စီးပွားရေး

မြန်မာ့ပုလဲ တရုတ်ဝယ်လက် များ

Want create site? Find Free WordPress Themes and plugins.

၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ပြပွဲ၌ ပုလဲအတွဲ ယူရို ၂ ဒသမ ၅ သန်းကျော် ရောင်းချရပြီး တရုတ် ဝယ်လက်မှာ အများဆုံး ဖြစ်ကြောင်း မြန်မာ့ ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်းမှ သိရသည်။

ယင်းလုပ်ငန်းမှ ဌာနမှူး ဒေါ်မြမြဝင်းက “တရုတ်ကုန်သည် အသစ်တွေ ရောက်လာတော့ ကျောက်စိမ်း၊ ကျောက်မျက်ကို ဆွဲရင်း ပုလဲကို စိတ်ဝင်စားပြီး လာဝယ်ကြတယ်။ အဲဒီ တရုတ်ကုန်သည်တွေက ဝယ်လက် လည်းများတယ်။ ကုန်သည်အသစ် ၁၁ ဦးမှာ ၁၀ ဦးလောက်က တင်ဒါအောင်ကြတယ်” ပြောသည်။

နေပြည်တော်တွင် ကျင်းပသည့် မြန်မာ့ကျောက်မျက် ရတနာ ပြပွဲ၌ အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ပုလဲအတွဲပေါင်း ၃၆၀ တွဲ ပြသသည့် အနက် ၃၄၁ တွဲ ရောင်းချရပြီး ယူရို ၂ ဒသမ ၅ သန်းကျော် ရရှိကြောင်း ၎င်းက ပြော သည်။

အဆိုပါ ပုလဲ အတွဲများကို ပြည်တွင်း ကုန်သည် ၄၁ ဦးနှင့် ပြည်ပ ကုန်သည် ၁၆ ဦးတို့က တင်ဒါအောင်မြင်ခြင်း ဖြစ်ကြောင်း မြန်မာ့ ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းက သိရသည်။

ပြည်ပ ကုန်သည်များမှာ ဂျပန်ကုန်သည် ၂ ဦး၊ ဗီယက်နမ် ကုန်သည် ၁ ဦးနှင့် တရုတ်ကုန်သည် ၁၃ ဦးတို့ ဖြစ်ကြောင်း၊ ပြည်တွင်း၌ ရောင်းချသည့် ပွဲများသို့ ပြည်ပကုန်သည်များ လာရောက်မှု နည်းပါးသော်လည်း ၎င်းတို့ ဝယ်ယူသည့် တန်ဖိုးမှာ များပြားကြောင်း ဒေါ်မြမြဝင်း က ပြောသည်။

အဆိုပါ ပြပွဲ၌ ပုံမှန် ဝယ်ယူလေ့ရှိသည့် ဟောင်ကောင် နိုင်ငံသားကုန်သည် တဦးက အများဆုံး ဝယ်ယူခဲ့ပြီး ပုလဲ အတွဲ ၅၂ တွဲကို ၃၆၄၆၁ ယူရိုနှင့် ဝယ်ယူနိုင်ခဲ့ကြောင်း သိရသည်။

ပြပွဲ၌ ပုလဲလုံးရေ ၆၅၈၆၄ လုံး၊ အလေးချိန်အားဖြင့် ၄၄၄၁၀.၈၅ မိုမီရှိ နိုင်ငံပိုင်ပုလဲအတွဲ ၂၇၀ တွဲနှင့် လုံးရေ ၃၂၃၄၂ လုံး၊ အလေးချိန်အားဖြင့် ၁၇၃၈၁ ဒသမ ၃၅ မိုမီရှိ ပုဂ္ဂလိကပိုင် အတွဲ ၉၀ တွဲ ပြသခြင်း ဖြစ်ပြီး ယင်း အနက် နိုင်ငံပိုင် ပုလဲအတွဲအားလုံး ရောင်းချခဲ့ရကြောင်း မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်း က သတင်း ထုတ်ပြန်ထားသည်။

ပုဂ္ဂလိကပိုင် အတွဲများ အနက် အလုံးရေ အားဖြင့် ၉၅၄၄၃ လုံး အလေးချိန်အားဖြင့် ၆၀၁၈၄ ဒသမ ၇၀ မိုမီရှိ အတွဲ ၇၁ တွဲရောင်းချခဲ့ ရကြောင်းလည်း သိရသည်။

တင်ဒါအောင်မြင်ပြီး ပုလဲကုန်သည်များသည် ပေးသွင်းရမည့် ကျသင့်ငွေကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၀ ရက် ဗဟို ဘဏ်မှ ထုတ်ပြန်သော ငွေလဲလှယ်နှုန်းဖြင့် ပေးချေရမည် ဖြစ်ပြီး ငွေပေးချေရန် သတ်မှတ်ထားသည့် ရက်မှ ရက်ပေါင်း ၆၀ အတွင်း ငွေပေးချေရမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားသည်။

ယခု ပြပွဲတွင် အခြေခံဈေးယူရို ၅၀၀ အထက် တန်ဖိုးရှိ ကျောက်မျက် အတွဲ ၃၃၆ တွဲကို ဇွန်လ ၂၀ ရက်မှ ၂၃ ရက်အထိ၊ အခြေခံဈေး ယူရို လေးထောင်နှင့် အထက် သတ်မှတ်ထားသည့် ကျောက်စိမ်းအတွဲများနှင့် ယူရိုငွေ တသောင်းနှင့် အထက် သတ်မှတ်ထားသည့် ကျောက်စိမ်း အတွဲစုစုပေါင်း ၆၇၉၅ တွဲကို ဇွန်လ ၂၄ ရက်မှ ၂၉ ရက် အထိ ဆက်လက် ပြသ ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲသို့ ပြည်တွင်း ရတနာ ကုမ္ပဏီ ၅၀၀ ကျော်၊ တရုတ်၊ ထိုင်း၊ ကနေဒါနှင့် အမေရိကန် နိုင်ငံစသည်တို့က ပြည်ပကုမ္ပဏီ ၂၆၀၀ ကျော်တို့ တက်ရောက်ရန် စာရင်း ပေးသွင်း ထားကြောင်း သိရသည်။၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ပြပွဲ၌ ပုလဲအတွဲ ယူရို ၂ ဒသမ ၅ သန်းကျော် ရောင်းချရပြီး တရုတ် ဝယ်လက်မှာ အများဆုံး ဖြစ်ကြောင်း မြန်မာ့ ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်းမှ သိရသည်။

ယင်းလုပ်ငန်းမှ ဌာနမှူး ဒေါ်မြမြဝင်းက “တရုတ်ကုန်သည် အသစ်တွေ ရောက်လာတော့ ကျောက်စိမ်း၊ ကျောက်မျက်ကို ဆွဲရင်း ပုလဲကို စိတ်ဝင်စားပြီး လာဝယ်ကြတယ်။ အဲဒီ တရုတ်ကုန်သည်တွေက ဝယ်လက် လည်းများတယ်။ ကုန်သည်အသစ် ၁၁ ဦးမှာ ၁၀ ဦးလောက်က တင်ဒါအောင်ကြတယ်” ပြောသည်။

နေပြည်တော်တွင် ကျင်းပသည့် မြန်မာ့ကျောက်မျက် ရတနာ ပြပွဲ၌ အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ပုလဲအတွဲပေါင်း ၃၆၀ တွဲ ပြသသည့် အနက် ၃၄၁ တွဲ ရောင်းချရပြီး ယူရို ၂ ဒသမ ၅ သန်းကျော် ရရှိကြောင်း ၎င်းက ပြော သည်။

အဆိုပါ ပုလဲ အတွဲများကို ပြည်တွင်း ကုန်သည် ၄၁ ဦးနှင့် ပြည်ပ ကုန်သည် ၁၆ ဦးတို့က တင်ဒါအောင်မြင်ခြင်း ဖြစ်ကြောင်း မြန်မာ့ ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းက သိရသည်။

ပြည်ပ ကုန်သည်များမှာ ဂျပန်ကုန်သည် ၂ ဦး၊ ဗီယက်နမ် ကုန်သည် ၁ ဦးနှင့် တရုတ်ကုန်သည် ၁၃ ဦးတို့ ဖြစ်ကြောင်း၊ ပြည်တွင်း၌ ရောင်းချသည့် ပွဲများသို့ ပြည်ပကုန်သည်များ လာရောက်မှု နည်းပါးသော်လည်း ၎င်းတို့ ဝယ်ယူသည့် တန်ဖိုးမှာ များပြားကြောင်း ဒေါ်မြမြဝင်း က ပြောသည်။

အဆိုပါ ပြပွဲ၌ ပုံမှန် ဝယ်ယူလေ့ရှိသည့် ဟောင်ကောင် နိုင်ငံသားကုန်သည် တဦးက အများဆုံး ဝယ်ယူခဲ့ပြီး ပုလဲ အတွဲ ၅၂ တွဲကို ၃၆၄၆၁ ယူရိုနှင့် ဝယ်ယူနိုင်ခဲ့ကြောင်း သိရသည်။

ပြပွဲ၌ ပုလဲလုံးရေ ၆၅၈၆၄ လုံး၊ အလေးချိန်အားဖြင့် ၄၄၄၁၀.၈၅ မိုမီရှိ နိုင်ငံပိုင်ပုလဲအတွဲ ၂၇၀ တွဲနှင့် လုံးရေ ၃၂၃၄၂ လုံး၊ အလေးချိန်အားဖြင့် ၁၇၃၈၁ ဒသမ ၃၅ မိုမီရှိ ပုဂ္ဂလိကပိုင် အတွဲ ၉၀ တွဲ ပြသခြင်း ဖြစ်ပြီး ယင်း အနက် နိုင်ငံပိုင် ပုလဲအတွဲအားလုံး ရောင်းချခဲ့ရကြောင်း မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်း က သတင်း ထုတ်ပြန်ထားသည်။

ပုဂ္ဂလိကပိုင် အတွဲများ အနက် အလုံးရေ အားဖြင့် ၉၅၄၄၃ လုံး အလေးချိန်အားဖြင့် ၆၀၁၈၄ ဒသမ ၇၀ မိုမီရှိ အတွဲ ၇၁ တွဲရောင်းချခဲ့ ရကြောင်းလည်း သိရသည်။

တင်ဒါအောင်မြင်ပြီး ပုလဲကုန်သည်များသည် ပေးသွင်းရမည့် ကျသင့်ငွေကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၀ ရက် ဗဟို ဘဏ်မှ ထုတ်ပြန်သော ငွေလဲလှယ်နှုန်းဖြင့် ပေးချေရမည် ဖြစ်ပြီး ငွေပေးချေရန် သတ်မှတ်ထားသည့် ရက်မှ ရက်ပေါင်း ၆၀ အတွင်း ငွေပေးချေရမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားသည်။

ယခု ပြပွဲတွင် အခြေခံဈေးယူရို ၅၀၀ အထက် တန်ဖိုးရှိ ကျောက်မျက် အတွဲ ၃၃၆ တွဲကို ဇွန်လ ၂၀ ရက်မှ ၂၃ ရက်အထိ၊ အခြေခံဈေး ယူရို လေးထောင်နှင့် အထက် သတ်မှတ်ထားသည့် ကျောက်စိမ်းအတွဲများနှင့် ယူရိုငွေ တသောင်းနှင့် အထက် သတ်မှတ်ထားသည့် ကျောက်စိမ်း အတွဲစုစုပေါင်း ၆၇၉၅ တွဲကို ဇွန်လ ၂၄ ရက်မှ ၂၉ ရက် အထိ ဆက်လက် ပြသ ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲသို့ ပြည်တွင်း ရတနာ ကုမ္ပဏီ ၅၀၀ ကျော်၊ တရုတ်၊ ထိုင်း၊ ကနေဒါနှင့် အမေရိကန် နိုင်ငံစသည်တို့က ပြည်ပကုမ္ပဏီ ၂၆၀၀ ကျော်တို့ တက်ရောက်ရန် စာရင်း ပေးသွင်း ထားကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading