စီးပွားရေး

ရန်ကုန်အစိုးရ၏ စက်မှုဇုန် စီမံကိန်း လက်တွေ့မဆန်ဟု ဝေဖန် ခံရ

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တိုင်း ဒေသကြီး အတွင်း မြေဧက သောင်းချီ အသုံးပြုပြီး အကောင်အထည်ဖော်မည့် စက်မှုဇုန် စီမံကိန်းများမှာ လက်တွေ့ မဆန်သဖြင့် လက်တွေ့ကျသည့် စီမံကိန်းများ ရေးဆွဲရန် လွှတ်တော် ကိုယ်စားလှယ် အချို့က ဝေဖန်ခဲ့ကြ သည်။

ရန်ကုန်တိုင်း ဒေသကြီး စည်ပင်သာယာအဖွဲ့ ကွပ်ကဲမှုအောက်တွင် ရှိသော မြို့နယ် ၁၁ မြို့နယ်၌ နိုင်ငံတကာ အဆင့် စက်မှုဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီရင်ခံစာနှင့် ပတ်သက်၍ ဇွန်လ ၁၂ ရက်တွင် ပြုလုပ်သည့် လွှတ်တော် အစည်းအဝေး၌ ကိုယ်စားလှယ်များက ဆွေးနွေးကြခြင်း ဖြစ်သည်။

ဒေသဖွံ့ဖြိုးရေး၊ အလုပ်အကိုင် အခွင့်အလမ်း စသည့် ရည်ရွယ်ချက်များ ကောင်းမွန်သော်လည်း အမှန်တကယ် မြေပြင်၌ အောင်မြင်နိုင်မည့် လက်တွေ့ကျသည့် စီမံကိန်း တရပ်အဖြစ် ပြန်လည် ရေးဆွဲသင့်ကြောင်း ကျောက်တန်းမြို့နယ် လွှတ် တော် ကိုယ်စားလှယ် ဦးဇော်မိုးလွင်က ပြောသည်။

“ဒေသဖွံ့ဖြိုးဖို့ ဆိုရင် အဲဒီ တည်ထောင်ထားတဲ့ စက်မှုဇုန်တွေဟာ အောင်မြင်ဖို့ လိုပါတယ်။ မအောင်မြင်ဘဲနဲ့ မြေကွက်လပ် တွေပဲ ကျန်နေခဲ့မယ် ဆိုရင်တော့ ဒေသက မြေတွေသာ ဆုံးရှုံးလိုက်ရပြီး ဒုံရင်းက ဒုံရင်းအတိုင်းပဲ ဖြစ်နေပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရအနေနှင့် မြို့နယ် ၁၁ မြို့နယ်လုံးတွင် စက်မှုဇုန်များ တပြိုင်တည်း အကောင် အထည်ဖော် နိုင်မည် မဟုတ်သဖြင့် စီမံကိန်းကို ပြန်လည် ရေးဆွဲသင့်ကြောင်း ဒဂုံမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျ က အကြံပြုသည်။

ဦးကျော်ဇေယျက “ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ အနေနဲ့ ဖြစ်သင့်ဖြစ်ထိုက်တာမျိုးကိုပဲ လုပ်စေချင်ပါတယ်။ မဖြစ် သင့် မဖြစ်ထိုက်တာလေးတွေ အိပ်မက် လှလှ မက်နေရင် ၂၀၂၀ က နီးပါပြီ။ တပြိုင်တည်း အကောင်အထည် ဖော်မယ့် အစား တောင်ပိုင်းခရိုင်၊ မြောက်ပိုင်းခရိုင် စသည်ဖြင့် တမြို့နယ်စီ စံပြ အကောင်အထည်ဖော်ပြီးမှ စီမံချက်ချရင် ပိုမို ကောင်းမွန်ပါတယ်” ဟု ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ကွပ်ကဲမှု အောက်ရှိ မြို့နယ် ၃၃ မြို့နယ်နှင့် ရန်ကုန်တိုင်း ဒေသကြီး စည်ပင်သာယာရေး အဖွဲ့ ကွပ်ကဲမှု အောက်ရှိ မြို့နယ် ၁၂ မြို့နယ်တို့သည် ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်များ ဖြစ်ပေါ်နေ ခြင်းကြောင့် နိုင်ငံတကာအဆင့် စက်မှုဇုန်များ အကောင်အထည် ဖော်မည့် စီမံကိန်းကို ပြုလုပ်ရခြင်းဖြစ်ကြောင်း အစီရင် ခံစာတွင် ရှင်းလင်း ဖော်ပြထားသည်။

လက်ရှိ စက်မှုဇုန်များတွင်ပင် လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ်ရေး စသည့် အခြေခံ အဆောက်အအုံ၊ ကျူးကျော် ပြဿနာ၊ အလုပ်ရှင် အလုပ်သမား ပြဿနာ၊ လုပ်ငန်း အဆင်ပြေ ချောမွေ့စေရေး ဝန်ဆောင်မှု One Stop Service များပင် ပြည့်စုံ ခြင်း မရှိသည့် အခြေအနေ ဖြစ်သဖြင့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ခြင်း မရှိဘဲ မြေကွက်လပ် ထောင်နှင့် ချီရှိနေခြင်း ကိုပင် မဖြည့်ဆည်း ပေးနိုင်သေးကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ဝေဖန် ထောက်ပြသည်။

မရမ်းကုန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးရန်ရှင်းက “လက်ရှိ ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ စက်မှုဇုန်၂၉ ဇုန် ရှိပါတယ်။ အိမ်နီးချင်း နိုင်ငံများရဲ့ စက်မှုဇုန် အခြေအနေများနဲ့ နှိုင်းယှဉ်ရင် နိမ့်ကျပြီး ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်မှု အားနည်း နေတာတွေ့ရှိပါတယ်။ တည်ထောင်ခဲ့တာ နှစ်ပေါင်းများစွာကြာပြီ ဖြစ်သော်လည်း လျှပ်စစ်၊ ရေ၊ လမ်းပန်း ဆက်သွယ် ရေး၊ လုံခြုံရေး၊ တရား ဥပဒေ စိုးမိုးရေး တို့ ဖြည့်ဆည်းနိုင်မှု များစွာ နိမ့်ကျ နေတာကို တွေ့ရှိရပါတယ်” ဟု ဆိုသည်။

ထို့ပြင် လယ်ယာဧက သောင်းချီ အသုံးပြုမည် ဖြစ်သဖြင့် ရန်ကုန်တိုင်း ဒေသကြီး၏ စိုက်ပျိုးရေး လုပ်ငန်းကိုလည်း သိသိ သာသာ ထိခိုက်နိုင်ကြောင်း ကိုကိုးကျွန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတင်ဝင်းက ပြောသည်။

“မြေနေရာ စုစုပေါင်း ၁၂၃၀၂ ဒသမ ၃၂ ဧက လိုအပ်မှာ ဖြစ်ပါတယ်။ တောင်သူက ၂၀ ရာခိုင်နှုန်း၊ နိုင်ငံတော်က ၈၀ ရာခိုင်နှုန်း ခွဲဝေဆောင်ရွက်မယ့် နည်းလမ်းဖြစ်ပါတယ်။ ဒီလယ်ယာမြေက လျော့သွားရင် လယ်ယာ စိုက်ပျိုးရေးမှာ လျော့ သွားမှာ ဖြစ်တဲ့အတွက် ဆန်စပါး အပါအဝင် စိုက်ပျိုးရေး ထုတ်ကုန်တွေ လျော့သွားမှာ ဖြစ်ပါတယ်။ လယ်ယာမြေ သစ် တွေ ထပ်မံ ဖော်ထုတ်ဖု့ိလည်း လိုအပ်ပါတယ်” ဟု ၎င်းက ဆွေးနွေးသည်။

စက်မှုဇုန် တည်ထောင်ရန် လျာထားသည့် လယ်ယာ မြေဧကများမှာ ကွမ်းခြံကုန်းမြို့နယ်တွင် ၁၀၉၁ ဒသမ ၉၆ ဧက၊ ကော့မှူးတွင် မြေဧက ၁ ထောင်၊ တွံတေးတွင် ၈၅၀ ဧက၊ သန်လျင်တွင် ၁၀၈၈ ဧက၊ ကျောက်တန်း၌ ၁၀၅၁ ဒသမ ၃၆ ဧက နှင့် ခရမ်းမြို့နယ်တွင် ဧက ၁ ထောင် တို့ဖြစ်ကြောင်း အစီရင်ခံစာတွင် ထည့်သွင်း ဖော်ပြထားသည်။

ထို့အပြင် သုံးခွမြို့နယ်တွင် ၁၈၇၁ ဧက ၊ တိုက်ကြီးတွင် ဧက ၁ ထောင်၊ မှော်ဘီတွင် ၇၅၀ ဧက၊ လှည်းကူး၌ ဧက ၁ ထောင် နှင့် တန်းတပင် မြို့နယ်တွင် ၁၆၀၀ ဧကတို့ကို စက်မှုဇုန် တည်ထောင်ရန် လျာထား သတ်မှတ်ထားသည်။

ယင်းစီမံကိန်းများကို လက်ရှိအစိုးရ၏ ကျန်ရှိသော ၃ နှစ်တာ ကာလအတွင်း အခြေချမိသည် အထိ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) က ကြီးမှူး၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရ သည်။

ဆက်စပ်ဖတ်ရှုရန်ရန်ကုန် စည်ပင် နယ်နိမိတ်ပြင်ပ ၁၁ မြို့နယ်၌ စက်မှုဇုန်များ တည်ထောင်မည်

Did you find apk for android? You can find new Free Android Games and apps.
Loading