• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

တားမြစ်ထားသည့် မြရိပ်ညို စီမံကိန်း ၂၀၂၀ တွင် အပြီးဆောက်မည် ဟုဆို

by မျိုးပပစန်း
1 June 2018
in စီးပွားရေး
A A
ကုက္ကိုင်းရေကူးကန် အနီးက မြရိပ်ညို Mix- Used စီမံကိန်း  / မျိုးမင်းစိုး / ဧရာဝတီ

ကုက္ကိုင်းရေကူးကန် အနီးက မြရိပ်ညို Mix- Used စီမံကိန်း / မျိုးမင်းစိုး / ဧရာဝတီ

13.4k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဆိုင်းငံ့ထားရန် ညွှန်ကြားထားသော ဗဟန်းမြို့နယ် မြရိပ်ညို ဟိုတယ်ဝင်း အတွင်းရှိ မြရိပ်ညို Mix-Used စီမံကိန်းကို တရုတ်နည်းပညာဖြင့် ၂၀၂၀ ပြည့်နှစ်တွင် အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်း ဇေကမ္ဘာ ကုမ္ပဏီဥက္ကဋ္ဌ ဦးခင်ရွှေက ဧရာဝတီသို့  ပြောသည်။

ဦးခင်ရွှေ က “၂၀၂၀ မှာ ပြီးအောင် ကြိုးစားကြည့်မယ်။ တရုတ်ရဲ့ တလကို ၆ ထပ်လောက် ပြီးအောင်ဆောက်နိုင်တဲ့ နည်းပညာတော့ ရှိတယ်။ အခု ဆက်ဆောက်နေပြီ။ ဘေးက ဘာပြောပြော ဘာမှ လုပ်စရာမလိုတော့ဘူး။ ပြီးသွားပြီ ကိုယ့်ဝင်းထဲမှာ ကိုယ့်ပရောဂျက် ဆောက်တာပဲ ဘာပြဿနာရှိလို့လဲ။ ရေကန်ကြီးကို လာအကြောင်းပြနေတယ်” ဟု ပြောသည်။

RelatedPosts

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

19 May 2025
1.7k
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
1.2k
ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

13 May 2025
2.4k

အမေရိကန်ဒေါ်လာ သန်း ၅၀၀ အကုန်အကျခံ တည်ဆောက်မည့် မြရိပ်ညို အထပ်မြင့် စီမံကိန်းအား အနီးရှိ သက်တမ်း ၉၂ နှစ်ရှိသော ကုက္ကိုင်း ရေလှောင်ကန်ကြီးအတွက် ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများကို ရန်ကုန်တိုင်းအစိုးရက အတည်ပြုပြီးသည်အထိ ဆိုင်းငံ့ထားရန် ဧပြီလ ၂ ရက်နေ့က ညွန်ကြားထားခြင်းဖြစ်သည်။

စီမံကိန်း ဆိုင်းငံ့စာရပြီး နောက်တနေ့တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဝန်ကြီးအချို့အား ရေလှောင်ကန် ဘေးကင်းရေး အတွက် ၎င်းတို့၏ အစီအမံများကို ရှင်းပြခဲ့ရာတွင် ရေလှောင်ကန် ဘေးအန္တရာယ် ကင်းရှင်းရေးကို သေချာလုပ်ဆောင်ပြီး လုံခြုံမှု ရှိသည့် အနေအထားရောက်မှ စီမံကိန်းကို ဆက်ရန် ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ပြောဆိုကြောင်း ဦးခင်ရွှေက ဧရာဝတီသို့ ပြောဆိုခဲ့သည်။

ထို့နောက် ကုက္ကိုင်း ရေလှောင်ကန်ကြီးတွင် ဖြစ်ပေါ်လာနိုင်သည့် အပျက် အဆီးများကို ကြိုတင်ကာကွယ်သည့် အနေဖြင့် ရေတားရန် water seal များအသုံးပြုပြီး ဘိုးလ်ပိုင်များရိုက်ရန် YCDC က မြရိပ်ညိုရွိုင်ရယ် စီမံကိန်း အကောင် အထည်ဖေါ်သူ ဇေကမ္ဘာကုမ္ပဏီကို ဧပြီလ ၆ ရက်နေ့က ခွင့်ပြုခဲ့ကြောင်းသိရသည်။

YCDC ကော်မတီဝင် ဒေါ်မေမေသွယ် က “သူတို့ အဆိုပြုထားတဲ့ ရေလှောင်ကန် လုံခြုံရေး အစီအမံတွေ ဆောင်ရွက်ဖို့ ရုံးခန်း အဆောက် အအုံနဲ့ မြေတားနံရံ ဆောက်ဖို့ အတွက်ကိုပဲ ခွင့်ပြုတာ။ တခြား ဘာမှ မပါဘူး” ဟု ဧပြီလအတွင်းက ဧရာဝတီ သတင်းဌာနသို့ ပြောထားသည်။

သို့သော်လည်း ယင်း မြရိပ်ညို Mix used project အထပ်မြင့် အဆောက်အဦးများကို ဇေကမ္ဘာ ကုမ္ပဏီက ကုက္ကိုင်းရေလှောင်ကန် ရေတားနံရံများ တည်ဆောက်နေသည့် တချိန်တည်းမှာဘဲ စီမံကိန်းကို တပြိုင်တည်းလုပ်ဆောင်လိုနေခြင်းဖြစ်သည်။

ဦးခင်ရွှေက “အန်ကယ်တို့ အနေနဲ့ကတော့ ဒါကိုတပြိုင်နက်တည်း လုပ်ချင်တယ်။ ဘာကြောင့်လည်းဆိုတော့ မိုးတွင်းဆို တည်ဆောက်ရေး လုပ်ငန်း လုပ်မရတော့ဘူး”ဟု ပြောသည်။

ထိုစီမံကိန်း၏ ကန်ထရိုက်တာမှာ တရုတ်နိုင်ငံ ဆောက်လုပ်ရေး အင်ဂျင်နီယာ ကော်ပိုရေးရှင်း – CSCEC ဖြစ်သည်။

အဆိုပါ စီမံကိန်းကို ၂၀၂၀ ခုနှစ်တွင် အပြီးတည်ဆောက်ရန် အစိုးရထံ တင်ထားပြီးသားဖြစ်ကြောင်း သို့သော်လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက မလုပ်ရန် တားမြစ်၍သာ ဆိုင်းငံ့ထားရခြင်းဖြစ်ကြောင်း၊ ထိုအခြေအနေများနှင့် ပတ်သက်၍ အတူလက်တွဲ လုပ်ကိုင်မည့် တရုတ်ကုမ္ပဏီ အနေဖြင့် စိတ်ပျက်နေကြောင်း ဦးခင်ရွှေက ပြောသည်။

“တရုတ်ကုမ္ပဏီက ကြားထဲမှာ တော်တော် စိတ်ပျက်နေပြီ” ဟု ဦးခင်ရွှေက ဆိုသည်။

ထိုစီမံကိန်းတွင် အမြင့်ပေ ၃၈၂ ပေ ၄၁၂ ပေအထိ ရှိသော အဆောက်အအုံ ၁၂ လုံးပါဝင်သည်။ ထိုစီမံကိန်း၏ ၁၃ ဧက ကျယ်သော မြေကွက် အစွန်တွင် ရန်ကုန်မြို့တွင်း ၁၆ မြို့နယ်ကို ရေပေးဝေနေသော ဂါလံ သန်း ၂၀ ဆံ့ ကုက္ကိုင်းရေလှောင်ကန် ရှိနေခြင်း ဖြစ်သည်။

ထိုစီမံကိန်းတည်ဆောက်မှုများနှင့် ပတ်သက်ပြီး အနီးပတ်ဝန်းကျင် နေထိုင်သူများကလည်း ရေလှောင်ကန် ပျက်စီးပြီး ၎င်းးတို့ ရပ်ကွက် ရေလွှမ်းမိုးခြင်း ရေပြတ်လပ်ခြင်းတို့ ကြုံတွေ့ရမည်ကို စိုးရိမ်နေကြသဖြင့် ယင်းစီမံကိန်းအား ဆန့်ကျင်နေခြင်း ဖြစ်သည်။

ယင်းစီမံကိန်းကို ၂၀၁၄ ခုနှစ်တွင် တပ်မတော်မှ တင်ဒါ ခေါ်ယူခဲ့ရာ ဇေကမ္ဘာ မှ အောင်မြင်ခဲ့ခြင်းဖြစ်ပြီး နှစ် ၅၀ နှင့် ၁၀ နှစ် ၂ ကြိမ် သက်တမ်း တိုးခွင့် ရရှိထားကြောင်း သိရသည်။

ဆက်စပ် ဖတ်ရှုရန် ကုက္ကိုင်းရေလှောင်ကန် ဘေးကင်းရေးအတွက် ဇေကမ္ဘာကုမ္ပဏီ၏ အစီအမံ YCDC ခွင့်ပြု

မြရိပ်ညို စီမံကိန်းအား ဆိုင်းငံ့ထားရန် ရန်ကုန်တိုင်းအစိုးရ ညွန်ကြား

ကုက္ကိုင်း ရေလှောင်ကန် အနီးက ခွင့်ပြုချက်မဲ့ မြရိပ်ညို စီမံကိန်း

Your Thoughts …
Tags: မြရိပ်ညို စီမံကိန်း
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

မြရိပ်ညိုစီမံကိန်းကို ဖေဖော်ဝါရီလအတွင်းက မြင်ရစဉ် / YKRST

ကုက္ကိုင်း ရေလှောင်ကန် အနီးက ခွင့်ပြုချက်မဲ့ မြရိပ်ညို စီမံကိန်း

by ကျော်ဖြိုးသာ
5 April 2018
41.9k

ဇေကမ္ဘာ ကုမ္ပဏီနှင့် တရုတ်နိုင်ငံ ဆောက်လုပ်ရေး အင်ဂျင်နီယာ ကော်ပိုရေးရှင်း (CSCEC) တို့ ပူးတွဲ တည်ဆောက်နေသော စီမံကိန်းကြောင့် အနီးရပ်ကွက်နေသူများ စိုးရိမ်ပူပန်နေကြသည်

လုပ်ငန်းများ စတင်စပြုနေသော မြရိပ်ညိုစီမံကိန်း / မျိုးမင်းစိုး

မြရိပ်ညို စီမံကိန်းအား ဆိုင်းငံ့ထားရန် ရန်ကုန်တိုင်းအစိုးရ ညွန်ကြား

by ကျော်ဖြိုးသာ
6 April 2018
14.5k

စီမံကိန်းကို ဗဟန်းမြို့နယ်ရှိ ယခင်မြရိပ်ညိုဟိုတယ်ရှိရာ ၁၃ ဧက ကျယ်သောမြေတွင် ဦးခင်ရွှေ ပိုင်ဆိုင်သည့် ဇေကမ္ဘာ ကုမ္မဏီက အကောင်အထည်ဖေါ်နေသည်။

ယခုအခါ ရပ်ဆိုင်းလိုက်ပြီဖြစ်သည့် မြရိပ်ညို အထပ်မြင့် စီမံကိန်းကို ၂၀၁၈ခု မတ်လက ဤသို့ တွေ့ရစဉ် / မျိုးမင်းစိုး / ဧရာဝတီ

မြရိပ်ညို စီမံကိန်းအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနထံ ဇေကမ္ဘာကုမ္ပဏီ အယူခံတင်ဟုဆို

by အောင်သီဟ
3 December 2019
54.9k

ဇေကမ္ဘာကုမ္ပဏီသည် ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေအရ ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ အယူခံဘုတ်အဖွဲ့ ထံသို့ နိုဝင်ဘာလ အတွင်းကတည်းပင် လာရောက်အယူခံတင်ထားပြီး ဖြစ်ကြောင်း၊ ယင်းအယူခံနှင့် ပတ်သက်ပြီး ယခုလအတွင်း တပ်မတော်နှင့် ဇေကမ္ဘာကုမ္ပဏီတို့ကို ဝန်ကြီးဌာန...

Next Post
Dark Crimes ရုပ်ရှင်မှာပါဝင်တဲ့ မင်းသား Jim Carrey

မှုခင်းဒရာမာ ဇာတ်ကားကောင်း ကြိုက်သူတွေကို ဆွဲဆောင်နိုင်မယ့် "Dark Crimes"

Chrome Browser ရဲ့နောက်ဆုံး Stable ဗားရှင်း Chrome 67

Password မလိုဘဲ Websites တွေကို Log-in ဝင်နိုင်ပြီဖြစ်တဲ့ Chrome 67

No Result
View All Result

Recommended

မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • မြန်မာ့ နှစ် ၆၀ ကျိန်စာစက်ဝန်းကို ချိုးဖျက်ခြင်း

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate