စီးပွားရေး

ထမ်လုံလိုဏ်ဂူသည် နောင်အခါ ခရီးသွားများကို ဆွဲဆောင်ရာဖြစ်လာမည်

Want create site? Find Free WordPress Themes and plugins.

ပျောက်ဆုံးနေသော ဘောလုံးသမားလေး ၁၃ ဦးကို အသက်ရှင်လျက် ပြန်တွေ့မှုဖြစ်စဉ်အပေါ် အကြောင်းပြု၍ ချင်းရိုင်ခရိုင်၊ ထမ်လုံလိုဏ်ဂူကို ခရီးသွားလုပ်ငန်းမြှင့်တင်ရန် ထိုင်းခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့(TAT)က စီစဉ်နေကြောင်း သိရသည်။

မဝေးလှသော အနာဂတ်တွင် ကမ္ဘာလှည့်ခရီးသွား အများအပြား ယင်းနယ်မြေသို့ လာရောက်လည်ပတ်မည်ဖြစ်၍ ထိုင်းခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့အနေဖြင့် ဒေသဆိုင်ရာ အာဏာပိုင်များ၊ ပုဂ္ဂလိကကဏ္ဍတို့နှင့်အတူ လက်တွဲ၍ လိုဏ်ဂူနှင့် အနီးအနားရှိ စိတ်ဝင်စားစရာနေရာများကို မွမ်းမံသွားမည်ဖြစ်ကြောင်း ချင်းရိုင်ရှိ TAT ရုံးဒါရိုက်တာ ကာရန်နာဒီချာတီဝမ်က ဘန်ကောက်ပို့စ် သတင်းစာသို့ ပြောကြားခဲ့သည်။

“တနင်္လာနေ့ ညက ကယ်ဆယ်ရေးအဖွဲ့က လူငယ်ဘောလုံးသမား ၁၂ ယောက်နဲ့ သူတို့နည်းပြကို တွေ့ပြီးတဲ့နောက်မှာ ဒီလိုဏ်ဂူဟာ ပြည်တွင်းရော ပြည်ပကပါ လာကြမယ့် ခရီးသည်များအတွက် စိတ်ဝင်စားစရာ နေရာတခုဖြစ်လာပါတယ်” ဟု မစ္စကာရန်နာက ပြောသည်။

ခရီးသွားများသည် နေရာတခုသို့ မလည်ပတ်မီ သတင်းအချက်အလက်များကို သိချင်ကြကြောင်း၊ မိမိတို့ဌာနအနေဖြင့် လိုဏ်ဂူသို့ သွားရာလမ်းကြောင်းနှင့် ချင်းရိုင်ရှိ အခြားလည်ပတ်ရန် နေရာများကို အသင့်ပြုလုပ်ထားကြောင်း သူမက ပြောကြားသည်။

မယ်ဆိုင်ခရိုင်၊ ခွန်နန်းနမ့်နွန် သစ်တောဥယျာဉ်ရှိ အေးချမ်းလှပသည့် လိုဏ်ဂူသည် နွေရာသီနှင့် အံဝင်ခွင်ကျဖြစ်သော်လည်း မိုးရာသီတွင် လိုဏ်ဂူအတွင်း မဝင်ရောက်မီ အာဏာပိုင်များ၏ ခွင့်ပြုချက် လိုအပ်သည်။

မယ်ဆိုင်ခရိုင်၊ ခွန်နန်းနမ့်နွန် သစ်တောဥယျာဉ်ရှိ အေးချမ်းလှပသည့် လိုဏ်ဂူသည် နွေရာသီနှင့် အံဝင်ခွင်ကျဖြစ်သော်လည်း မိုးရာသီတွင် လိုဏ်ဂူအတွင်း မဝင်ရောက်မီ အာဏာပိုင်များ၏ ခွင့်ပြုချက် လိုအပ်သည်။

ရှေးဦးမဆွကပင် ထိုင်းခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့အနေဖြင့် လိုဏ်ဂူအဆင့်မြင့်တင်ခြင်းအပြင် အနီးအနားရှိ ပိုးစာပင် စက္ကူများ ထုတ်လုပ်သော ကျေးရွာတရွာနှင့် လက်ဖက်ထုတ်လုပ်သော ရပ်ရွာအသိုင်းအဝိုင်းတို့ကိုပါ ခရီးသွားလုပ်ငန်းအတွက် မြှင့်တင်ရေး စိတ်ဝင်စားခဲ့သည်။

ယင်းအသိုင်းအဝိုင်းအားလုံးသည် ချင်းရိုင်မြို့နှင့် မယ်ဆိုင်နယ်စပ်မြို့သွားရာ လမ်းမဘေးတွင် တည်ရှိကြသည်။

ခရီးသွားလုပ်ငန်း စီမံခန့်ခွဲမှုနှင့် လုံခြုံစိတ်ချရမှု အဆင့်တိုးတက်စေရေး၊ ဝန်ဆောင်မှုမြှင့်တင်ရေးတို့နှင့်ပတ်သက်၍ ပြင်ဆင်ထားရှိရန် ဒေသဆိုင်ရာ အာဏာပိုင်များထံ TAT အနေဖြင့် စေခိုင်းသွားမည်ဖြစ်ကြောင်း သူမက ပြောသည်။

ချင်းရိုင်ခရိုင်ကို စွန့်စားမှုခရီးသွားနေရာအဖြစ် အဆင့်မြင့်တင်ရာတွင် ခရီးသွားနှင့် အားကစားဝန်ကြီး ဝီးရာဆတ်ကော်စူရတ်နှင့် ချင်းရိုင်အုပ်ချုပ်ရေးမှူး နာရွန်ဆတ်အိုဆော့သနာကွန်တို့ကလည်း ပါဝင်ဆောင်ရွက်လိုသည်။

ယခုကယ်ဆယ်ရေးဆောင်ရွက်ရန် ချင်းရိုင်သို့ လာရောက်ကြသူများအတွက် သွားလာတည်းခိုရေးစီစဉ်ပေးရန် အဆိုပါပုဂ္ဂိုလ်နှစ်ဦးတို့က ဟိုတယ်နှင့်ခရီးသွားလာရေးကုမ္ပဏီများနှင့် ညှိနှိုင်းအကောင်အထည်ပေးခဲ့ရသည်။

ချင်းရိုင်မြို့ TAT ဌာနခွဲ၏အဆိုအရ ယင်းဒေသသို့ ယမန်နှစ်က ခရီးသွားလာရောက်မှုဦးရေ ၂ ဒသမ၇ သန်းရှိခဲ့ပြီး ခရီးသွားလုပ်ငန်းဝင်ငွေ ဘတ် ၃၀ ဘီလီယံရရှိကြောင်း သိရသည်။

စွန့်စားမှုနှင့် နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်းနှင့်အတူ ခရီးသွားလုပ်ငန်းကို ယခုထက် ထပ်မံမြင့်တင်ပါက ခရီးသွားလာရောက်မှု ပိုမိုတိုးတက်လာနိုင်မည်ဟု မျှော်မှန်းထားကြောင်း သတင်းက ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading