• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

မျှတစွာ ယှဉ်ပြိုင်ရေးကို Mytel က ပိုအလေးထားလာစေ

by စမ်းယမင်းအောင်
16 June 2018
in စီးပွားရေး
A A
7Day Daily သတင်းတပုဒ်အရ Mytel သည် ဆိုင်များသို့ ဆင်းကဒ် ၃ သန်းဖြန့်ချိထားပြီး ၁ သိန်းကျော် ရောင်းချပြီးဖြစ်သည် / ထက်ဝေ

7Day Daily သတင်းတပုဒ်အရ Mytel သည် ဆိုင်များသို့ ဆင်းကဒ် ၃ သန်းဖြန့်ချိထားပြီး ၁ သိန်းကျော် ရောင်းချပြီးဖြစ်သည် / ထက်ဝေ

13.4k
VIEWS
Share on FacebookShare on Twitter

တပ်မတော်မှ အစုရှယ်ယာပါဝင်သည့် စတုတ္ထမြောက် ဆက်သွယ်ရေး အော်ပရေတာ Mytel မှ တရားဝင် စတင် မိတ်ဆက်ခြင်းနှင့်အတူ ပြည်တွင်း ဆက်သွယ်ရေးအော်ပရေတာများက ဈေးကွက်အတွင်း မျှတစွာ ယှဉ်ပြိုင်ရေးကို အလေးထားကြောင်း ပြောကြားလာကြသည်။

ဆက်သွက်ရေးအော်ပရေတာသစ် Mytel ၏ ဝန်ဆောင်မှုများကို ပြီးခဲ့သည့်အပတ် စနေနေ့က ရန်ကုန်တွင် စတင်မိတ်ဆက်ခဲ့သည်။

RelatedPosts

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

19 May 2025
704
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
1.1k
ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

13 May 2025
1.7k

Mytel ကို ဗီယက်နမ် ကာကွယ်ရေးဝန်ကြီးဌာနပိုင် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း Viettel က ၄၉ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး တပ်မတော်၏ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် လုပ်ငန်းခွဲ Star High Company က ၂၈ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။ ပြည်တွင်း ကုမ္ပဏီ ၁၁ ခု ပါဝင်သော လုပ်ငန်းစုဖြစ်သည့် Myanmar National Telecom Holding Public Ltd., က ကျန် ၂၃ ရာခိုင်နှုန်းကို ပိုင်ဆိုင်သည်။

Mytel မိတ်ဆက်ပွဲ အခမ်းအနားကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေးဝန်ကြီးနှင့် ကာကွယ်ရေးဦးစီးချုပ် (ရေ)၊ ကာကွယ်ရေးဦးစီးချုပ် (လေ) အပါဝင် မြန်မာနှင့် ဗီယက်နမ်မှ အဆင့်မြင့်အရာရှိများ တက်ရောက်ကြသည်။

Mytel ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့က လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ချထားပေးခဲ့ပြီး အချို့သော ဒေသများတွင် ဆင်းမ်ကဒ်များကို ယခုနှစ် မတ်လလယ်ကပင် စတင်ရောင်းချခဲ့သည်။

လူမှုကွန်ယက် အသုံးပြုသူ အချို့က Mytel ကို သပိတ်မှောက်မည်ဟု ပြောဆိုကြသော်လည်း ထိုလုပ်ငန်း၏ ဈေးကွက်မြှင့်တင်ရေး အစီအစဉ်များသည် ပြိုင်ဖက်အော်ပရေတာများထက် ဈေးသက်သာသောကြောင့် အချို့သူများက နှစ်သက်ကြသည်။

ထိုဆက်သွယ်ရေး လုပ်ငန်းသည် အခြားသော အရောင်းမြှင့်တင်ရေးအစီအစဉ်နှင့် အပိုဆုများအပြင် ဒေတာ ၅၀၀ မဂ္ဂါဘိုက် နှင့် Mytel ဖုန်းအချင်းချင်း ခေါ်ဆိုမှုအတွက် မိနစ် ၅၀ကို ဇွန်လမှ စက်တင်ဘာလအထိ အခမဲ့ပေးထားသည်။

အော်ပရေတာအသစ် ဈေးကွက်အတွင်း ဝင်ရောက်လာခြင်းနှင့်အတူ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍတွင် ယှဉ်ပြိုင်မှု ပိုမိုမြင့်မားလာသည်ဟု တယ်လီနော၏ ပြင်ပဆက်သွယ်ရေးအရာရှိ မရွှေယင်းမာဦးက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

“စတုတ္ထမြောက် ဆက်သွယ်ရေး အော်ပရေတာကလည်း ဈေးကွက်ဝေစု ရဖို့ အကောင်းဆုံး ကြိုးစားမယ်လို့ ကျမတို့ ထင်တယ်။ တချိန်တည်းမှာပဲ ကောင်းမွန်မျှတတဲ့ ယှဉ်ပြိုင်မှုဖြစ်ဖို့ မျှော်လင့်တယ်” ဟုလည်း သူက ပြောကြားသည်။

နိုင်ငံခြားဆယ်သွယ်ရေး အော်ပရေတာနှစ်ခုဖြစ်သည့် တယ်လီနောနှင့် အူရီဒူးတို့မှ ၂၀၁၄ခုနှစ်တွင် ဈေးကွက်အတွင်း ဝင်ရောက်၍ ဆင်းမ်ကဒ်များကို စတင်ရောင်းချခဲ့သည့်နောက် မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းအသုံးပြုမှုမှာ လွန်စွာ မြင့်မားလာခဲ့သည်။ စစ်အစိုးရလက်ထက် လူများစု လက်လှမ်းမမီသော ဈေးဖြင့် နှစ်ပေါင်းများစွာ ရောင်းချခဲ့သည့် နိုင်ငံပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT ၏ လက်ဝါးကြီးအုပ်မှုကို ချိုးဖျက်၍ ပြောင်းလဲမှု စတင်ခဲ့ခြင်းလည်း ဖြစ်သည်။

ထို ဆက်သွယ်ရေးလုပ်ငန်း ၃ ခုပေါင်း အသုံးပြုသူ ၅၃ သန်းရှိကြောင်း ဖေဖေါ်ဝါရီလက ၎င်းတို့၏ ပူးတွဲကြေညာချက်တွင် ဖေါ်ပြထားသည်။ ဂျပန်နိုင်ငံမှ KDDI Corp နှင့် ၂၀၁၄ ခုနှစ်က စတင်ပူးပေါင်းခဲ့သော MPT သည် သုံးစွဲသူ ၂၅ သန်းဖြင့် ဦးဆောင်နေပြီး တယ်လီနောက အသုံးပြုသူ ၁၉ သန်းရှိကာ အူရီဒူး က အသုံးပြုသူ ၉.၅ သန်း ရှိသည်။

Mytel မှ ဆင်းမ်ကဒ်များ စတင်မရောင်းချခင် တလအလိုတွင် ထုတ်ပြန်ခဲ့သည့် ထိုပူးတွဲကြေညာချက်တွင် အော်ပရေတာသုံးခုလုံးက မှန်ကန်သည့် ဈေးနှုန်းယှဉ်ပြိုင်မှု အလေ့အထများနှင့် ကျင့်ဝတ်ဆိုင်ရာ စီးပွားရေး လမ်းညွှန်ချက်များဖြစ်သည့် ဆက်သွယ်ရေးဦးစီးဌာန၏ Pricing and Tariff Regulatory Framework ဈေးနှုန်းနှင့် အခွန် စည်းကြပ်မှု မူဘောင်ကို လိုက်နာရန် သဘောတူညီခဲ့ကြသည်။ ထို မူဘောင်ကို ဆက်သွယ်ရေးဦးစီးဌာနမှ ၂၀၁၇ခုနှစ် ဇွန်လက သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ထိုလမ်းညွှန်ချက်များတွင် သဘောတူညီထားသည့် ဈေးနှုန်းအောက် လျှော့ပေါ့ ရောင်းချခြင်းနှင့် ဆင်းမ်ကဒ်များကို အခမဲ့ပေးဝေခြင်းတို့ကို ရှောင်ကြဉ်ခြင်းတို့ ပါဝင်သည်။

“အော်ပရေတာအားလုံးက တူညီတဲ့ စည်းမျဉ်းကို လိုက်နာဖို့က အရေးကြီးပါတယ်။ ဒီအချက်ကိုလည်း ကျနော်တို့က ဆက်ပြီး အလေးပေး တိုက်တွန်းသွားရမယ်လို့ ထင်ပါတယ်” ဟု အူရီဒူး မြန်မာ၏ အမှုဆောင် အရာရှိချုပ် Vikram Sinha က ဧရာဝတီ သတင်းဌာနသို့ပြောသည်။ “မျှမျှတတ ယှဉ်ပြိုင်ရရင် ကျနော်တို့ရဲ့ ယှဉ်ပြိုင်အောင်မြင်နိုင်စွမ်းကို ကျနော်တို့ ယုံကြည်မှုရှိပါတယ်” ဟုလည်း သူက ဆက်ပြောသည်။

လက်ရှိလမ်းညွှန်ချက်အရ ဆက်သွယ်ရေးအော်ပရေတာများသည် ဖုန်းခေါ်ခြင်း၊ စာတိုပေးပို့ခြင်းနှင့် ဒေတာ အပါအဝင် ၎င်းတို့၏ ဝန်ဆောင်မှုများအတွက် အနိမ့်ဆုံး ဈေးနှုန်း သတ်မှတ်ချက်အောက် ကောက်ခံခွင့် မရှိပေ။

သို့သော် ဆက်သွယ်ရေးအော်ပရေတာများသည် အရောင်းမြှင့်တင်ရေး အစီအစဉ်များတွင် အနိမ့်ဆုံးဈေး သတ်မှတ်ချက်အောက် ၄၀ ရာခိုင်နှုန်း အထိ လျှော့ချနိုင်သည်ဟု ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ဆက်သွယ်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေကပြောသည်။

သို့သော် ဈေးကွက်အတွင်း နောက်ဆုံးမှ ဝင်ရောက်လာသည့် Mytel ကို ဈေးကွက်မြှင့်တင်ချိန်ကာလအတွင်း အနိမ့်ဆုံးဈေးနှုန်း သတ်မှတ်ချက်အောက် ၇၀ ရာခိုင်နှုန်းအထိ လျှော့ချရန် ခွင့်ပြုထားသည်ဟု ဆိုသည်။

၎င်းမှ Mytel သည် သေးငယ်သော ဈေးကွက်သာ ရရှိထားပြီး အခြေကျပြီး လုပ်ငန်းများအပေါ် သက်ရောက်မှု အနည်းငယ်သာ ရှိနိုင်သောကြောင့် ခွင့်ပြုထားခြင်းဖြစ်သည်ဟု ဆိုသည်။

7Day Daily သတင်းတပုဒ်အရ Mytel သည် ဆိုင်များသို့ ဆင်းကဒ် ၃ သန်းဖြန့်ချိထားပြီး ၁ သိန်းကျော် ရောင်းချပြီးဖြစ်သည်ဟု သိရသည်။

Mytel ၏ဆက်သွယ်ရေးကွန်ယက်သည် နိုင်ငံ၏ ၇၂ ရာခိုင်နှုန်းအထိ လွှမ်းခြုံမိပြီး ယခုနှစ်ကုန်တွင် လူဦးရေ၏ ၉၃ ရာခိုင်နှုန်းကို လွှမ်းခြုံနိုင်ရန် မျှော်မှန်းထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖွင့်ပွဲတွင် ပြောကြားခဲ့သည်။

ဆက်သွယ်ရေး ဦးစီးဌာနသည် အော်ပရေတာများနှင့် ပူးပေါင်းပြီး အခွန်စည်းကြပ်မှုဆိုင်ရာ မူဘောင်ကို ပြန်လည်ရေးဆွဲနေပြီး ပြင်ဆင်သော အချက်များသည် အော်ပရေတာများကို သာမက သုံးစွဲသူများကိုပါ ပိုမိုကောင်းမွန်စေမည်ဟု ဆိုသည်။ ထိုမူကြမ်းနှင့်အတွက် သဘောထားမှတ်ချက်များကို ဇွန်လ ၃၀ ရက်နေ့အထိ လက်ခံနေပြီး ၄၊ ၅ လ အတွင်း အပြီးသတ်နိုင်မည်ဟု မျှော်လင့်ရသည်ဟု ဆိုသည်။

ထိုမူဘောင် အသက်ဝင်လာသည်နှင့် ဆက်သွယ်ရေး အော်ပရေတာ ၄ ခုစလုံးတို့က လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး ထိုအချိန်အထိ Mytel သည် သက်သာခွင့် အချို့ရရှိနေမည်ဟုလည်း သူပြောသည်။

(အင်္ဂလိပ်ဘာသာဖြင့် Launch of Army-Backed Mytel Draws Wary Welcome တွင် ဖတ်ရှုပါ။)

Your Thoughts …
Tags: Mytelဈေးကွက်အတွင်း မျှတစွာ ယှဉ်ပြိုင်ရေး
စမ်းယမင်းအောင်

စမ်းယမင်းအောင်

ဧရာဝတီ

Similar Picks:

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

by ဟိန်းထူးဈာန်
8 March 2025
15.2k

၂၀ နီးပါးရှိသည့် ခရိုနီကိုယ်စားလှယ်အဖွဲ့မှ စီးပွားရေးသမားများတွင် ကိုးဦးကို ဧရာဝတီသတင်းဌာနက ထိုခရီးစဉ်ကိုသိသည့် သတင်းရင်းမြစ်များနှင့် သတင်းများကို အခြေခံပြီး ဖော်ထုတ်နိုင်ခဲ့သည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၂)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၂)

by အောင်သစ်
6 September 2023
10.7k

ဗိုလ်ချုပ်ကြီး မိုးအောင်၊ ဦးပြည်အောင်နှင့် ဦးနေအောင်တို့က စစ်အာဏာရှင်နှင့် ပူးပေါင်းရေးတွင် သူတို့ ဖခင် ဦးအောင်သောင်းထက်ပင် လက်စောင်းထက်သည်ဟု ပြော၍ရမည် ထင်သည်။

စစ်ကောင်စီကို လောင်စာထောက်ပံ့သည့် ခရိုနီလုပ်ငန်းခွဲအား စာရင်းရှင်းဖျက်သိမ်း

စစ်ကောင်စီကို လောင်စာထောက်ပံ့သည့် ခရိုနီလုပ်ငန်းခွဲအား စာရင်းရှင်းဖျက်သိမ်း

by ဧရာဝတီ
17 August 2023
5.5k

စစ်ကောင်စီအာဘော် မြဝတီသတင်းစာ တခုတည်းသာ ရွှေဗျိုင်းဖြူရေနံနှင့် သဘာဝဓာတ်ငွေလုပ်ငန်း စာရင်းရှင်းလင်း ဖျက်သိမ်းကြောင်း ဖော်ပြပြီး ကျန် စစ်ကောင်စီမီဒီယာများ ဖော်ပြခြင်း မရှိပေ။

စစ်တပ် တယ်လီကွန်းလုပ်ငန်း၏ အရေးပါသည့် ရှယ်ယာရှင် ဒေါက်တာ မြဟန်

စစ်တပ် တယ်လီကွန်းလုပ်ငန်း၏ အရေးပါသည့် ရှယ်ယာရှင် ဒေါက်တာ မြဟန်

by အောင်သစ်
26 October 2024
3.1k

ဧရာဝတီက စုံစမ်းရရှိသည့် အချက်အလက်များထဲတွင်လည်း ဦးမြဟန်၏ ကုမ္ပဏီက စစ်ထောက်ချုပ်ရုံးပိုင်မြေ ၅ ဒသမ ၆၅ ဧကအား ဟိုတယ် ဆောက်လုပ်ရန် ခွင့်ပြုမိန့်ကို ၂၀၁၅ ခုနှစ်တွင် ရရှိထားသည်ကို တွေ့ရသည်။

ပစ်ခတ်ခံရ၍ သေဆုံးသွားသည့် Mytel ဆက်သွယ်ရေး လုပ်ငန်းမှ ဘဏ္ဍာရေးမှူးချုပ် ဦးသိန်းအောင်

Mytel မှ ဘဏ္ဍာရေးမှူးချုပ် ပစ်ခတ်ခံရ၍ သေဆုံး

by ဧရာဝတီ
4 November 2021
10.1k

ဦးသိန်းအောင်သည် ပစ်ခတ်ခံရသည့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဇနီးဖြစ်သူမှာလည်း ခါးနှင့် ခြေထောက်တို့တွင် ကျည်ထိဒဏ်ရာများရရှိခဲ့ကာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

Next Post
“အဖေများနေ့”မှာ အဖေ့ကို လက်ဆောင်ပေးတာမျိုး မဟုတ်ဘဲ အဖေနဲ့ အတူတူ အချိန်များ ဖြတ်သန်းနိုင်ပါတယ်

“အဖေများနေ့”မှာ သင့်ဖခင်အတွက် ဘယ်လို လက်ဆောင်မျိုးပေးမလဲ

ပြင်ဦးလွင်မြို့ / ဒီလှိုင်းဝင်း / ဧရာဝတီ

ဒုဗိုလ်မှူးကြီးကို စကေဘာဖြင့်ထိုးပြေးသူ တပ်သားသစ်သင်တန်း တက်နေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate