• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

တိုက်ပွဲများကြောင့် မူဆယ်နယ်စပ်ကုန်သွယ်ရေးနှောင့်နှေးစေဟု လုပ်ငန်းရှင်များဆို

by မြတ်ပြည့်ဖြိုး
14 May 2018
in စီးပွားရေး
A A
မူဆယ်မြို့ / ဧရာဝတီ

မူဆယ်မြို့ / ဧရာဝတီ

5.6k
VIEWS
Share on FacebookShare on Twitter

မူဆယ်မြို့နယ်ရှိ ပန်ခမ်းတံတားအနီး ပြီးခဲ့သည့်စနေမှစ၍ တိုက်ပွဲများဖြစ်ပွားများကြောင့် နယ်စပ်ကုန်သွယ်မှု လုပ်ငန်းများနှောင့်နှေးသွားကြောင်း မူဆယ်-မန္တလေးကုန်သွယ်ရေးလုပ်ငန်းရှင်များက ဧရာဝတီကို ပြောသည်။

“တိုက်ပွဲတွေဖြစ်နေတော့ တရုတ်ဝယ်လက်တွေလည်းကကြောက်ပြီး လာသင့်သလောက် မလာကြတော့ အရောင်းအဝယ်အေးသွားသလို ကုန်စည်စီးဆင်းမှုကို ၈၀ ရာခိုင်နှုန်းလောက် လျော့သွားတယ်” ဟု မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ ခွာညိုသစ်သီးပွဲရုံမှ အထွေထွေမန်နေဂျာ ကိုစိုင်းမင်းသူနိုင်က ဧရာဝတီကို ပြော သည်။

RelatedPosts

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
932
ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

13 May 2025
1.7k
တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

11 May 2025
1.7k

မေလ ၁၂ ရက် နံနက်ပိုင်းမှ စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် မူဆယ်ကုန်သွယ်ရေးဇုန်သို့ ပုံမှန် ဝင်သည့်ကုန်စည်အရေအတွက်နှင့် ကားအရေအတွက်လည်း ပျမ်းမျှ ၃ပုံ၂ ပုံနီးပါး နည်းသွားပြီး တိုက်ပွဲ အခြေအနေကို စောင့်ကြည့်ကာ ကုန်စည်တင်ပို့နေရကြောင်း အဆိုပါလုပ်ငန်းရှင်များက ပြောသည်။

“တိုက်ပွဲအခြေအနေအရ သွားရဲတဲ့ကားသမားတွေကတော့ သွားကြသလို မသွားရဲတဲ့သူတွေကတော့ ခဏ နားပြီး စောင့်ကြည့်နေရတယ်။ သူတို့တွေ ပစ်ခတ်နေကြတာကလည်း ကားကြီးသွားတဲ့ လမ်းဘေးဆိုတော့ လုံခြုံမှုက ဘယ်လိုမှမရှိနိုင်ဘူး” ဟု စောရန်နိုင် မန္တလေး-မူဆယ် ကုန်စည်ပို့ဆောင်ရေးမှ ဂိတ်မှုးကိုဇော်မြင့်ဦး က ဧရာဝတီကိုပြောသည်။

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာန ကုန်သွယ်မှု မြင့်တင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းကမူ အခု ရက်ပိုင်းအတွင်း တရုတ်- မြန်မာ နယ်စပ်မြို့ ဖြစ်သော မူဆယ်၌ ပစ်ခတ်မှုများ ဖြစ်ပွား၍ နယ်မြေ မငြိမ်းချမ်းသော် လည်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်းမှာ ပုံမှန် လည်ပတ်လျက်ရှိကြောင်း ပြောပြသည်။

“မူဆယ် နယ်စပ် ကုန်သွယ်ရေးကတော့ ပုံမှန်ပဲ ဖြစ်တယ်။ နေ့စဉ် အမေရိကန် ဒေါ်လာ ဆယ်သန်းကနေ ဆယ့်ငါးသန်း လောက်အထိ ကုန်သွယ်မှု ပမာဏ ရှိပါတယ်။ ဒီဘက်က သွားတာတော့ အဓိက လယ်ယာ ထွက်ကုန်တွေဖြစ်တယ်” ဟု ၎င်းက ဧရာဝတီသို့ပြောသည်။

ယခုရာသီသည် မန္တလေးမှ မူဆယ်နယ်စပ်သို့ သရက်၊ သကြား၊ ပဲတီစိမ်း အများဆုံးတင်ပို့လျက်ရှိရာ တိုက်ပွဲ မဖြစ်ခင်ကာလက တရက်လျှင် ၂၂ ဘီးတွဲကားအစီးရေ ၁၀ စီးပျမ်းမျှထွက်သည့် ကုန်စည်ဂိတ်များက ယခုတိုက်ပွဲကာလတွင် ၃၊ ၄ စီးသာတင်ပို့နိုင်ကြောင်း မန်း-မူဆယ်ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။

သို့သော် တိုက်ပွဲများကြောင့် ယနေ့အထိ ကုန်တန်ဆာခ ဈေးတက်ခြင်းမရှိသေးဘဲ သကြား၊ ဆန်၊ ပဲ တပိသာ လျှင် အတက်ကုန် ၇၅ ကျပ်၊ အဆင်းကုန် ၃၅ ကျပ်ဖြင့် တင်ပို့ရပြီး သရက်တခြင်းလျှင် တန်ဆာခ ၁၁၀၀ မှ ၁၅၀၀ ကျပ် ရှိကြောင်း သိရသည်။

“တိုက်ပွဲက ရောင်းတဲ့ကွင်းနားမှာ မဟုတ်တော့ သိပ်တော့ အကြပ်အတည်း မဖြစ်သေးပါဘူး။ ဒါပေမဲ့ တိုက်ပွဲက ရက်ကြာ မယ်ဆိုရင်တော့ အသီးတွေ ထပ်မခူးသေးဘဲ ရက်ပိုင်းလောက်စောင့်ကြည့်ရမယ်ထင်တယ်” ဟု တံတားဦးမှ သရက်တောင်သူ ကိုခိုင်ဇော်က ဧရာဝတီကို ပြောသည်။

လက်ရှိ မူဆယ်နယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ၁ ရက်လျှင် မူဆယ် ဆန်ကုန်စည်ဒိုင်သို့ ဆန်အိတ်ရေ ၄ သောင်းမှ ၅ သောင်းကြား ဝင်ရောက်လျက်ရှိပြီး အိတ်ရေ ၃ သောင်းမှ ၄ သောင်းကြား ပြန်လည် ရောင်းချရကြောင်း မူဆယ် ဆန်ကုန် စည်ဒိုင် ဒုတိယ ဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောသည်။

“ဒါပေမယ့် ပြီးခဲ့တပတ်ကထက်တော့ ဆန် ၁ အိတ်ကို တရုတ်ငွေ ၂ ယွမ်၊ မြန်မာငွေနဲ့ ဆိုရင် ကျပ် ၄၀၀ ကျော်လောက် တော့ ဈေးကျသွားတယ်။ မနေ့ကအထိတော့ ကုန်သည်တွေက သိပ်မထွက်ရဲဘူးပေါ့။ ဒီနေ့တော့ စုံသွားပါပြီ” ဟု ၎င်းက ပြောသည်။

မန္တလေး-မူဆယ်ကုန်သွယ်မှုပြုလုပ်နေသည့် လုပ်ငန်းရှင်များက မူဆယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နယ်စပ်ကုန်စည်ပို့ဆောင်ရေးကို အဟန့်အတားဖြစ်စေသည်ဟု ဆိုကြသော်လည်း တိုက်ပွဲများကြောင့် ကုန်သွယ်ရေးအပေါ် ထူးခြားသည့်သက်ရောက်မှုမရှိသေးကြောင်း မူဆယ်နယ်စပ်ကုန်သွယ်ရေး စခန်းမှ တာဝန်ရှိသူတဦးက ပြောဆိုသည်
အဆိုပါကုန်သွယ်ရေးဇုန်တွင် လက်ရှိ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အတွက် မူဆယ် ကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ ပို့ကုန် ၄၁၂၇ သန်း၊ သွင်းကုန် ၁၆၉၅ သန်း ရှိပြီး ကုန်သွယ်မှု ပမာဏ စုစုပေါင်း အနေနှင့် ဒေါ်လာ ၅၈၂၂ သန်းခန့် ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများအရ သိရသည်။

ယခု ဘဏ္ဍာနှစ် အတွက် နယ်စပ် ကုန်သွယ်ရေး တခုလုံးမှ ရရှိသော ဝင်ငွေ အမေရိကန် ဒေါ်လာ ၈၅၀၂ သန်း အနက် ၅၈၂၂ သန်းမှာ ၁၀၅ မိုင်စခန်းမှ ရရှိခြင်း ဖြစ်သည်။

မေလ ၁၂ ရက် နံနက်ပိုင်းမှ စ၍ မူဆယ်မြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့် တအောင်းပလောင် အမျိုးသား လွတ်မြောက် ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲများဖြစ်ပွားခဲ့ရာ အဆိုပါ တိုက်ခိုက်မှုကြောင့် အရပ်သား ၁၉ ဦးသေဆုံးပြီး ၃၀ နီးပါးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Your Thoughts …
Tags: တိုက်ပွဲမူဆယ် နယ်စပ် ကုန်သွယ်ရေးဇုန်
မြတ်ပြည့်ဖြိုး

မြတ်ပြည့်ဖြိုး

ဧရာဝတီ

Similar Picks:

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

by ဧရာဝတီ
17 November 2023
23.6k

စစ်ဘက်မှ အရပ်ဘက်ဝန်ကြီးဌာနသို့ ပြောင်းလဲခန့်အပ် တာဝန်ပေးခံရသည့် ဆရာဝန်များမှာ လက်ရှိ စစ်ခေါင်းဆောင် အသိုင်းအဝိုင်းနှင့် ပတ်သက် ဆက်နွှယ်သူများ ဖြစ်သည်

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

by ဧရာဝတီ
27 August 2023
20.8k

တကယ်တော့ ၁၉၄၈နဲ့ ၁၉၇၅ ခုနှစ်ကြားကာလတွေ ပြန်ကြည့်ရင် ဒီဒေသတွေဟာ ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ ကရင့်တော်လှန်ရေးသမားတွေ အားကောင်းခဲ့တဲ့ ဒေသတွေ ဖြစ်လို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရဟာ တပ်မ ၇၇ လို ခြေမြန်တပ်မကြီးတွေကို အထူးဖွဲ့စည်းပြီး ပဲခူးရိုးမ...

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

by ဧရာဝတီ
9 April 2024
15.4k

ကရင်နယ်ခြားစောင့်တပ် (BGF) ပြောခွင့်ရ ဗိုလ်မှူး နိုင်မောင်ဇော်ကို ဧရာဝတီက ယနေ့ ညနေ ၅ နာရီခန့်တွင် ဆက်သွယ်မေးမြန်းထားပါသည်။

မယ်စဲ့မြို့ကို ကျနော်တို့ ထိန်းထားနိုင်ပါပြီ

မယ်စဲ့မြို့ကို ကျနော်တို့ ထိန်းထားနိုင်ပါပြီ

by ဧရာဝတီ
5 August 2023
11.5k

ကျနော်တို့အဖွဲ့စည်းဟာ စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်မည့် မည်သည့်အဖွဲ့ နဲ့မဆို ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်

အရှိန်မြင့်လာဖွယ်ရှိတဲ့ မန္တလေး PDF ရဲ့ ကနောင်စစ်ဆင်ရေး

အရှိန်မြင့်လာဖွယ်ရှိတဲ့ မန္တလေး PDF ရဲ့ ကနောင်စစ်ဆင်ရေး

by စောရယ်
29 September 2023
11.1k

ကနောင်စစ်ဆင်ရေးအရ မန္တလေးတိုင်း မတ္တရာ၊ ပြင်ဦးလွင်၊ မိုးကုတ်နှင့် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် ကြားတွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်သည့် တိုက်ပွဲများ ဖော်ဆောင်သွားမည်

စစ်တိုင်းမှူးအချို့ အပြောင်းအလဲလုပ်

စစ်တိုင်းမှူးအချို့ အပြောင်းအလဲလုပ်

by ဧရာဝတီ
23 March 2024
10.4k

တိုက်ပွဲများတွင် ရှုံးနိမ့်နေသော ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အခြေစိုက် စစ်တိုင်းမှူးများ မကြာသေးခင်ရက်ပိုင်း၌ ရာထူးမှဖယ်ရှားခံလိုက်ရကြောင်း ဧရာဝတီသတင်းရင်းမြစ်များထံမှ သိရသည်။

Next Post
ယနေ့ ရုံးထုတ်တွင် သပိတ်မှောက်ခဲ့သည့် ကိုသန်းထိုက်နှင့် ကိုနှင်းအောင်  / ဇော်ဇော် / ဧရာဝတီ

ငြိမ်းချမ်းရေး လှုပ်ရှားမှုကြောင့် ဖမ်းဆီးခံရသူ ၂ ဦး တရားရုံးကိုသပိတ်မှောက်

၂၀၁၈ ခုနှစ် မတ်လအတွင်း NVC ကတ်ထုတ်ပေးရေးလုပ်ငန်းစဉ်ကို လဝကအရာရှိ ဦးကိုကိုသော်က ရှင်းပြစဉ် / မိုးမြင့်

NVC ကတ်အကြောင်း သဘောထား အမျိုးမျိုး ကွဲနေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

7 days ago
7.5k

Most Read

  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate