• English
Wednesday, June 18, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ကျောက်ဖြူစီမံကိန်းကို ပြန်သုံးသပ်နေဟု ဆို

by ဧရာဝတီ
4 June 2018
in စီးပွားရေး
A A
ရေနံတင်သင်္ဘောများ ဆိုက်ကပ်ရာ ကျောက်ဖြူရေနက်ဆိပ်ကမ်း / Reuters

ရေနံတင်သင်္ဘောများ ဆိုက်ကပ်ရာ ကျောက်ဖြူရေနက်ဆိပ်ကမ်း / Reuters

18.2k
VIEWS
Share on FacebookShare on Twitter

ကုန်ကျစရိတ်များလွန်းပြီး ကြွေးမြီများပြန်လည်ပေးဆပ်နိုင်ခြင်းမရှိလျှင် တရုတ်နိုင်ငံ၏ ထိန်းချုပ်မှုအောက်ရောက် ကျရောက်သွားမည်ကို စိုးရိမ်သောကြောင့် မြန်မာ အစိုးရသည် တရုတ်ကျောထောက်နောက်ခံပြု ဒေါ်လာ ၉ ဘီလီယံတန် ရေနက်ဆိပ်ကမ်း စီမံကိန်းကို ပြန်လည်သုံးသပ်နေကြောင်း Financial Times သတင်းဌာနက ရေးသားသည်။

မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်ကျောက်ဖြူတွင် တည်ဆောက်ရန် စီစဉ်ထားသော ဆိပ်ကမ်းအတွက် ကုန်ကျစရိတ်များ လျှော့ချရန် ညှိနှိုင်း နိုင်မည့်နည်းလမ်းများကို စီးပွားရေး အရာရှိများက ရှာဖွေနေသည်ဟု ဒေါ်အောင်ဆန်းစုကြည် အစိုးရအတွင်း ဆွေးနွေးမှုများကို သိရှိသူ ၂ ဦးကို ကိုးကား၍ သတင်းက ဆိုသည်။

RelatedPosts

တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

15 June 2025
1.4k
မြောက်ပိုင်းလမ်း ပြန်ပွင့်မှာလား

မြောက်ပိုင်းလမ်း ပြန်ပွင့်မှာလား

15 June 2025
1.4k
အစ္စရေးက အီရန်ကိုတိုက်ပြီးနောက် ကမ္ဘာ့ရေနံဈေးတက်

အစ္စရေးက အီရန်ကိုတိုက်ပြီးနောက် ကမ္ဘာ့ရေနံဈေးတက်

15 June 2025
1.1k

တရုတ်နိုင်ငံသည် ၎င်း၏ အနောက်တောင်ပိုင်းအတွက် မြန်မာနိုင်ငံကို ဖြတ်သန်းပြီး အိန္ဒိယ သမုဒ္ဒရာသို့ တိုက်ရိုက်ကုန်သွယ်ရေး စင်္ကြန်တခုဖြစ်လာရန် မျှော်မှန်းထားသည်။ တရုတ်၏ ပိုးလမ်းမသစ် အစီအစဉ်အရ အာရှဥရောပတိုက်သို့ စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်း တည်ဆောက်ရေး ဒေါ်လာ ၁ ထရီလျှံကုန်ကျမည့် စီမံကိန်းတွင် ထိုဆိပ်ကမ်းသည် အစိတ်အပိုင်းတခုဖြစ်သည်။ ကျောက်ဖြူစီမံကိန်းသည် မြန်မာ့သမိုင်းတွင် အကြီးမားဆုံး အခြေခံ အဆောက်အအုံ စီမံကိန်းများအနက် တခုလည်းဖြစ်သည်။

” မြန်မာနိုင်ငံရဲ့အခြေခံအဆောက်အအုံတွေမှာ တိုးပွားလာမှာဖြစ်လို့ ဒီစီမံကိန်းကို ကြိုဆိုသင့်ပါတယ်။ ဒါပေမယ့် ဒီစီမံကိန်းဟာ ငွေအရမ်းကုန်တယ်ဆိုတာကိုလည်း ကြည့်လိုက်တာနဲ့ သိနိုင်ပါတယ်။ ဒီတော့မြန်မာနိုင်ငံအတွက် ဆုံးရှုံးနိုင်ခြေရှိပြီး ပါဝင်လုပ်ဆောင်ဖို့ စဉ်းစားစရာဖြစ်လာတယ်” ဟု မြန်မာ အစိုးရကို စီးပွားရေးမူဝါဒဆိုင်ရာ အကြံဉာဏ်ပေးနေသည့် ဩစတေးလျှ ပညာရှင် ရှောင်တန်နဲလ်က ပြောသည်။

တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ်သို့ ဆက်သွယ်ထားသော ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်း၏ အစတွင်တည်ရှိသော ထိုစီမံကိန်း၏ ခန့်မှန်ခြေ ကုန်ကျစရိတ်မှာ ဒေါ်လာ ၇.၅ ဘီလျှံရှိပြီး အနီးတွင်တည်ဆောက်မည့် စီးပွားရေးဇုန်အတွက် ဒေါ်လာ ၂ ဘီလျှံ ကုန်ကျမည်ဖြစ်သည်။

ထိုဆိပ်ကမ်းကို တရုတ်နိုင်ငံ၏ အကြီးမားဆုံးနှင့် ဩဇာအရှိဆုံး အစိုးရကျောထောက်နောက်ခံပြု လုပ်ငန်းစုကြီးများအနက် တခုဖြစ်သော Citic Group က တည်ဆောက်မည်ဖြစ်သည်။ Citic Group သည် ၂၀၁၅ ခုနှစ်က တည်ဆောက်ရေးတင်ဒါရရှိပြီး တရုတ်ဖက်က စီမံကိန်း၏ ၇၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ကာ မြန်မာအစိုးရနှင့်ပြည်တွင်းကုမ္ပဏီများက ၃၀ ရာခိုင်နှုန်း ပိုင်ဆိုင်မည်ဖြစ်သည်။

“ကျိုးကြောင်းဆီလျှော်တဲ့ ဘယ်လိုအခြေအနေမျိုးမဆို အခု ကုန်ကျစရိတ်ရဲ့ တစိတ်တပိုင်းလောက်နဲ့ဆို ဆိပ်ကမ်းကို မြန်မာနိုင်ငံက ကောင်းကောင်းအသုံးချနိုင်တယ်” ဟု ရှောင်တန်နဲလ်က ပြောသည်။ ထိုဝေဖန်ပြောကြားခြင်းသည် သူ၏ ပုဂ္ဂလိက အမြင်ဖြစ်သော်လည်း အစိုးရအရာရှိများသည် စီမံကိန်း ကုန်ကျစရိတ်လျှော့ချရေး ညှိနိုင်းရန် နည်းလမ်းရှာနေကြောင်း သူ အတည်ပြုပြောကြားသည်။

မြန်မာအစိုးရအတွင်း ဆွေးနွေးမှုများကို ရှင်းပြသော အခြား နိုင်ငံခြားပညာရှင်တဦးကလည်း ပိုမိုပြင်းထန်စွာ ဝေဖန်သည်။ မြန်မာနိုင်ငံအနေဖြင့် အကြွေးများကို ပြန်လည်ပေးဆပ်ရန် ပျက်ကွက်ပါက ထိုဆိပ်ကမ်းကို တရုတ်နိုင်ငံက ထိန်းချုပ်သွားမည်ကို စိုးရိမ်သောကြောင့် မူဝါဒ မှတ်သူများအတွက် ထိုစီမံကိန်းသည် အိက်မက်ဆိုးကြီး ဖြစ်နေသည်ဟု သူက ပြောသည်။

“စီမံကိန်း အလုပ်မဖြစ်ရင် အကြွေးမဆပ်နိုင်တဲ့ အန္တရာယ် ရှိပြီး တရုတ်ပိုင် ဆိပ်ကမ်းဖြစ်သွားနိုင်တယ်”ဟု စီမံကိန်း၏ အရေးပါမှုကြောင့် အမည်ထုတ်ဖေါ်ပြောဆိုခြင်းမရှိသော ထိုသူက Financial Times သတင်းဌာနသို့ ပြောသည်။

အလားတူ ပြဿနာများကို အာရှတခွင်တွင် တွေ့ကြုံနေရပြီး ဖြစ်သည်။ သီရိလင်္ကာနိုင်ငံသည် စီမံကိန်းကြွေးမြီများကို ပေးဆပ်နိုင်ခြင်းမရှိသောကြောင့် ဟမ်ဘန်တိုတာ ဆိပ်ကမ်းကို လွန်ခဲ့သော နှစ်က တရုတ်နိုင်ငံသို့ ၉၉ နှစ် အငှားချထားလိုက်ရသည်။

ထိုစီမံကိန်းမှ ရှယ်ယာအတွက် မြန်မာနိုင်ငံက လိုအပ်မည့် ချေးငွေပမာဏမှာ ဒေါ်လာ ၂ ဘီလျှံ သို့မဟုတ် စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု၏ ၃ ရာခိုင်နှုန်းရှိသောကြောင့် ကြွေးမြီများ အကြီးအကျယ်တိုးလာမည် ဟု ရှောင်တာနဲလ်က ခန့်မှန်းသည်။

မြန်မာနိုင်ငံက ထိုစီမံကိန်းကို ပြန်လည်သုံးသပ်ချိန်သည် တိုင်းပြည်အတွက် လွန်စွာ အရေးပါသော အချိန်နှင့် တိုက်ဆိုင်နေသည်။ မြန်မာနိုင်ငံသည် ရခိုင်ပြည် မြောက်ပိုင်းနေ မွတ်စလင်များကို စစ်ရေးအရ ချေမှုန်းမှုကြောင့် နိုင်ငံတကာပြစ်တင်ဝေဖန်မှုများကို ရင်ဆိုင်နေရချိန်ဖြစ်သောကြောင့် တရုတ်နိုင်ငံဖက်သို့ တွန်းပို့ခံနေရချိန်လည်း ဖြစ်သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ သေနင်္ဂဗျူဟာအရ အရေးပါလှသော ဆိပ်ကမ်းတွင် မူလက ၈၅ ရာခိုင်နှုန်းအထိ ရယူရန် ရည်မှန်းခဲ့သော်လည်း နောက်ပိုင်းတွင် လျှောချခဲ့သည်။ ထိုသဘောတူညီချက်ကို ၂၀၁၇ ခုနှစ် စက်တင်ဘာလက ရယူခဲ့သည်ဟု Reuters သတင်းတပုဒ်က ဆိုသည်။

၂၀၁၁ ခုနှစ်က မြန်မာနိုင်ငံမြောက်ပိုင်းမှ ဒေါ်လာ ၁.၅ ဘီလျှံတန် မြစ်ဆုံစီမံကိန်းကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ပူပန်မှုများကြောင့် ဆိုင်းငံ့ခဲ့ပြီး ယင်းစီမံကိန်း ဆက်လုပ်ဖြစ် မဖြစ် မရေရာသေးချေ။

Your Thoughts …
Tags: ကျောက်ဖြူစီမံကိန်းကြွေးမြီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

“စစ်ကောင်စီ ကျဆုံးတော့မယ်ဆိုတဲ့ လမ်းကြောင်းတခုကိုပဲ ပြသနေတယ်”

“စစ်ကောင်စီ ကျဆုံးတော့မယ်ဆိုတဲ့ လမ်းကြောင်းတခုကိုပဲ ပြသနေတယ်”

by Luke Hunt
20 September 2024
10.6k

ကျနော် မြန်မာနိုင်ငံမှာ ရှိနေခဲ့တဲ့အကြောင်းရင်းက အရမ်းခိုင်မာတဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်နဲ့ သူတို့ကို ကူညီဖို့ပဲ။

အာဆီယံဥက္ကဋ္ဌ  လာအို ကြွေးရှင်တရုတ်နှင့် ရင်ဆိုင်နေရ

အာဆီယံဥက္ကဋ္ဌ လာအို ကြွေးရှင်တရုတ်နှင့် ရင်ဆိုင်နေရ

by ဧရာဝတီ
27 January 2024
2.8k

အရှေ့တောင်အာရှ သံတမန်များသည် ယခုနှစ် အာဆီယံ ဥက္ကဋ္ဌ လာအိုနိုင်ငံအပေါ် တရုတ်အကြွေး ချုပ်ကိုင်မှုကို အနီးကပ်စောင့်ကြည့်ရန် အချိန်ပေးနေရသည်။

နိုင်ငံသားတဦးလျှင် ကျပ် ၁၅ သိန်း အကြွေးတင်နေ (ရုပ်/သံ)

နိုင်ငံသားတဦးလျှင် ကျပ် ၁၅ သိန်း အကြွေးတင်နေ (ရုပ်/သံ)

by ဧရာဝတီ
4 June 2025
284

မြန်မာနိုင်ငံဟာ ပြည်တွင်း၊ ပြည်ပကို ဆပ်ရမယ့် ကြွေးမြီ ကျပ်ဘီလီယံ ၇ သောင်းကျော် ရှိတယ်လို့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်ရဲ့ ငွေစာရင်းဆိုင်ရာအချက်အလက် ဖော်ပြချက်အရ သိရပါတယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိနှင့် သီရိလင်္ကာ ဝန်ကြီးချုပ် ရာဂျာပတ်စကာ / AFP

တရုတ်အကြွေးပိပြီး ဒေဝါလီခံရတဲ့ သီရိလင်္ကာ

by ဧရာဝတီ
20 April 2022
17.4k

ရာဂျာပက်စကာတွင် ကျဆုံးမှုများ ဖြစ်ပေါ်လာစေရန် အချိန်များစွာ ပေးခဲ့သည်

ဆန္ဒပြသူများသည် ဒေါသ ဆက်လက် ပေါက်ကွဲနေပြီး ပင်လယ်ကမ်းခြေရှိ သမ္မတအိမ်တော်ကို ဝင်ရောက် သိမ်းပိုက်သည်  / Getty Images

သီရိလင်္ကာ ကျဆုံးခန်း

by Brahma Chellaney
15 July 2022
6.9k

လွန်ခဲ့သော ဆယ်စုနှစ် ၂ ခု၏ အချိန်အများစုတွင် ရာဂျာပက်ဆာ ညီအစ်ကို လေးဦးနှင့် ၎င်းတို့၏ သားများသည် သီရိလင်္ကာနိုင်ငံကို မိသားစုပိုင်စီးပွားရေးသဖွယ် အုပ်ချုပ်ခဲ့ကြသည်။

၂၀၀၄ ခုနှစ် မတ်လ အီရတ်နိုင်ငံ ရာမဒီသို့ ရောက်ရှိလာသော အမေရိကန် အရပ်ဘက်အုပ်ချုပ်ရေးမှူးအား Blackwater ဝန်ထမ်းများက လုံခြုံရေး ယူပေးစဉ် / Reuters

Blackwater ကန်ထရိုက်တာဟောင်း မြန်မာမှာ လုံခြုံရေးကုမ္ပဏီ ဖွင့်

by ဧရာဝတီ
23 March 2019
23.9k

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများအတွက် ကာကွယ်ရေးဝန်ဆောင်မှုပေးရန် အမေရိကန် စစ်ရေးကန်ထရိုက်တာဟောင်း အီရစ်ခ်ပရင့်စ်နှင့် လုံခြုံရေးလုပ်ငန်းတခုတို့ မြန်မာတွင် လုပ်ကိုင်နေပြီ

Next Post
နှင်းဆီပန်းပွင့် Toner ဟာ ခြောက်သွေ့ကြမ်းတမ်းတဲ့ အသားအရေ ပိုင်ရှင်များအတွက် အထူးသင့်တော်ပါတယ်

အသားအရေကို ကြည်လင်စေမယ့် သဘာဝ Toner ပြုလုပ်နည်း ၃ မျိုး

သရုပ်ဆောင် ဖြိုးငွေစိုး  / ယုဖြူဟန် / ဧရာဝတီ

“သရုပ်ဆောင်တာ ခံစားချက်ပါရင် အတွေ့အကြုံက အရေးမကြီးဘူး”ဆိုတဲ့ ဖြိုးငွေစိုး

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

4 days ago
5.7k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

6 days ago
5k

Most Read

  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

    shares
    Share 0 Tweet 0
  • ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate