန်းထွက်ကုန်တွေကို တရုတ်ဈေးကွက်ထဲ အရောက်ပို့ ပေးရေးအတွက် စွမ်းအားရှိ သမျှ လုပ်ဆောင်မယ်လို့ ကတိကဝတ်ပြုခဲ့တယ်လို့ သိရပါတယ်။

Alibaba သူဌေး ဂျက်မကလည်း “တရုတ် လူလတ်တန်းစား သန်း ၃၀၀ခန့်ဟာ ဝင်ငွေတိုးလာတာ နဲ့အမျှ ဖွံ့ဖြိုးလာတဲ့ အတွက် တရုတ်ဟာ ကမ္ဘာ့အကြီးဆုံး စားသုံးသူ လမ်းကြောင်းကို ရောက်နေ ပြီဖြစ်ပြီး၊ ဒီအခွင့်အလမ်းကို အသုံးချဖို့က ကုန်သွယ်ရေးအလေးထားတဲ့တိုင်းပြည်တွေအတွက် ဒီအချိန်ထက်ကောင်းတဲ့ အချိန်မရှိတော့ပါဘူး။ တရုတ်ဟာ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးအတွက် တံခါးကို ပိုပြီးကျယ်ကျယ် ဖွင့်ထားပေးနေပါတယ်” ဟု လို့ ပြောကြားသွားပါတယ်။

တရုတ်သူဌေး ဂျက်မဟာ ထိုင်းနိုင်ငံကို ကြိမ်ဖန်များစွာ လာရောက်သူဖြစ်သလို၊ ဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာနဲ့လည်း တရုတ်နိုင်ငံ ဟန်ကျိုးမြို့မှာ ပြုလုပ်တဲ့ G-20 ထိပ်သီးအစည်းအဝေးမှာ တွေ့ဆုံဖူးပါတယ်။

အဲဒီတုန်းကတည်းက ထိုင်း စိုက်ပျိုးရေး ထွက်ကုန်တွေဖြစ်တဲ့ စားအုန်းဆီ၊ ဆန်နဲ့ ရာဘာကုန်ကြမ်း များကို Alibaba E-eommerce နဲ့ ဆက်စပ်တဲ့ နယ်ပယ်တွေက ဒစ်ဂျစ်တယ် ခေတ်မီနည်းသုံးပြီး အရောင်းမြှင့်တင်ဖို့ ဝန်ကြီးချုပ် ပရာယွဒ် က သူ့ကို မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading